ခ်န္ပီယံလိဂ္ဝင္ခြင့္ေၾကာင့္ ဟယ္ရီကိန္းကို ေခၚယူဖို႔ အေျခအေနေကာင္းေနတဲ့ မန္ယူႏိုက္တက္
|ခ်န္ပီယံလိဂ္ဝင္ခြင့္ေၾကာင့္ ဟယ္ရီကိန္းကို ေခၚယူဖို႔ အေျခအေနေကာင္းေနတဲ့ မန္ယူႏိုက္တက္
မန္ခ်က္စတာယူႏိုက္တက္ဟာ ယခုရာသီတြင္ စပါးစ္သာ ထိပ္ဆုံးေလးသင္း စာရင္းမဝင္ေရာက္ႏိုင္ပါက လာမယ့္ေႏြရာသီတြင္ဟယ္ရီကိန္းကိုေခၚယူႏိုင္လိမ့္မယ္လို႔အျပည့္အဝယုံၾကည္ေနပါတယ္။ ယူႏိုက္တက္တာဝန္ရွိသူမ်ားဟာ စပါးစ္သာ ခ်န္ပီယံလိဂ္ဝင္ခြင့္မရလွ်င္စပါးစ္ရဲ႕ေတာင္းေဈးေပါင္သန္း၁၀၀ ထက္နည္း တဲ့ပမာဏမ်ိဳးျဖင့္ေခၚယူႏိုင္မဲ့လည္းယုံၾကည္ေနပါတယ္။ ယူႏိုက္တက္ဟာ ၾကားခံအဖြဲ႕တစ္ခုမွတဆင့္ ဟယ္ရီကိန္းရဲ႕ေအးဂ်င့္ကိုဆက္သြယ္ခဲ့ရာ အျပဳသေဘာေဆာင္တဲ့တုံ႔ျပန္မႈရရွိထားပါတယ္။
ဇူလိုင္လတြင္ အသက္၃၀ႏွစ္ျပည့္မဲ့ ဟယ္ရီကိန္းဟာ သူ႔ရဲ႕ရည္မွန္းခ်က္ျဖစ္တဲ့ စပါးစ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းထား သူလည္းျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။ယူႏိုက္တက္ဟာတနဂၤေႏြေန႔ညတုန္းကအန္ဖီးလ္တြင္လီဗာပူးကို၇-၀ ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္ခဲ့ေပမဲ့လည္း ကိန္းဘက္က စပါးစ္တြင္ကစားျခင္းထက္ ယူႏိုက္တက္တြင္ကစားျခင္းက ဆုဖလားရႏိုင္ေျခပိုမ်ားကအသင္းေျပာင္းေရးစိတ္ဝင္စားေနမယ္လို႔လည္းယုံၾကည္ေနပါတယ္။
အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းဟာစပါးစ္တြင္တစ္ပတ္လုပ္ခေပါင္၂၀၀၀၀၀ရရွိေနသူျဖစ္ၿပီး လာမယ့္၂၀၂၄ခုႏွစ္ေႏြရာသီတြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးပါမယ္။ တကယ္လို႔မ်ားစပါးစ္သာခ်န္ပီယံလိဂ္ ဝင္ခြင့္မရရွိပါကယူႏိုက္တက္အေနျဖင့္ဟယ္ရီကိန္းကိုေပါက္ေၾကးထက္နည္းတဲ့ပမာဏျဖင့္ေခၚယူႏိုင္ပါ မယ္။ ဇန္နဝါရီလတုန္းကဟယ္ရီကိန္းကစပါးစ္ႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေဆြးေႏြးျခင္းမရွိေသးေၾကာင္း၊ သို႔ရာတြင္ရာသီမကုန္မီေဆြးေႏြးသြားမည္ျဖစ္ေၾကာင္းဆိုထားပါတယ္။ စပါးစ္ဟာတကယ္လို႔မ်ားဟယ္ရီ ကိန္းသာစာခ်ဳပ္သစ္မခ်ဳပ္ဆိုပါကအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္လက္လႊတ္ရမွာျဖစ္လိုလာမယ့္ေႏြရာသီတြင္ေရာင္းခ်သြားဖို႔ရွိပါတယ္။
ယူႏိုက္တက္ဟာယခုရာသီတြင္ဂိုးရရွိေရးအတြက္မားကပ္စ္ရက္ဖို႔ဒ္ကိုသာ အားကိုးေနရၿပီးတကယ္လို႔မ်ားထိပ္တန္းဂိုးသြင္းသမားတစ္ဦးေခၚယူႏိုင္ပါကခ်န္ပီယံဆုအတြက္စိန္ေခၚလာႏိုင္မယ္လို႔ယုံၾကည္ေနပါတယ္။စပါးစ္ဟာလက္ရွိအခ်ိန္တြင္အဆင့္၄ေနရာမွာရပ္တည္ေနေပမဲ့လည္း အဆင့္၅ေနရာမွလီဗာပူးမွာတစ္ပြဲေလွ်ာ့ကစားၿပီး၃မွတ္သာကြာဟေနပါတယ္။
crd
unicode
ချန်ပီယံလိဂ်ဝင်ခွင့်ကြောင့် ဟယ်ရီကိန်းကို ခေါ်ယူဖို့ အခြေအနေကောင်းနေတဲ့ မန်ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ ယခုရာသီတွင် စပါးစ်သာ ထိပ်ဆုံးလေးသင်း စာရင်းမဝင်ရောက်နိုင်ပါက လာမယ့်နွေရာသီတွင်ဟယ်ရီကိန်းကိုခေါ်ယူနိုင်လိမ့်မယ်လို့အပြည့်အဝယုံကြည်နေပါတယ်။ ယူနိုက်တက်တာဝန်ရှိသူများဟာ စပါးစ်သာ ချန်ပီယံလိဂ်ဝင်ခွင့်မရလျှင်စပါးစ်ရဲ့တောင်းဈေးပေါင်သန်း၁၀၀ ထက်နည်း တဲ့ပမာဏမျိုးဖြင့်ခေါ်ယူနိုင်မဲ့လည်းယုံကြည်နေပါတယ်။ ယူနိုက်တက်ဟာ ကြားခံအဖွဲ့တစ်ခုမှတဆင့် ဟယ်ရီကိန်းရဲ့အေးဂျင့်ကိုဆက်သွယ်ခဲ့ရာ အပြုသဘောဆောင်တဲ့တုံ့ပြန်မှုရရှိထားပါတယ်။
ဇူလိုင်လတွင် အသက်၃၀နှစ်ပြည့်မဲ့ ဟယ်ရီကိန်းဟာ သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ စပါးစ်သမိုင်းတွင်ဂိုးအများဆုံးသွင်းထား သူလည်းဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ယူနိုက်တက်ဟာတနင်္ဂနွေနေ့ညတုန်းကအန်ဖီးလ်တွင်လီဗာပူးကို၇-၀ ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ခဲ့ပေမဲ့လည်း ကိန်းဘက်က စပါးစ်တွင်ကစားခြင်းထက် ယူနိုက်တက်တွင်ကစားခြင်းက ဆုဖလားရနိုင်ခြေပိုများကအသင်းပြောင်းရေးစိတ်ဝင်စားနေမယ်လို့လည်းယုံကြည်နေပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာစပါးစ်တွင်တစ်ပတ်လုပ်ခပေါင်၂၀၀၀၀၀ရရှိနေသူဖြစ်ပြီး လာမယ့်၂၀၂၄ခုနှစ်နွေရာသီတွင်စာချုပ်သက်တမ်းကုန်ဆုံးပါမယ်။ တကယ်လို့များစပါးစ်သာချန်ပီယံလိဂ် ဝင်ခွင့်မရရှိပါကယူနိုက်တက်အနေဖြင့်ဟယ်ရီကိန်းကိုပေါက်ကြေးထက်နည်းတဲ့ပမာဏဖြင့်ခေါ်ယူနိုင်ပါ မယ်။ ဇန်နဝါရီလတုန်းကဟယ်ရီကိန်းကစပါးစ်နှင့်စာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးခြင်းမရှိသေးကြောင်း၊ သို့ရာတွင်ရာသီမကုန်မီဆွေးနွေးသွားမည်ဖြစ်ကြောင်းဆိုထားပါတယ်။ စပါးစ်ဟာတကယ်လို့များဟယ်ရီ ကိန်းသာစာချုပ်သစ်မချုပ်ဆိုပါကအလွတ်ပြောင်းရွှေ့ကြေးဖြင့်လက်လွှတ်ရမှာဖြစ်လိုလာမယ့်နွေရာသီတွင်ရောင်းချသွားဖို့ရှိပါတယ်။
ယူနိုက်တက်ဟာယခုရာသီတွင်ဂိုးရရှိရေးအတွက်မားကပ်စ်ရက်ဖို့ဒ်ကိုသာ အားကိုးနေရပြီးတကယ်လို့များထိပ်တန်းဂိုးသွင်းသမားတစ်ဦးခေါ်ယူနိုင်ပါကချန်ပီယံဆုအတွက်စိန်ခေါ်လာနိုင်မယ်လို့ယုံကြည်နေပါတယ်။စပါးစ်ဟာလက်ရှိအချိန်တွင်အဆင့်၄နေရာမှာရပ်တည်နေပေမဲ့လည်း အဆင့်၅နေရာမှလီဗာပူးမှာတစ်ပွဲလျှော့ကစားပြီး၃မှတ်သာကွာဟနေပါတယ်။
crd