ခ်ာလ္တန္ အသင္းကို ဂိုးျပတ္ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ပုံစံေကာင္းေျခစြမ္းေကာင္းေတြ ျပခဲ့တဲ့ သရဲနီလူငယ္ၾကယ္ပြင့္ေလးကို ခ်ီးက်ဴးရင္း ေနရာေပးဖို႔စီစဥ္ေနတဲ့ အဲရစ္ တန္ဟတ္

ခ်ာလ္တန္ အသင္းကို ဂိုးျပတ္ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ပုံစံေကာင္းေျခစြမ္းေကာင္းေတြ ျပခဲ့တဲ့ သရဲနီလူငယ္ၾကယ္ပြင့္ေလးကို ခ်ီးက်ဴးရင္း ေနရာေပးဖို႔စီစဥ္ေနတဲ့ အဲရစ္ တန္ဟတ္
ခ်ာလ္တန္နဲ႔ပြဲမွာ ‌ေျခစြမ္းျပခဲ့တဲ့ လူငယ္ၾကယ္ပြင့္ေလးရဲ႕ ေျခစြမ္းကို ေက်နပ္ေနၿပီး အသင္းရဲ႕ အနာဂတ္မွာ ပါဝင္သူလို႔ ထုတ္ေျပာသြားခဲ့ တန္ဟက္ဂ္

မန္ခ်က္စတာ ယူႏိုက္တက္ အသင္းရဲ႕ နည္းျပ ျဖစ္သူ အဲရစ္ တန္ဟတ္ ကေတာ့ ကာရာေဘာင္ ဖလား ၿပိဳင္ပြဲရဲ႕ ကြာတား ဖိုင္နယ္ အဆင့္မွာ ခ်ာလ္တန္ အသင္းကို 3 ဂိုးျပတ္ အႏိုင္ရခဲ့တဲ့ ပြဲစဥ္အၿပီး 10 မိနစ္ ကစား 1 ဂိုး ဖန္တီိးေပးသြားႏိုင္ခဲ့တဲ့ ပယ္လီစထရီ ကို အသင္းရဲ႕ အနာဂတ္မွာ ပါဝင္သူလို႔ ထုတ္ေျပာသြားခဲ့လိုက္ပါတယ္ ။

ဖာကြန္ဒို ပယ္လီစထရီဟာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းကို အိုလီ ဂန္နား ဆိုးလ္ရွား ကိုင္တြယ္ခဲ့တဲ့ 2020 တုန္းက အသလက္တစ္ ပီနာ႐ိုးလ္ အသင္းမွာ မန္ခ်က္စတာ အေျခစိုက္ အသင္းဆီ အာမတ္ ဒီယာလို နဲ႔ အတူ ေရာက္ရွိလာခဲ့တာပဲ ျဖစ္ပါတယ္ ။

ဒါေပမဲ့ သူဟာ ပြဲထြက္ ကစားခြင့္ မိနစ္ေတြ မပိုင္ဆိုင္ခဲ့ရပဲ လာလီဂါ ကလပ္ ဒီပို႔တီဗို႔ အလာဗတ္စ္ အသင္းမွာပဲ 2 ရာသီ ဆက္တိုက္ အငွားခ်ခံခဲ့ရပါတယ္ ။ အခုေတာ့ သူဟာ အငွား ကစားသမား ဘဝ အျဖစ္မွ မန္ခ်က္စတာဆီ ျပန္လာႏိုင္ခဲ့ပါၿပီ ။

ဒါ့အျပင္ ခ်ာလ္တန္ အသင္းနဲ႔ ကစားခဲ့ရတဲ့ ကာရာေဘာင္္ ဖလား ပြဲစဥ္မွာ အသင္းရဲ႕ အရန္ခုံေပၚမွာလည္း ပါဝင္ခြင့္ ရရွိခဲ့ျပန္ၿပီး ပြဲခ်ိန္ 86 မိနစ္မွာ တိုက္စစ္မႉး အျဖစ္နဲ႔ ပြဲထြက္ ကစားခဲ့ရတဲ့ အန္သိုနီ အီလန္ဂါ ရဲ႕ ေနရာမွာ လူစားဝင္ ကစားခြင့္ ရရွိသြားႏိုင္ခဲ့ပါတယ္ ။

ဒါ့အျပင္ သူဟာ ပြဲခ်ိန္ 90 မိနစ္မွာ အသင္းေဖာ္ မားကပ္စ္ ရပ္ရွ္ဖို႔ ရဲ႕ အႏိုင္ေသခ်ာေစမဲ့ သြင္းဂိုး ကိုလည္း ဖန္တီးေပးသြားႏိုင္ခဲ့ပါတယ္ ။ ဒီပြဲမွာေတာ့ ယူႏိုက္တက္ တို႔ဟာ အန္တိုနီ ၊ ရပ္ရွ္ဖို႔ (2 ဂိုး) တို႔ရဲ႕ သြင္းဂိုးေတြနဲ႔ အတူ ဆီမီး ဖိုင္နယ္ အဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ၾကပါတယ္ ။

အခုေတာ့ ယူႏိုက္တက္တို႔ဟာ ကမာၻ႔ ဖလား ၿပိဳင္ပြဲႀကီး အၿပီး 6 ပြဲဆက္ ႏိုင္ပြဲ ရယူသြားႏိုင္ခဲ့ၾကပါၿပီ ။ ဒီပြဲေတြမွာ ယူႏိုက္တက္တို႔ 15 ဂိုး သြင္းယူႏိုင္ခဲ့ၿပီး 1 ဂိုးသာ ေပးခဲ့ရကာ Clean Sheet 5 ပြဲ အထိ ယူေဆာင္ထားႏိုင္ခဲ့ၾကတာပဲ ျဖစ္ပါတယ္ ။

အခုေတာ့ ယူႏိုက္တက္ နည္းျပ အဲရစ္ တန္ဟတ္ က အသင္္းဆီ ေရာက္လာတဲ့ ေနာက္ပိုင္း အငွားခ်ည္း ကစားရလို႔ အသင္းေျပာင္းဖို႔ တိုက္တြန္းခံခဲ့ရတဲ့ ကစားသမား ရဲ႕ အနာဂတ္ ဟာ မန္ခ်က္စတာမွာပဲ ဆက္ရွိေနေၾကာင္း ဖြင့္ဟ သြားခဲ့လိုက္ပါတယ္ ။

” သူ႔ဆီမွာ အနာဂတ္ေကာင္း ရွိေနခဲ့တယ္လို႔ ကြၽန္ေတာ္ ျမင္မိပါတယ္ ။ သူဟာ တကယ့္ကို ေကာင္းမြန္တဲ့ အရာေတြ လုပ္ေဆာင္ျပထားႏိုင္ခဲ့ၿပီး သူ႔အတြက္ အေကာင္းဆုံးက ဘာျဖစ္မလဲ ဆိုတာကို ကြၽန္ေတာ္တို႔ ေစာင့္ၾကည့္သြားၾကမွာပါ ”
” သူဟာ အဲဗာတန္ နဲ႔ ပြဲစဥ္ မတိုင္မီ ကတည္းက ေလ့က်င့္ေရးကြင္းထဲမွာ ႀကိဳးႀကိဳးစားစား ကစားရင္းနဲ႔ ပုံစံေကာင္္းေတြ ျပသထားႏိုင္ခဲ့ပါတယ္ ။ သူ႔ရဲ႕ စြမ္းေဆာင္ရည္ နဲ႔ ပတ္သက္လို႔ ကြၽန္ေတာ္ တကယ္ပဲ ေပ်ာ္႐ႊင္ ေက်နပ္ခဲ့ရပါတယ္ ”

” ကမာၻ႔ ဖလားမွာလည္း သူ႔ရဲ႕ ကစားပုံကို ၾကည့္ၿပီး ကြၽန္္ေတာ္ ေပ်ာ္႐ႊင္ေက်နပ္ခဲ့ရတာပါ ။ အခုလည္း လူစားဝင္ ကစားေပးၿပီး အက်ိဳးသက္ေရာက္မႈ ေပးႏိုင္ခဲ့ပါတယ္ ။ ဒါဟာ ေနာက္တစ္ဆင့္ တက္ျခင္းပါပဲ ။ အလုပ္ ေကာင္္းေကာင္းလုပ္ခဲ့တယ္ ၊ ဆက္ႀကိဳးစားပါ ” လို႔ ကြၽန္ေတာ္ သူ႔ကို ေျပာခ်င္ပါတယ္ ” လို႔ တန္ဟတ္ က ေျပာခဲ့လိုက္တာပဲ ျဖစ္ပါတယ္ ။
crd

Unicode
ချာလ်တန် အသင်းကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဥ်မှာ ပုံစံကောင်းခြေစွမ်းကောင်းတွေ ပြခဲ့တဲ့ သရဲနီလူငယ်ကြယ်ပွင့်လေးကို ချီးကျူးရင်း နေရာပေးဖို့စီစဉ်နေတဲ့ အဲရစ် တန်ဟတ်
ချာလ်တန်နဲ့ပွဲမှာ ‌ခြေစွမ်းပြခဲ့တဲ့ လူငယ်ကြယ်ပွင့်လေးရဲ့ ခြေစွမ်းကို ကျေနပ်နေပြီး အသင်းရဲ့ အနာဂတ်မှာ ပါဝင်သူလို့ ထုတ်ပြောသွားခဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် ကတော့ ကာရာဘောင် ဖလား ပြိုင်ပွဲရဲ့ ကွာတား ဖိုင်နယ် အဆင့်မှာ ချာလ်တန် အသင်းကို 3 ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲစဥ်အပြီး 10 မိနစ် ကစား 1 ဂိုး ဖန်တီိးပေးသွားနိုင်ခဲ့တဲ့ ပယ်လီစထရီ ကို အသင်းရဲ့ အနာဂတ်မှာ ပါဝင်သူလို့ ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

ဖာကွန်ဒို ပယ်လီစထရီဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို အိုလီ ဂန်နား ဆိုးလ်ရှား ကိုင်တွယ်ခဲ့တဲ့ 2020 တုန်းက အသလက်တစ် ပီနာရိုးလ် အသင်းမှာ မန်ချက်စတာ အခြေစိုက် အသင်းဆီ အာမတ် ဒီယာလို နဲ့ အတူ ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ သူဟာ ပွဲထွက် ကစားခွင့် မိနစ်တွေ မပိုင်ဆိုင်ခဲ့ရပဲ လာလီဂါ ကလပ် ဒီပို့တီဗို့ အလာဗတ်စ် အသင်းမှာပဲ 2 ရာသီ ဆက်တိုက် အငှားချခံခဲ့ရပါတယ် ။ အခုတော့ သူဟာ အငှား ကစားသမား ဘဝ အဖြစ်မှ မန်ချက်စတာဆီ ပြန်လာနိုင်ခဲ့ပါပြီ ။

ဒါ့အပြင် ချာလ်တန် အသင်းနဲ့ ကစားခဲ့ရတဲ့ ကာရာဘောင်် ဖလား ပွဲစဥ်မှာ အသင်းရဲ့ အရန်ခုံပေါ်မှာလည်း ပါဝင်ခွင့် ရရှိခဲ့ပြန်ပြီး ပွဲချိန် 86 မိနစ်မှာ တိုက်စစ်မှူး အဖြစ်နဲ့ ပွဲထွက် ကစားခဲ့ရတဲ့ အန်သိုနီ အီလန်ဂါ ရဲ့ နေရာမှာ လူစားဝင် ကစားခွင့် ရရှိသွားနိုင်ခဲ့ပါတယ် ။

ဒါ့အပြင် သူဟာ ပွဲချိန် 90 မိနစ်မှာ အသင်းဖော် မားကပ်စ် ရပ်ရှ်ဖို့ ရဲ့ အနိုင်သေချာစေမဲ့ သွင်းဂိုး ကိုလည်း ဖန်တီးပေးသွားနိုင်ခဲ့ပါတယ် ။ ဒီပွဲမှာတော့ ယူနိုက်တက် တို့ဟာ အန်တိုနီ ၊ ရပ်ရှ်ဖို့ (2 ဂိုး) တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ဆီမီး ဖိုင်နယ် အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ကြပါတယ် ။

အခုတော့ ယူနိုက်တက်တို့ဟာ ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီး အပြီး 6 ပွဲဆက် နိုင်ပွဲ ရယူသွားနိုင်ခဲ့ကြပါပြီ ။ ဒီပွဲတွေမှာ ယူနိုက်တက်တို့ 15 ဂိုး သွင်းယူနိုင်ခဲ့ပြီး 1 ဂိုးသာ ပေးခဲ့ရကာ Clean Sheet 5 ပွဲ အထိ ယူဆောင်ထားနိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။

အခုတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က အသင််းဆီ ရောက်လာတဲ့ နောက်ပိုင်း အငှားချည်း ကစားရလို့ အသင်းပြောင်းဖို့ တိုက်တွန်းခံခဲ့ရတဲ့ ကစားသမား ရဲ့ အနာဂတ် ဟာ မန်ချက်စတာမှာပဲ ဆက်ရှိနေကြောင်း ဖွင့်ဟ သွားခဲ့လိုက်ပါတယ် ။

” သူ့ဆီမှာ အနာဂတ်ကောင်း ရှိနေခဲ့တယ်လို့ ကျွန်တော် မြင်မိပါတယ် ။ သူဟာ တကယ့်ကို ကောင်းမွန်တဲ့ အရာတွေ လုပ်ဆောင်ပြထားနိုင်ခဲ့ပြီး သူ့အတွက် အကောင်းဆုံးက ဘာဖြစ်မလဲ ဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်သွားကြမှာပါ ”
” သူဟာ အဲဗာတန် နဲ့ ပွဲစဥ် မတိုင်မီ ကတည်းက လေ့ကျင့်ရေးကွင်းထဲမှာ ကြိုးကြိုးစားစား ကစားရင်းနဲ့ ပုံစံကောင််းတွေ ပြသထားနိုင်ခဲ့ပါတယ် ။ သူ့ရဲ့ စွမ်းဆောင်ရည် နဲ့ ပတ်သက်လို့ ကျွန်တော် တကယ်ပဲ ပျော်ရွှင် ကျေနပ်ခဲ့ရပါတယ် ”

” ကမ္ဘာ့ ဖလားမှာလည်း သူ့ရဲ့ ကစားပုံကို ကြည့်ပြီး ကျွန််တော် ပျော်ရွှင်ကျေနပ်ခဲ့ရတာပါ ။ အခုလည်း လူစားဝင် ကစားပေးပြီး အကျိုးသက်ရောက်မှု ပေးနိုင်ခဲ့ပါတယ် ။ ဒါဟာ နောက်တစ်ဆင့် တက်ခြင်းပါပဲ ။ အလုပ် ကောင််းကောင်းလုပ်ခဲ့တယ် ၊ ဆက်ကြိုးစားပါ ” လို့ ကျွန်တော် သူ့ကို ပြောချင်ပါတယ် ” လို့ တန်ဟတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။
crd

Add a Comment

Your email address will not be published. Required fields are marked *