ခ်ာလ္တန္နဲ႔ပြဲက အလြန္ေကာင္းမြန္တဲ့ ဘယ္ေျခနဲ႔ေဝ့ဝိုက္သြင္းဂိုးအတြက္ ေရာ္ဘင္နဲ႔ ခိုင္းႏႈိင္ခ်ီးက်ဴးခံေနရတဲ့ သရဲနီကစားသမား
|ခ်ာလ္တန္နဲ႔ပြဲက အလြန္ေကာင္းမြန္တဲ့ ဘယ္ေျခနဲ႔ေဝ့ဝိုက္သြင္းဂိုးအတြက္ ေရာ္ဘင္နဲ႔ ခိုင္းႏႈိင္ခ်ီးက်ဴးခံေနရတဲ့ သရဲနီကစားသမား
တစ္ေပါက္ပဲ ကန္သြင္းမွာကို သိရက္နဲ႔ လုံးဝမကာကြယ္ႏိုင္ၾကတဲ့ ေရာ္ဘင္ရဲ႕ ကန္ခ်က္နဲ႔ ခိုင္းႏႈိင္ခ်ီးက်ဴးခံေနရတဲ့ အန္တိုနီရဲ႕ သြင္းဂိုး
အန္တိုနီဟာ အဂၤါေန႔ညက ခ်ာလ္တန္ကို အႏိုင္ရရွိခဲ့တဲ့ ကာရာေဘာင္းဖလား ကြာတားဖိုင္နယ္ပြဲစဥ္မွာ အလြန္ေကာင္းမြန္တဲ့ ဘယ္ေျခနဲ႔ ဝိုက္ကန္သြင္းၿပီး မန္ခ်က္စတာယူႏိုက္တက္အတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ဟာ အိုးထရက္ဖို႔ဒ္မွာ ခ်ာလ္တန္အသင္းနဲ႔ ကာရာေဘာင္းဖလား ကြာတားဖိုင္နယ္အဆင့္ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့တာျဖစ္ၿပီး ပထမတန္းမွာ အဆင့္ ၁၂ ေနရာက ၿပိဳင္ဘက္ေတြကို သက္ေတာင့္သက္သာနဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္နည္းျပ တန္ဟက္က လာမယ့္စေနေန႔ မန္ခ်က္စတာဒါဘီအျဖစ္ မန္စီးတီးနဲ႔ ကစားရဖို႔ရွိေနတာေၾကာင့္ အသင္းကို အေျပာင္းအလဲမ်ားအျပား ျပဳလုပ္ခဲ့ပါတယ္။
တန္ဟက္ရဲ႕ ပြဲထြက္ပါဝင္ကစားခြင့္ေပးျခင္းခံခဲ့ရတဲ့ ကစားသမားတစ္ဦးကေတာ့ ၿပီးခဲ့တဲ့ ေႏြရာသီမွာ ေပါင္ ၈၆ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာၿပီး ေမွ်ာ္မွန္းခ်က္ေတြအတိုင္း အျပည့္အဝ မစြမ္းေဆာင္ျပႏိုင္ေသးတဲ့ အန္တိုနီ ျဖစ္ပါတယ္။ အသက္ ၂၂ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ ဒဏ္ရာေၾကာင့္ ႐ုန္းကန္ခဲ့ရၿပီး မၾကာေသးမီကမွ ကြင္းျပင္ပ ျပႆနာတစ္ခုေၾကာင့္ ဘုန္းေမာက္ကို ၃-၀ နဲ႔ အႏိုင္ရခဲ့တဲ့ အဂၤါေန႔ပြဲစဥ္ကို လြဲေခ်ာ္ခဲ့တာ ျဖစ္ပါတယ္။
အန္တိုနီဟာ အဲဗာတန္ကို ၃-၁ နဲ႔ အႏိုင္ရခဲ့တဲ့ ေသာၾကာေန႔ပြဲစဥ္မွာ အားမသန္တဲ့ ညာေျခနဲ႔ ဂိုးသြင္းယူေပးႏိုင္ခဲ့ၿပီး အဂၤါေန႔ညေနမွာေတာ့ ဘယ္ေျခနဲ႔အတူ အလြန္လွပေသသပ္တဲ့ ဂိုးကန္သြင္းမႈကို ျပဳလုပ္သြားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဖရက္ဒ္က ေတာင္ပံက အန္တိုနီဆီကို ေဘာလုံးေပးပို႔ခဲ့ၿပီး ဘရာဇီးလ္ေတာင္ပံကစားသမားဟာ ေဘာလုံးကို ထိေတြ႕မႈအနည္းငယ္ျပဳလုပ္ရင္း အေျခအေနကို အကဲခတ္ၿပီးေနာက္ ေဘာလုံးကို ဂိုးဘယ္ဖက္ေထာင့္ထဲကို ဘယ္ေျခနဲ႔ ေဝ့ဝိုက္ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။
လူမႈကြန္ရက္ေပၚက ပရိသတ္ေတြဟာ အန္တိုနီရဲ႕ အလြန္လွပတဲ့ ဂိုးကန္သြင္းခ်က္ကို တုံ႔ျပန္ခဲ့ၾကၿပီး “အာယန္ ေရာ္ဘင္လိုမ်ိဳးပဲ ေဝ့ဝိုက္ကန္သြင္းယူသြားတယ္။ ဒီလူကေတာ့ သူ႔ရဲ႕ အလားအလာကို သိရွိေနၿပီ”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး “သူ႔ကို ကြင္းထဲကေန ထုတ္ဖို႔ ေတာင္းဆိုေနတဲ့လူေတြက ေဘာလုံးဗဟုသုတ တစ္စက္မွ မရွိတဲ့သူေတြပဲ”လို႔ ေနာက္ထပ္ ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။
crd
Unicode
ချာလ်တန်နဲ့ပွဲက အလွန်ကောင်းမွန်တဲ့ ဘယ်ခြေနဲ့ဝေ့ဝိုက်သွင်းဂိုးအတွက် ရော်ဘင်နဲ့ ခိုင်းနှိုင်ချီးကျူးခံနေရတဲ့ သရဲနီကစားသမား
တစ်ပေါက်ပဲ ကန်သွင်းမှာကို သိရက်နဲ့ လုံးဝမကာကွယ်နိုင်ကြတဲ့ ရော်ဘင်ရဲ့ ကန်ချက်နဲ့ ခိုင်းနှိုင်ချီးကျူးခံနေရတဲ့ အန်တိုနီရဲ့ သွင်းဂိုး
အန်တိုနီဟာ အင်္ဂါနေ့ညက ချာလ်တန်ကို အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ အလွန်ကောင်းမွန်တဲ့ ဘယ်ခြေနဲ့ ဝိုက်ကန်သွင်းပြီး မန်ချက်စတာယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ ချာလ်တန်အသင်းနဲ့ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ပထမတန်းမှာ အဆင့် ၁၂ နေရာက ပြိုင်ဘက်တွေကို သက်တောင့်သက်သာနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်နည်းပြ တန်ဟက်က လာမယ့်စနေနေ့ မန်ချက်စတာဒါဘီအဖြစ် မန်စီးတီးနဲ့ ကစားရဖို့ရှိနေတာကြောင့် အသင်းကို အပြောင်းအလဲများအပြား ပြုလုပ်ခဲ့ပါတယ်။
တန်ဟက်ရဲ့ ပွဲထွက်ပါဝင်ကစားခွင့်ပေးခြင်းခံခဲ့ရတဲ့ ကစားသမားတစ်ဦးကတော့ ပြီးခဲ့တဲ့ နွေရာသီမှာ ပေါင် ၈၆ သန်းနဲ့ ပြောင်းရွှေ့လာပြီး မျှော်မှန်းချက်တွေအတိုင်း အပြည့်အဝ မစွမ်းဆောင်ပြနိုင်သေးတဲ့ အန်တိုနီ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမားဟာ ဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရပြီး မကြာသေးမီကမှ ကွင်းပြင်ပ ပြဿနာတစ်ခုကြောင့် ဘုန်းမောက်ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ အင်္ဂါနေ့ပွဲစဉ်ကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။
အန်တိုနီဟာ အဲဗာတန်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ သောကြာနေ့ပွဲစဉ်မှာ အားမသန်တဲ့ ညာခြေနဲ့ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး အင်္ဂါနေ့ညနေမှာတော့ ဘယ်ခြေနဲ့အတူ အလွန်လှပသေသပ်တဲ့ ဂိုးကန်သွင်းမှုကို ပြုလုပ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဖရက်ဒ်က တောင်ပံက အန်တိုနီဆီကို ဘောလုံးပေးပို့ခဲ့ပြီး ဘရာဇီးလ်တောင်ပံကစားသမားဟာ ဘောလုံးကို ထိတွေ့မှုအနည်းငယ်ပြုလုပ်ရင်း အခြေအနေကို အကဲခတ်ပြီးနောက် ဘောလုံးကို ဂိုးဘယ်ဖက်ထောင့်ထဲကို ဘယ်ခြေနဲ့ ဝေ့ဝိုက်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ အန်တိုနီရဲ့ အလွန်လှပတဲ့ ဂိုးကန်သွင်းချက်ကို တုံ့ပြန်ခဲ့ကြပြီး “အာယန် ရော်ဘင်လိုမျိုးပဲ ဝေ့ဝိုက်ကန်သွင်းယူသွားတယ်။ ဒီလူကတော့ သူ့ရဲ့ အလားအလာကို သိရှိနေပြီ”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး “သူ့ကို ကွင်းထဲကနေ ထုတ်ဖို့ တောင်းဆိုနေတဲ့လူတွေက ဘောလုံးဗဟုသုတ တစ်စက်မှ မရှိတဲ့သူတွေပဲ”လို့ နောက်ထပ် ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။
crd