ခ်ဲလ္ဆီးႏွင့္ပြဲကအျပဳမူေၾကာင့္ပရိသတ္ခ်စ္ခင္မႈရရွိေနတဲ့ သရဲနီအန္တိုနီ
|ခ်ဲလ္ဆီးႏွင့္ပြဲကအျပဳမူေၾကာင့္ပရိသတ္ခ်စ္ခင္မႈရရွိေနတဲ့ သရဲနီအန္တိုနီ
ခ်ဲလ္ဆီးနဲ႔ ယူႏိုက္တက္တို႔ရဲ႕ ပရီးမီးယားလိဂ္ပြဲႀကီးပြဲေကာင္းကေတာ့ တဖက္တဂိုးစီ သေရနဲ႔ ၿပီးဆုံးခဲ့ပါတယ္။ ဒီပြဲမွာ ယူႏိုက္တက္တို႔ ေနာက္က်ေခ်ပဂိုးရခ်ိန္မွာ အန္တိုနီက ေဂ်ာ္ဂ်င္ဟိုနားကိုကပ္ကာ အႀကီးအက်ယ္ ေအာ္ဟစ္ ေအာင္ပြဲခံခဲ့တာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ ယူႏိုက္တက္ဟာ ပြဲကစားခ်ိန္ (၈၅) မိနစ္မွာ တြမ္မီေနး ဘ႐ိုဂ်ာကို ဆြဲလွဲခဲ့တာေၾကာင့္ ပင္နယ္တီေပးခဲ့ရၿပီး ဒီပင္နယ္တီကို ခ်ဲလ္ဆီး ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုက အမွားအယြင္းမရွိ ကန္သြင္းခဲ့ပါတယ္။ ဒီဂိုးေၾကာင့္ပဲ ယူႏိုက္တက္တို႔ ရႈံးပြဲႀကဳံေတြ႕ရေတာ့မယ္လို႔ အားလုံးက ထင္မွတ္ခဲ့ၾကပါတယ္။
ဒါေပမယ့္ နာက်င္အခ်ိန္ပိုမွာေတာ့ ယူႏိုက္တက္တို႔ ေခ်ပဂိုးရခဲ့ပါတယ္။ လုခ္ေရွာ ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို ကက္စ္မဲ႐ိုးက အေဝးေထာင့္ထဲ ေခါင္းတိုက္သြင္းယူခဲ့ရာမွာ ေဘာလုံးက တိုင္ထိ၊ ဂိုးစည္းေက်ာ္ကာ ယူႏိုက္တက္တို႔ ေခ်ပဂိုးရရွိခဲ့ပါတယ္။ ကီပါအေနနဲ႔ ဂိုးမဝင္ေအာင္ အသည္းအသန္ လိုက္ဆြဲခဲ့ေပမယ့္ ေဘာလုံးက ဂိုးစည္းေက်ာ္သြားေၾကာင္း ဒိုင္လူႀကီးထံ အခ်က္ျပခဲ့တဲ့ေနာက္ ယူႏိုက္တက္ ကစားသမားေတြ အႀကီးအက်ယ္ ေအာင္ပြဲခံခဲ့ၾကပါတယ္။
အဲ့ဒီအေနအထားမွာ အန္တိုနီကလည္း ဂိုးေပးဖို႔ ကြင္းလယ္ဒိုင္ဆီ ေျပးလႊားေစာဒကတက္ရင္း ဂိုးရၿပီဆိုတာ သိလိုက္ရတာနဲ႔ အနားမွာရွိတဲ့ ေဂ်ာ္ဂ်င္ဟိုကို ေနာက္ကေန ကပ္ေအာ္ၿပီး ေျပးလႊားေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။ အန္တိုနီရဲ႕လုပ္ရပ္ကို ေဂ်ာ္ဂ်င္ဟိုက တစုံတရာ တုံ႔ျပန္ခဲ့ျခင္းေတာ့မရွိပါဘူး။ အခ်ိဳ႕ကေတာ့ အန္တိုနီရဲ႕ လုပ္ရပ္ကို ေဝဖန္ေနၾကေပမယ့္ ပရိသတ္အမ်ားစုကေတာ့ ဒီေကာင္ေလးရဲ႕ လုပ္ရပ္ကို သေဘာက်ေနၾကပါတယ္။ ဒီပြဲရဲ႕ ဒုတိယပိုင္း ပြဲကစားခ်ိန္မွာလည္း အန္တိုနီက သူ႔ရဲ႕ Trademark လို႔ ေျပာရမယ့္ ကစားပုံျဖစ္တဲ့ ေဘာလုံးနဲ႔အတူ (၃၆၀) ဒီဂရီလွည့္ၿပီးေတာ့လည္း အကြက္ျပခဲ့ၿပီး ခ်ဲလ္ဆီးနဲ႔ပြဲအတြက္ ေျပာစရာေတြကို ဖန္တီးသြားခဲ့ပါတယ္။
ယူႏိုက္တက္ ပရိသတ္ေတြကေတာ့ အန္တိုနီ ၊ မာတီနက္ဇ္ ၊ ကတ္စ္မဲ႐ိုး သုံးဦးစလုံးဟာ စိတ္ဓာတ္ပိုင္းဆိုင္ရာမွာ အသင္းရဲ႕ စံခ်ိန္ စံၫႊန္းနဲ႔ ကိုက္ညီတယ္လို႔ ခ်ီးက်ဴးေနၾကၿပီး အဆိုပါ ကစားသမား သုံးဦးစလုံး ကိုလသရဲနီ စိတ္ဓာတ္အျပည့္ဝဆုံးေသာ ကစားသမားေတြအျဖစ္ ခ်ီးက်ဴးေနၾကတာပဲျဖစ္ပါတယ္။
crd
unicode
ချဲလ်ဆီးနှင့်ပွဲကအပြုမူကြောင့်ပရိသတ်ချစ်ခင်မှုရရှိနေတဲ့ သရဲနီအန်တိုနီ
ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းကတော့ တဖက်တဂိုးစီ သရေနဲ့ ပြီးဆုံးခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ နောက်ကျချေပဂိုးရချိန်မှာ အန်တိုနီက ဂျော်ဂျင်ဟိုနားကိုကပ်ကာ အကြီးအကျယ် အော်ဟစ် အောင်ပွဲခံခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ယူနိုက်တက်ဟာ ပွဲကစားချိန် (၈၅) မိနစ်မှာ တွမ်မီနေး ဘရိုဂျာကို ဆွဲလှဲခဲ့တာကြောင့် ပင်နယ်တီပေးခဲ့ရပြီး ဒီပင်နယ်တီကို ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုက အမှားအယွင်းမရှိ ကန်သွင်းခဲ့ပါတယ်။ ဒီဂိုးကြောင့်ပဲ ယူနိုက်တက်တို့ ရှုံးပွဲကြုံတွေ့ရတော့မယ်လို့ အားလုံးက ထင်မှတ်ခဲ့ကြပါတယ်။
ဒါပေမယ့် နာကျင်အချိန်ပိုမှာတော့ ယူနိုက်တက်တို့ ချေပဂိုးရခဲ့ပါတယ်။ လုခ်ရှော ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ကက်စ်မဲရိုးက အဝေးထောင့်ထဲ ခေါင်းတိုက်သွင်းယူခဲ့ရာမှာ ဘောလုံးက တိုင်ထိ၊ ဂိုးစည်းကျော်ကာ ယူနိုက်တက်တို့ ချေပဂိုးရရှိခဲ့ပါတယ်။ ကီပါအနေနဲ့ ဂိုးမဝင်အောင် အသည်းအသန် လိုက်ဆွဲခဲ့ပေမယ့် ဘောလုံးက ဂိုးစည်းကျော်သွားကြောင်း ဒိုင်လူကြီးထံ အချက်ပြခဲ့တဲ့နောက် ယူနိုက်တက် ကစားသမားတွေ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။
အဲ့ဒီအနေအထားမှာ အန်တိုနီကလည်း ဂိုးပေးဖို့ ကွင်းလယ်ဒိုင်ဆီ ပြေးလွှားစောဒကတက်ရင်း ဂိုးရပြီဆိုတာ သိလိုက်ရတာနဲ့ အနားမှာရှိတဲ့ ဂျော်ဂျင်ဟိုကို နောက်ကနေ ကပ်အော်ပြီး ပြေးလွှားအောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ အန်တိုနီရဲ့လုပ်ရပ်ကို ဂျော်ဂျင်ဟိုက တစုံတရာ တုံ့ပြန်ခဲ့ခြင်းတော့မရှိပါဘူး။ အချို့ကတော့ အန်တိုနီရဲ့ လုပ်ရပ်ကို ဝေဖန်နေကြပေမယ့် ပရိသတ်အများစုကတော့ ဒီကောင်လေးရဲ့ လုပ်ရပ်ကို သဘောကျနေကြပါတယ်။ ဒီပွဲရဲ့ ဒုတိယပိုင်း ပွဲကစားချိန်မှာလည်း အန်တိုနီက သူ့ရဲ့ Trademark လို့ ပြောရမယ့် ကစားပုံဖြစ်တဲ့ ဘောလုံးနဲ့အတူ (၃၆၀) ဒီဂရီလှည့်ပြီးတော့လည်း အကွက်ပြခဲ့ပြီး ချဲလ်ဆီးနဲ့ပွဲအတွက် ပြောစရာတွေကို ဖန်တီးသွားခဲ့ပါတယ်။
ယူနိုက်တက် ပရိသတ်တွေကတော့ အန်တိုနီ ၊ မာတီနက်ဇ် ၊ ကတ်စ်မဲရိုး သုံးဦးစလုံးဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အသင်းရဲ့ စံချိန် စံညွှန်းနဲ့ ကိုက်ညီတယ်လို့ ချီးကျူးနေကြပြီး အဆိုပါ ကစားသမား သုံးဦးစလုံးကို သရဲနီ စိတ်ဓာတ်အပြည့်ဝဆုံးသော ကစားသမားတွေအဖြစ် ချီးကျူးနေကြတာပဲဖြစ်ပါတယ်။
crd
ချဲလ်ဆီးနှင့်ပွဲကအပြုမူကြောင့်ပရိသတ်ချစ်ခင်မှုရရှိနေတဲ့ သရဲနီအန်တိုနီ
ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းကတော့ တဖက်တဂိုးစီ သရေနဲ့ ပြီးဆုံးခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ နောက်ကျချေပဂိုးရချိန်မှာ အန်တိုနီက ဂျော်ဂျင်ဟိုနားကိုကပ်ကာ အကြီးအကျယ် အော်ဟစ် အောင်ပွဲခံခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ယူနိုက်တက်ဟာ ပွဲကစားချိန် (၈၅) မိနစ်မှာ တွမ်မီနေး ဘရိုဂျာကို ဆွဲလှဲခဲ့တာကြောင့် ပင်နယ်တီပေးခဲ့ရပြီး ဒီပင်နယ်တီကို ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုက အမှားအယွင်းမရှိ ကန်သွင်းခဲ့ပါတယ်။ ဒီဂိုးကြောင့်ပဲ ယူနိုက်တက်တို့ ရှုံးပွဲကြုံတွေ့ရတော့မယ်လို့ အားလုံးက ထင်မှတ်ခဲ့ကြပါတယ်။
ဒါပေမယ့် နာကျင်အချိန်ပိုမှာတော့ ယူနိုက်တက်တို့ ချေပဂိုးရခဲ့ပါတယ်။ လုခ်ရှော ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ကက်စ်မဲရိုးက အဝေးထောင့်ထဲ ခေါင်းတိုက်သွင်းယူခဲ့ရာမှာ ဘောလုံးက တိုင်ထိ၊ ဂိုးစည်းကျော်ကာ ယူနိုက်တက်တို့ ချေပဂိုးရရှိခဲ့ပါတယ်။ ကီပါအနေနဲ့ ဂိုးမဝင်အောင် အသည်းအသန် လိုက်ဆွဲခဲ့ပေမယ့် ဘောလုံးက ဂိုးစည်းကျော်သွားကြောင်း ဒိုင်လူကြီးထံ အချက်ပြခဲ့တဲ့နောက် ယူနိုက်တက် ကစားသမားတွေ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။
အဲ့ဒီအနေအထားမှာ အန်တိုနီကလည်း ဂိုးပေးဖို့ ကွင်းလယ်ဒိုင်ဆီ ပြေးလွှားစောဒကတက်ရင်း ဂိုးရပြီဆိုတာ သိလိုက်ရတာနဲ့ အနားမှာရှိတဲ့ ဂျော်ဂျင်ဟိုကို နောက်ကနေ ကပ်အော်ပြီး ပြေးလွှားအောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ အန်တိုနီရဲ့လုပ်ရပ်ကို ဂျော်ဂျင်ဟိုက တစုံတရာ တုံ့ပြန်ခဲ့ခြင်းတော့မရှိပါဘူး။ အချို့ကတော့ အန်တိုနီရဲ့ လုပ်ရပ်ကို ဝေဖန်နေကြပေမယ့် ပရိသတ်အများစုကတော့ ဒီကောင်လေးရဲ့ လုပ်ရပ်ကို သဘောကျနေကြပါတယ်။ ဒီပွဲရဲ့ ဒုတိယပိုင်း ပွဲကစားချိန်မှာလည်း အန်တိုနီက သူ့ရဲ့ Trademark လို့ ပြောရမယ့် ကစားပုံဖြစ်တဲ့ ဘောလုံးနဲ့အတူ (၃၆၀) ဒီဂရီလှည့်ပြီးတော့လည်း အကွက်ပြခဲ့ပြီး ချဲလ်ဆီးနဲ့ပွဲအတွက် ပြောစရာတွေကို ဖန်တီးသွားခဲ့ပါတယ်။
ယူနိုက်တက် ပရိသတ်တွေကတော့ အန်တိုနီ ၊ မာတီနက်ဇ် ၊ ကတ်စ်မဲရိုး သုံးဦးစလုံးဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အသင်းရဲ့ စံချိန် စံညွှန်းနဲ့ ကိုက်ညီတယ်လို့ ချီးကျူးနေကြပြီး အဆိုပါ ကစားသမား သုံးဦးစလုံး ကိုလသရဲနီ စိတ်ဓာတ်အပြည့်ဝဆုံးသော ကစားသမားတွေအဖြစ် ချီးကျူးနေကြတာပဲဖြစ်ပါတယ်။
crd