ခ်ဲလ္ဆီးအသင္းမွာနစ္ျမဳပ္ေနတဲ့ အဖိုးတန္ကစားသမား ၃ ဦးကို အဓိကထားေစာင့္ၾကည့္ေနတဲ့ မန္ယူႏိုက္တဒ္

မန္ယူႏိုက္တဒ္အသင္းဟာ ပိုင္ရွင္အေျပာင္းအလဲနဲ႔အတူ လူေတြစြတ္ဝယ္ၿပီး အဝတ္လဲခန္းထဲ စည္ကားေနတဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ ကစားသမားတခ်ိဳ႕ကို ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။ပိုင္ရွင္ေတာ့ဒ္ဘိုေလးရဲ႕ ေထာက္ပံ့မႈကေန ကစားသမားေတြ ေပါင္သန္း(၆၀၀)ေက်ာ္ဖိုး ဝယ္ယူထားေပမယ့္ ရမွတ္ဝယ္ဖို႔ေမ့ခဲ့တဲ့ ဘိုေလး တစ္ေယာက္ ရလာဒ္ေတြ မေကာင္းလာတာေၾကာင့္ လာမယ့္ေႏြမွာ ကစားသမားတခ်ိဳ႕ကို ရွင္းထုတ္ရန္ ႀကံစည္ေနၿပီး ပရီးမီးယားလိဂ္ထိပ္သီးကလပ္ေတြက စတန္းဖိုဒ့္ဘရခ်႕္ က ထြက္လာမယ့္ ႏြံနစ္ေနတဲ့ ပတၱျမားခဲတခ်ိဳ႕ ကို အမိအရ ေခၚယူႏိုင္ဖို႔ ေစာင့္ၾကည့္လ်က္ရွိပါတယ္။

ဒီအထဲမွာ မန္ယူႏိုက္တဒ္ လည္း ပါဝင္ၿပီး ေမဆင္ေမာင့္၊ ကန္ေတနဲ႔ ပူလီဆစ္တို႔ သုံးဦးကို အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။ ေမဆင္ေမာင့္က တန္ဟဂ္ရဲ႕ ကစားကြက္မွာ အံဝင္ႏိုင္သူျဖစ္ၿပီး နံပတ္(၈)အျဖစ္ သာမက နံပတ္(၁၀)ေနရာမွာလည္း ကစားႏိုင္သူ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ နဲ႔ အံဝင္ဂြင္က်ရွိၿပီး အဂၤလန္လက္ေ႐ြးစင္လည္းျဖစ္တာေၾကာင့္ ယူႏိုက္တဒ္ အတြက္အက်ိဳးမ်ားတဲ့ ေခၚယူမႈ ျဖစ္လာႏိုင္ပါတယ္။ ဘိုေလးက ေမဆင္ေမာင့္ကို ေရာင္းထုတ္ၿပီး ဒီကလန္႐ိုက္စ္ကို ေခၚယူလိုေနတာေၾကာင့္လည္း အဂၤလန္သားဟာ လာမယ့္ေႏြမွာ လန္ဒန္ကေန ထြက္ခြာေတာ့မယ္လို႔ သတင္းႀကီးေနပါတယ္။ သို႔ေသာ္လည္း မန္ယူႏိုက္တဒ္က ဝယ္ယူမယ္ဆိုရင္ေတာ့ လြယ္ကူမွာမဟုတ္သလို ေျပာင္းေ႐ႊ႕ေၾကးလည္း ျမင့္မားစြာေပးေခ်ရႏိုင္ပါတယ္။

ကြင္းလယ္လူ ကန္ေတ ကေတာ့ အန္ဇိုဖာနန္ဒက္စ္ ေရာက္ရွိလာမႈနဲ႔အတူ အသင္းကေန လြင့္စင္ႏိုင္တဲ့ ကစားသမားတစ္ေယာက္ျဖစ္ၿပီး ဒဏ္ရာနဲ႔အသက္႐ြယ္ေၾကာင့္လည္း ခ်ဲလ္ဆီး က ေရာင္းထုတ္လိုေနပါတယ္။ မန္ယူႏိုက္တဒ္အေနနဲ႔ ကန္ေတကို အေရးတႀကီး လိုအပ္တာမဟုတ္ေပမယ့္ လာမယ့္ရာသီမွာ ဖလားလမ္းေၾကာင္းအားလုံးေပၚမွာ ရွိေနလိုတယ္ဆိုရင္ ကတ္စမဲ႐ိုး ေနရာကို အရံသင့္ျဖည့္ေပးႏိုင္မယ့္ ကစားသမားတစ္ဦးေတာ့ မျဖစ္မေနလိုအပ္ပါလိမ့္မယ္။

တဆက္ထဲမွာပဲ ခ်ဲလ္ဆီးအသင္းဟာ ပူလီဆစ္ကို ေပါင္(၂၅)သန္းဝန္းက်င္ရရွိရင္ ျပန္လည္ ေရာင္းခ်မယ္လို႔ သတင္းေတြက ဆိုပါတယ္။ မန္ယူႏိုက္တဒ္ ပရိတ္သတ္တစ္ေယာက္ျဖစ္သလို တန္ဟဂ္အေနနဲ႔ တိုက္စစ္ပိုင္းကို အားျဖည့္လိုေနတာေၾကာင့္ ပူလီဆစ္ဟာလည္း အသင္းရဲ႕ ေစာင့္ၾကည့္ခံစာရင္းထဲ ပါဝင္ေနတာျဖစ္ပါတယ္။
crd

unicode

ချဲလ်ဆီးအသင်းမှာနစ်မြုပ်နေတဲ့ အဖိုးတန်ကစားသမား ၃ ဦးကို အဓိကထားစောင့်ကြည့်နေတဲ့ မန်ယူနိုက်တဒ်

မန်ယူနိုက်တဒ်အသင်းဟာ ပိုင်ရှင်အပြောင်းအလဲနဲ့အတူ လူတွေစွတ်ဝယ်ပြီး အဝတ်လဲခန်းထဲ စည်ကားနေတဲ့ ချဲလ်ဆီးအသင်းရဲ့ ကစားသမားတချို့ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ပိုင်ရှင်တော့ဒ်ဘိုလေးရဲ့ ထောက်ပံ့မှုကနေ ကစားသမားတွေ ပေါင်သန်း(၆၀၀)ကျော်ဖိုး ဝယ်ယူထားပေမယ့် ရမှတ်ဝယ်ဖို့မေ့ခဲ့တဲ့ ဘိုလေး တစ်ယောက် ရလာဒ်တွေ မကောင်းလာတာကြောင့် လာမယ့်နွေမှာ ကစားသမားတချို့ကို ရှင်းထုတ်ရန် ကြံစည်နေပြီး ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေက စတန်းဖိုဒ့်ဘရချ့် က ထွက်လာမယ့် နွံနစ်နေတဲ့ ပတ္တမြားခဲတချို့ ကို အမိအရ ခေါ်ယူနိုင်ဖို့ စောင့်ကြည့်လျက်ရှိပါတယ်။

ဒီအထဲမှာ မန်ယူနိုက်တဒ် လည်း ပါဝင်ပြီး မေဆင်မောင့်၊ ကန်တေနဲ့ ပူလီဆစ်တို့ သုံးဦးကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ မေဆင်မောင့်က တန်ဟဂ်ရဲ့ ကစားကွက်မှာ အံဝင်နိုင်သူဖြစ်ပြီး နံပတ်(၈)အဖြစ် သာမက နံပတ်(၁၀)နေရာမှာလည်း ကစားနိုင်သူ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် နဲ့ အံဝင်ဂွင်ကျရှိပြီး အင်္ဂလန်လက်ရွေးစင်လည်းဖြစ်တာကြောင့် ယူနိုက်တဒ် အတွက်အကျိုးများတဲ့ ခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်။ ဘိုလေးက မေဆင်မောင့်ကို ရောင်းထုတ်ပြီး ဒီကလန်ရိုက်စ်ကို ခေါ်ယူလိုနေတာကြောင့်လည်း အင်္ဂလန်သားဟာ လာမယ့်နွေမှာ လန်ဒန်ကနေ ထွက်ခွာတော့မယ်လို့ သတင်းကြီးနေပါတယ်။ သို့သော်လည်း မန်ယူနိုက်တဒ်က ဝယ်ယူမယ်ဆိုရင်တော့ လွယ်ကူမှာမဟုတ်သလို ပြောင်းရွှေ့ကြေးလည်း မြင့်မားစွာပေးချေရနိုင်ပါတယ်။

ကွင်းလယ်လူ ကန်တေ ကတော့ အန်ဇိုဖာနန်ဒက်စ် ရောက်ရှိလာမှုနဲ့အတူ အသင်းကနေ လွင့်စင်နိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ဒဏ်ရာနဲ့အသက်ရွယ်ကြောင့်လည်း ချဲလ်ဆီး က ရောင်းထုတ်လိုနေပါတယ်။ မန်ယူနိုက်တဒ်အနေနဲ့ ကန်တေကို အရေးတကြီး လိုအပ်တာမဟုတ်ပေမယ့် လာမယ့်ရာသီမှာ ဖလားလမ်းကြောင်းအားလုံးပေါ်မှာ ရှိနေလိုတယ်ဆိုရင် ကတ်စမဲရိုး နေရာကို အရံသင့်ဖြည့်ပေးနိုင်မယ့် ကစားသမားတစ်ဦးတော့ မဖြစ်မနေလိုအပ်ပါလိမ့်မယ်။

တဆက်ထဲမှာပဲ ချဲလ်ဆီးအသင်းဟာ ပူလီဆစ်ကို ပေါင်(၂၅)သန်းဝန်းကျင်ရရှိရင် ပြန်လည် ရောင်းချမယ်လို့ သတင်းတွေက ဆိုပါတယ်။ မန်ယူနိုက်တဒ် ပရိတ်သတ်တစ်ယောက်ဖြစ်သလို တန်ဟဂ်အနေနဲ့ တိုက်စစ်ပိုင်းကို အားဖြည့်လိုနေတာကြောင့် ပူလီဆစ်ဟာလည်း အသင်းရဲ့ စောင့်ကြည့်ခံစာရင်းထဲ ပါဝင်နေတာဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *