ဂရင္းဝုဒ္လက္သစ္ျဖစ္မလာေစဖို႔ တန္ဟတ္ကိုယ္တိုင္သတိေပးထားခဲ့ရတဲ့ လူငယ္ၾကယ္ပြင့္ ဂါနာခ်ိဳ

မန္ယူႏိုက္တက္ရဲ႕ ဒီရာသီ အကယ္ဒမီထုတ္ကုန္ေတြထဲမွာ ဘယ္ေတာင္ပံ တိုက္စစ္ကစားသမားေလး ဂနာခ်ိဳရဲ႕ ေျခစြမ္းေတြ႕ စြဲမက္စရာ ေကာင္းလြန္းေနတာပဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဗီလာနဲ႔ ပြဲစဥ္မွာဆိုရင္လည္း အထင္ႀကီးေလာက္စရာ ေျခစြမ္းေတြကို ျပသႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့ မန္ယူႏိုက္တက္ရဲ႕ နည္းျပျဖစ္သူ တန္ဟတ္ကေတာ့ ဂနာခ်ိဳရဲ႕ ကြင္းျပင္ပ စိတ္ဓာတ္ပိုင္းဆိုင္ရာ အမူအက်င့္အခ်ိဳ႕နဲ႔ ပတ္သက္ၿပီးေတာ့ သေဘာမက်စရာေတြ ရွိေနပုံရၿပီး သတိေပးေျပာဆိုမႈေတြလည္း ျပဳလုပ္သြားခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ အသင္းမွာ ပြဲထြက္ခြင့္ ပိုမိုရရွိေရးဟာလည္း သူ႔ရဲ႕ စိတ္ဓာတ္ပိုင္းအေပၚမွာ မူတည္လ်က္ ရွိေနတယ္ဆိုၿပီးေတာ့ တန္ဟတ္ေက ျပာၾကားသြားခဲ့တာပဲ ျဖစ္ပါတယ္။

အသက္(၁၈)ႏွစ္သာ ရွိေသးတဲ့ ဂနာခ်ိဳဟာ ဗီလာကို (၄-၂)ဆိုတဲ့ ရလဒ္နဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ အသင္းအတြက္ အႏိုင္ဂိုးေတြ ျဖစ္ခဲ့တဲ့ ဖာနန္ဒက္စ္ရဲ႕ သြင္းဂိုးနဲ႔ တိုမီေနးရဲ႕ သြင္းဂိုးေတြကို ဖန္တီးေပးသြားႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ အသက္ (၁၈)ႏွစ္ အ႐ြယ္ ကစားသမားတစ္ေယာက္အတြက္ ပြဲစဥ္တစ္ခုအတြင္း ဂိုးဖန္တီးမႈ (၂)ႀကိမ္ျပဳလုပ္ႏိုင္ခဲ့တဲ့ဟာ မန္ယူႏိုက္တက္ အသင္းသမိုင္းမွာ ပထမဆုံးအႀကိမ္အျဖစ္လည္း မွတ္တမ္း ဝင္သြားခဲ့တာ ျဖစ္ပါတယ္။ ရွရစ္နဲ႔ ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ ပြဲစဥ္မွာ ဂနာခ်ိဳဟာ မန္ယူႏိုက္တက္ စီနီယာ ကစားသမားဘ၀ ပထမဆုံးအႀကိမ္အျဖစ္ ပြဲခ်ိန္ျပည့္ ပါဝင္ကစားခြင့္ရရွိခဲ့တာ ျဖစ္ၿပီး လြန္ခဲ့တဲ့ (၈)ရက္က ကစားခဲ့တဲ့ ရီးရဲလ္ဆိုစီဒက္စ္နဲ႔ ပြဲစဥ္မွာေတာ့ အသင္းအတြက္ ပထမဆုံး သြင္းဂိုးကို သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။

တန္ဟတ္အေနနဲ႔ ဂနာခ်ိဳရဲ႕ ေျခစြမ္းအေပၚ ခ်ီးက်ဴးမႈေတြ ျပဳလုပ္သြားခဲ့ေပမဲ့လည္း စိတ္ဓာတ္ပိုင္းနဲ႔ ပတ္သက္ၿပီးေတာ့ စည္းကမ္းပိုင္း သိပ္မေကာင္းတဲ့ ဂနာခ်ိဳကို သတိေပး ေျပာဆိုမႈေတြ ျပဳလုပ္သြားခဲ့ရတာပဲ ျဖစ္ပါတယ္။ ဂနာခ်ိဳ အေနနဲ႔ ေျခစြမ္းပိုင္းေကာင္းမြန္ေနေပမဲ့ ပေရာ္ဖက္ရွင္နယ္ ကစားသမားတစ္ေယာက္မွာ ရွိသင့္ရွိထိုက္တဲ့ စိတ္ဓာတ္စည္းကမ္းမ်ိဳး ရွိမေနဘူးဆိုတာကို ဝန္ခံေျပာၾကားသြားခဲ့တာလည္းပဲ ျဖစ္ပါတယ္။ ရာသီႀကိဳ ေျခစမ္းပြဲေတြမွာတုန္းကလည္းပဲ ဂနာခ်ိဳဟာ အသင္းရဲ႕ ေလ့က်င့္ခန္း အစီအစဥ္ေတြကို (၂)ႀကိမ္တိုင္တိုင္ ေနာက္က်ခဲ့တာ ျဖစ္ၿပီး အခုလိုေနာက္က်မႈေတြေၾကာင့္ ရာသီအစပြဲစဥ္ေတြမွာ ဂနာခ်ိဳကို အသင္းလူစာရင္းမွာေတာင္ ထည့္သြင္းခဲ့ျခင္းမရွိခဲ့တာလို႔ သတင္းေတြက ဆိုခဲ့ပါတယ္။

” သူဝင္လာၿပီးေတာ့ စြမ္းေဆာင္ရည္ေကာင္းေတြ ျပသသြားတာ ေကာင္းပါတယ္၊ ပြဲထဲမွာ အထင္ႀကီးစရာေတြ လုပ္ျပခဲ့ပါတယ္၊ ဂိုးဖန္တီးေပးတယ္၊ dribbling ေတြ ေကာင္းတယ္၊ ဒါေပမဲ့ သူ႔မွာ သင္ယူစရာေတြကေတာ့ အမ်ားႀကီး ရွိေနပါေသးတယ္၊ သူ႔ရဲ႕ တိုးတက္လာမႈအတြက္ ကြၽန္ေတာ္တို႔ တကယ္ပဲေပ်ာ္႐ႊင္ရပါတယ္၊ သူက အသင္းကိုလည္း ကူညီႏိုင္ပါတယ္၊ ပြဲထြက္ခြင့္အတြက္ေတာ့ သူ႔ရဲ႕ ခ်ည္းကပ္မႈနဲ႔ စိတ္ဓာတ္ပိုင္းအေပၚမွာပဲ အားလုံးက မူတည္ေနပါတယ္၊ သူအလုပ္ႀကိဳးစားေနတဲ့အခါမွာ ပြဲထြက္ခြင့္ေတြ ပိုရဖို႔က ျဖစ္ႏိုင္ပါတယ္၊ သူက ေန႔တိုင္းတိုးတက္ခ်င္ေနတဲ့ ကစားသမားပါ၊ သူ႔ရဲ႕ ဘဝမွာ မွန္ကန္တဲ့ အရာေတြကို လုပ္ဖို႔လိုပါတယ္၊ သူ႔မွာ အရည္အခ်င္းေကာင္းေတြ ရွိထားပါတယ္ ” လို႔ တန္ဟတ္က ေျပာၾကား သြားခဲ့ပါတယ္။

ဂါနာခ်ိဳအေနနဲ႔ လူငယ္အသင္းမွာကတည္းက GYM အစီစဥ္ေတြကိုသူ႔အေနနဲ႔ လုပ္ရမွာပ်င္းသလို၊ အၿမဲလိုလိုေနာက္က်တဲ့အထဲပါတယ္လို႔ သူငယ္ခ်င္းေတြက စေနာက္ထားၾကပါတယ္။ သူကိုယ္တိုင္ကလဲ အသက္အ႐ြယ္အပိုင္းျခားနဲ႔ စိတ္ခံစားခ်က္အရ မလိုဘူးလို႔ ထင္ေနခဲ့တာလဲ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ ဒီရာသီပြဲထြက္ခြင့္ေတြအေပၚ အခြင့္ေရးကိုအျပည့္ဝအသုံးခ်ထားႏိုင္တဲ့အတြက္ နည္းျပအဖြဲ႕ဝင္ေတြက ယခုထက္ပိုတိုးတက္ေအာင္ ဂါနာခ်ိဳရဲ႕ ႐ုပ္ပိုင္းဆိုင္ရာနဲ႔ပတ္သက္ၿပီး အႀကံေပးခဲ့တယ္လို႔သိရပါတယ္။ ဒါေၾကာင္း႐ုပ္ပိုင္းဆိုင္ရာႀကံ့ခိုင္မူအတြက္ ေလ့က်င့္ေရးနည္းျပေတြကို ပုံမွန္ေလ့က်င့္ခ်ိန္အျပင္ အစီစဥ္တခု ေပးဖို႔ ဂါနာခ်ိဳကိုယ္တိုင္ကလဲေတာင္းဆိုခဲ့တယ္လို႔သိရပါတယ္။
crd

unicode

ဂရင်းဝုဒ်လက်သစ်ဖြစ်မလာစေဖို့ တန်ဟတ်ကိုယ်တိုင်သတိပေးထားခဲ့ရတဲ့ လူငယ်ကြယ်ပွင့် ဂါနာချို

မန်ယူနိုက်တက်ရဲ့ ဒီရာသီ အကယ်ဒမီထုတ်ကုန်တွေထဲမှာ ဘယ်တောင်ပံ တိုက်စစ်ကစားသမားလေး ဂနာချိုရဲ့ ခြေစွမ်းတွေ့ စွဲမက်စရာ ကောင်းလွန်းနေတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗီလာနဲ့ ပွဲစဉ်မှာဆိုရင်လည်း အထင်ကြီးလောက်စရာ ခြေစွမ်းတွေကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မန်ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ တန်ဟတ်ကတော့ ဂနာချိုရဲ့ ကွင်းပြင်ပ စိတ်ဓာတ်ပိုင်းဆိုင်ရာ အမူအကျင့်အချို့နဲ့ ပတ်သက်ပြီးတော့ သဘောမကျစရာတွေ ရှိနေပုံရပြီး သတိပေးပြောဆိုမှုတွေလည်း ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းမှာ ပွဲထွက်ခွင့် ပိုမိုရရှိရေးဟာလည်း သူ့ရဲ့ စိတ်ဓာတ်ပိုင်းအပေါ်မှာ မူတည်လျက် ရှိနေတယ်ဆိုပြီးတော့ တန်ဟတ်ကေ ပြာကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

အသက်(၁၈)နှစ်သာ ရှိသေးတဲ့ ဂနာချိုဟာ ဗီလာကို (၄-၂)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုးတွေ ဖြစ်ခဲ့တဲ့ ဖာနန်ဒက်စ်ရဲ့ သွင်းဂိုးနဲ့ တိုမီနေးရဲ့ သွင်းဂိုးတွေကို ဖန်တီးပေးသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အသက် (၁၈)နှစ် အရွယ် ကစားသမားတစ်ယောက်အတွက် ပွဲစဉ်တစ်ခုအတွင်း ဂိုးဖန်တီးမှု (၂)ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့ဟာ မန်ယူနိုက်တက် အသင်းသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ်လည်း မှတ်တမ်း ဝင်သွားခဲ့တာ ဖြစ်ပါတယ်။ ရှရစ်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ ဂနာချိုဟာ မန်ယူနိုက်တက် စီနီယာ ကစားသမားဘ၀ ပထမဆုံးအကြိမ်အဖြစ် ပွဲချိန်ပြည့် ပါဝင်ကစားခွင့်ရရှိခဲ့တာ ဖြစ်ပြီး လွန်ခဲ့တဲ့ (၈)ရက်က ကစားခဲ့တဲ့ ရီးရဲလ်ဆိုစီဒက်စ်နဲ့ ပွဲစဉ်မှာတော့ အသင်းအတွက် ပထမဆုံး သွင်းဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

တန်ဟတ်အနေနဲ့ ဂနာချိုရဲ့ ခြေစွမ်းအပေါ် ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပေမဲ့လည်း စိတ်ဓာတ်ပိုင်းနဲ့ ပတ်သက်ပြီးတော့ စည်းကမ်းပိုင်း သိပ်မကောင်းတဲ့ ဂနာချိုကို သတိပေး ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ရတာပဲ ဖြစ်ပါတယ်။ ဂနာချို အနေနဲ့ ခြေစွမ်းပိုင်းကောင်းမွန်နေပေမဲ့ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ စိတ်ဓာတ်စည်းကမ်းမျိုး ရှိမနေဘူးဆိုတာကို ဝန်ခံပြောကြားသွားခဲ့တာလည်းပဲ ဖြစ်ပါတယ်။ ရာသီကြို ခြေစမ်းပွဲတွေမှာတုန်းကလည်းပဲ ဂနာချိုဟာ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို (၂)ကြိမ်တိုင်တိုင် နောက်ကျခဲ့တာ ဖြစ်ပြီး အခုလိုနောက်ကျမှုတွေကြောင့် ရာသီအစပွဲစဉ်တွေမှာ ဂနာချိုကို အသင်းလူစာရင်းမှာတောင် ထည့်သွင်းခဲ့ခြင်းမရှိခဲ့တာလို့ သတင်းတွေက ဆိုခဲ့ပါတယ်။

” သူဝင်လာပြီးတော့ စွမ်းဆောင်ရည်ကောင်းတွေ ပြသသွားတာ ကောင်းပါတယ်၊ ပွဲထဲမှာ အထင်ကြီးစရာတွေ လုပ်ပြခဲ့ပါတယ်၊ ဂိုးဖန်တီးပေးတယ်၊ dribbling တွေ ကောင်းတယ်၊ ဒါပေမဲ့ သူ့မှာ သင်ယူစရာတွေကတော့ အများကြီး ရှိနေပါသေးတယ်၊ သူ့ရဲ့ တိုးတက်လာမှုအတွက် ကျွန်တော်တို့ တကယ်ပဲပျော်ရွှင်ရပါတယ်၊ သူက အသင်းကိုလည်း ကူညီနိုင်ပါတယ်၊ ပွဲထွက်ခွင့်အတွက်တော့ သူ့ရဲ့ ချည်းကပ်မှုနဲ့ စိတ်ဓာတ်ပိုင်းအပေါ်မှာပဲ အားလုံးက မူတည်နေပါတယ်၊ သူအလုပ်ကြိုးစားနေတဲ့အခါမှာ ပွဲထွက်ခွင့်တွေ ပိုရဖို့က ဖြစ်နိုင်ပါတယ်၊ သူက နေ့တိုင်းတိုးတက်ချင်နေတဲ့ ကစားသမားပါ၊ သူ့ရဲ့ ဘဝမှာ မှန်ကန်တဲ့ အရာတွေကို လုပ်ဖို့လိုပါတယ်၊ သူ့မှာ အရည်အချင်းကောင်းတွေ ရှိထားပါတယ် ” လို့ တန်ဟတ်က ပြောကြား သွားခဲ့ပါတယ်။

ဂါနာချိုအနေနဲ့ လူငယ်အသင်းမှာကတည်းက GYM အစီစဥ်တွေကိုသူ့အနေနဲ့ လုပ်ရမှာပျင်းသလို၊ အမြဲလိုလိုနောက်ကျတဲ့အထဲပါတယ်လို့ သူငယ်ချင်းတွေက စနောက်ထားကြပါတယ်။ သူကိုယ်တိုင်ကလဲ အသက်အရွယ်အပိုင်းခြားနဲ့ စိတ်ခံစားချက်အရ မလိုဘူးလို့ ထင်နေခဲ့တာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီရာသီပွဲထွက်ခွင့်တွေအပေါ် အခွင့်ရေးကိုအပြည့်ဝအသုံးချထားနိုင်တဲ့အတွက် နည်းပြအဖွဲ့ဝင်တွေက ယခုထက်ပိုတိုးတက်အောင် ဂါနာချိုရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အကြံပေးခဲ့တယ်လို့သိရပါတယ်။ ဒါကြောင်းရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မူအတွက် လေ့ကျင့်ရေးနည်းပြတွေကို ပုံမှန်လေ့ကျင့်ချိန်အပြင် အစီစဥ်တခု ပေးဖို့ ဂါနာချိုကိုယ်တိုင်ကလဲတောင်းဆိုခဲ့တယ်လို့သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *