ခ႐ိုေအးရွားရဲ႕ကမာၻ႔ဖလားသူရဲေကာင္း ဂ်ိဳ႕စ္ကိုဂဗာဒီေယာ့ ကိုေခၚယူေရး မန္စီးတီး၊ခ်ဲလ္ဆီးတို႔ႏွင့္အၿပိဳင္ႀကိဳးပမ္းေနတဲ့ မန္ယူအသင္း

ခ႐ိုေအးရွားရဲ႕ကမာၻ႔ဖလားသူရဲေကာင္း ဂ်ိဳ႕စ္ကိုဂဗာဒီေယာ့ ကိုေခၚယူေရး မန္စီးတီး၊ခ်ဲလ္ဆီးတို႔ႏွင့္အၿပိဳင္ႀကိဳးပမ္းေနတဲ့ မန္ယူအသင္း
လိုက္ဇစ္မွ ခ႐ိုေအးရွားရဲ႕ကမာၻ႔ဖလားသူရဲေကာင္း ဂ်ိဳ႕စ္ကိုဂဗာဒီေယာ့ကို ေပါင္၇၇သန္းဝန္းက်င္ျဖင့္ ကမ္းလွမ္းမႈျပဳလုပ္ထားၿပီျဖစ္တဲ့ မန္ယူအသင္း

မန္ခ်က္စတာယူႏိုက္တက္ဟာလိုက္ဇစ္မွခ႐ိုေအးရွားရဲ႕ကမာၻ႔ဖလားသူရဲေကာင္းဂ်ိဳ႕စ္ကိုဂဗာဒီေယာ့ကိုေခၚယူေရးအၿပိဳင္ႀကိဳးပမ္းလာပါတယ္။

ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္အသင္းကိုအားျဖည့္လိုေနၿပီးသူ႔ရဲ႕အဝယ္စာရင္းထဲတြင္ေနာက္ခံလူတစ္ဦးလည္းပါဝင္ေနပါတယ္။

Foot Mercato ရဲ႕ေဖာ္ျပလာမႈအရဂဗာဒီေယာ့မွာယူႏိုက္တက္ရဲ႕အဝယ္စာရင္းထဲတြင္ထိပ္ဆုံးမွပါဝင္ေနပါတယ္။
ယူႏိုက္တက္ဟာခ႐ိုေအးရွားလက္ေ႐ြးစင္အတြက္ေပါင္၇၇သန္းဝန္းက်င္ျဖင့္ကမ္းလွမ္းမႈျပဳလုပ္ထားၿပီးျဖစ္ေပမဲ့လည္း ပရီးမီးယားလိဂ္ၿပိဳင္ဘက္မ်ားျဖစ္ၾကတဲ့မန္စီးတီး၊ခ်ဲလ္ဆီးတို႔ႏွင့္အၿပိဳင္ႀကိဳးပမ္းရပါမယ္။

ခ်ဲလ္ဆီးဟာလည္းဂဗာဒီေယာ့ကိုေပါင္၇၇သန္းျဖင့္ကမ္းလွမ္းထားတယ္လို႔ယုံၾကည္ရပါတယ္။ဒါေပမဲ့မန္စီးတီးကေတာ့အပိုဆုေၾကးအပါအဝင္ေပါင္၈၆သန္းျဖင့္အျမင့္ဆုံးကမ္းလွမ္းထားပါတယ္။

ဂဗာဒီေယာ့ဟာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ခ႐ိုေအးရွားကိုဆီမီးဖိုင္နယ္သို႔တက္ေရာက္ႏိုင္ေအာင္အဓိကေနရာမွစြမ္းေဆာင္ႏိုင္ၿပီးေနာက္ဥေရာပထိပ္သီးမ်ားရဲ႕ေစာင့္ၾကည့္ျခင္းခံေနရသူလည္းျဖစ္ပါတယ္။
သူ႔ကိုေခၚယူေရးစိတ္ဝင္စားေနတဲ့ကလပ္မ်ားတြင္ရီးရဲလ္မက္ဒရစ္ႏွင့္ဘာစီလိုနာတို႔လည္းပါဝင္သလိုဘိုင္ယန္ျမဴးနစ္မွာလည္းကစားသမားရဲ႕ေအးဂ်င့္ႏွင့္ေဆြးေႏြးထားၿပီးျဖစ္ပါတယ္။
ဒါေပမဲ့ဂဗာဒီေယာ့ကိုယ္တိုင္ကေတာ့ပရီးမီးယားလိဂ္သို႔သာေျပာင္းကစားလိုေနပါတယ္။

အသက္၂၀ႏွစ္ရွိေနာက္ခံလူဟာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ေျခစြမ္းျပေနသူျဖစ္ၿပီးအထူးသျဖင့္ဘရာဇီးႏွင့္ကြာတားဖိုင္နယ္မွပြဲစဥ္ေၾကာင့္ခ်ီးက်ဴးျခင္းခံေနရပါတယ္။

ယူႏိုက္တက္ဂႏၴဝင္ရီယိုဖာဒီနန္ကဂဗာဒီေယာ့ရဲ႕ေျခစြမ္းကို “ဒီၿပိဳင္ပြဲမွာေစာင့္ၾကည့္ရမဲ့ကြၽန္ေတာ္အႀကိဳက္ဆုံးေနာက္ခံလူေတြထဲကတစ္ဦးပါ။ေနရာယူတာေကာင္းတယ္။တိုက္ပြဲေတြမွာေပ်ာ္တယ္။ႀကံ့ခိုင္မႈအရမ္းေကာင္းတယ္။ေမွာ္ဆန္တဲ့ဘယ္ေျခရွိတယ္။ျမန္ႏႈန္းလည္းေကာင္းတယ္။သူ႔မွာေမာ္ဒန္ေနာက္ခံလူတစ္ဦးမွာရွိရမဲ့အရည္အခ်င္းအားလုံးရွိတယ္”လို႔ေျပာၾကားသြားပါတယ္။
crd

Unicode
ခရိုအေးရှားရဲ့ကမ္ဘာ့ဖလားသူရဲကောင်း ဂျို့စ်ကိုဂဗာဒီယော့ ကိုခေါ်ယူရေး မန်စီးတီး၊ချဲလ်ဆီးတို့နှင့်အပြိုင်ကြိုးပမ်းနေတဲ့ မန်ယူအသင်း

လိုက်ဇစ်မှ ခရိုအေးရှားရဲ့ကမ္ဘာ့ဖလားသူရဲကောင်း ဂျို့စ်ကိုဂဗာဒီယော့ကို ပေါင်၇၇သန်းဝန်းကျင်ဖြင့် ကမ်းလှမ်းမှုပြုလုပ်ထားပြီဖြစ်တဲ့ မန်ယူအသင်း

မန်ချက်စတာယူနိုက်တက်ဟာလိုက်ဇစ်မှခရိုအေးရှားရဲ့ကမ္ဘာ့ဖလားသူရဲကောင်းဂျို့စ်ကိုဂဗာဒီယော့ကိုခေါ်ယူရေးအပြိုင်ကြိုးပမ်းလာပါတယ်။

ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်အသင်းကိုအားဖြည့်လိုနေပြီးသူ့ရဲ့အဝယ်စာရင်းထဲတွင်နောက်ခံလူတစ်ဦးလည်းပါဝင်နေပါတယ်။

Foot Mercato ရဲ့ဖော်ပြလာမှုအရဂဗာဒီယော့မှာယူနိုက်တက်ရဲ့အဝယ်စာရင်းထဲတွင်ထိပ်ဆုံးမှပါဝင်နေပါတယ်။
ယူနိုက်တက်ဟာခရိုအေးရှားလက်ရွေးစင်အတွက်ပေါင်၇၇သန်းဝန်းကျင်ဖြင့်ကမ်းလှမ်းမှုပြုလုပ်ထားပြီးဖြစ်ပေမဲ့လည်း ပရီးမီးယားလိဂ်ပြိုင်ဘက်များဖြစ်ကြတဲ့မန်စီးတီး၊ချဲလ်ဆီးတို့နှင့်အပြိုင်ကြိုးပမ်းရပါမယ်။

ချဲလ်ဆီးဟာလည်းဂဗာဒီယော့ကိုပေါင်၇၇သန်းဖြင့်ကမ်းလှမ်းထားတယ်လို့ယုံကြည်ရပါတယ်။ဒါပေမဲ့မန်စီးတီးကတော့အပိုဆုကြေးအပါအဝင်ပေါင်၈၆သန်းဖြင့်အမြင့်ဆုံးကမ်းလှမ်းထားပါတယ်။

ဂဗာဒီယော့ဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ခရိုအေးရှားကိုဆီမီးဖိုင်နယ်သို့တက်ရောက်နိုင်အောင်အဓိကနေရာမှစွမ်းဆောင်နိုင်ပြီးနောက်ဥရောပထိပ်သီးများရဲ့စောင့်ကြည့်ခြင်းခံနေရသူလည်းဖြစ်ပါတယ်။

သူ့ကိုခေါ်ယူရေးစိတ်ဝင်စားနေတဲ့ကလပ်များတွင်ရီးရဲလ်မက်ဒရစ်နှင့်ဘာစီလိုနာတို့လည်းပါဝင်သလိုဘိုင်ယန်မြူးနစ်မှာလည်းကစားသမားရဲ့အေးဂျင့်နှင့်ဆွေးနွေးထားပြီးဖြစ်ပါတယ်။
ဒါပေမဲ့ဂဗာဒီယော့ကိုယ်တိုင်ကတော့ပရီးမီးယားလိဂ်သို့သာပြောင်းကစားလိုနေပါတယ်။

အသက်၂၀နှစ်ရှိနောက်ခံလူဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ခြေစွမ်းပြနေသူဖြစ်ပြီးအထူးသဖြင့်ဘရာဇီးနှင့်ကွာတားဖိုင်နယ်မှပွဲစဉ်ကြောင့်ချီးကျူးခြင်းခံနေရပါတယ်။

ယူနိုက်တက်ဂန္ထဝင်ရီယိုဖာဒီနန်ကဂဗာဒီယော့ရဲ့ခြေစွမ်းကို “ဒီပြိုင်ပွဲမှာစောင့်ကြည့်ရမဲ့ကျွန်တော်အကြိုက်ဆုံးနောက်ခံလူတွေထဲကတစ်ဦးပါ။နေရာယူတာကောင်းတယ်။တိုက်ပွဲတွေမှာပျော်တယ်။ကြံ့ခိုင်မှုအရမ်းကောင်းတယ်။မှော်ဆန်တဲ့ဘယ်ခြေရှိတယ်။မြန်နှုန်းလည်းကောင်းတယ်။သူ့မှာမော်ဒန်နောက်ခံလူတစ်ဦးမှာရှိရမဲ့အရည်အချင်းအားလုံးရှိတယ်”လို့ပြောကြားသွားပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *