ခ်န္ပီယံရွစ္ပြဲစဥ္မွာ ေမွာ္ဆန္တဲ့အလြတ္တည္ကန္ေဘာနဲ႔ဂိုးသြင္းယူၿပီး MOTM ဆုကိုသိမ္းပိုက္လိုက္တဲ့ သရဲနီလူငယ္ ဟန္နီဘယ္မက္ဂ်္ဘရီ
|ခ်န္ပီယံရွစ္ပြဲစဥ္မွာ ေမွာ္ဆန္တဲ့အလြတ္တည္ကန္ေဘာနဲ႔ဂိုးသြင္းယူၿပီး MOTM ဆုကိုသိမ္းပိုက္လိုက္တဲ့ သရဲနီလူငယ္ ဟန္နီဘယ္မက္ဂ်္ဘရီ
မန္ခ်က္စတာယူႏိုက္တက္ကေန အငွားနဲ႔ ထြက္ကစားေနတဲ့ ဟန္နီဘယ္ မက္ဂ်္ဘရီဟာ ဘာမင္ဟမ္စီးတီးနဲ႔ ဝက္စ္ဘ႐ြန္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္အတြင္း အံ့အားသင့္ဖြယ္ အလြတ္တည္ကန္ေဘာကေန ဂိုးသြင္းယူၿပီး ေမွာ္ဆန္တဲ့အခိုက္အတန႔္ကို ျပဳလုပ္ျပခဲ့ပါတယ္။ ဟန္နီဘယ္ မက္ဂ်္ဘရီဟာ ေသာၾကာေန႔က ခ်န္ပီယံရွစ္ပြဲစဥ္အျဖစ္ ဝက္စ္ဘ႐ြန္းနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ဘာမင္ဟမ္အသင္းအတြက္ ျဖတ္ထိုးဉာဏ္သုံးၿပီး အလြန္ေကာင္းမြန္တဲ့ သြင္းဂိုးကို သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။
ပထမပိုင္း ၁၀ မိနစ္မွာ အလြတ္တည္ကန္ေဘာကန္သြင္းဖို႔အတြက္ ျပင္ဆင္ေနခ်ိန္မွာ အသက္ ၂၀ အ႐ြယ္ မန္ခ်က္စတာယူႏိုက္တက္လူငယ္ၾကယ္ပြင့္က ဝက္စ္ဘ႐ြန္းဂိုးသမား ေဒးဗစ္ ဘက္တန္နဲ႔ ဂိုးတိုင္နဲ႔ၾကားမွာ ႀကီးမားတဲ့ ဟာကြက္ႀကီး ရွိေနတာကို ျမင္ေတြ႕ခဲ့တာျဖစ္ၿပီး တူနီးရွားကြင္းလယ္ကစားသမားက အဲဒါကို အခြင့္ေကာင္းယူၿပီး ညာေျခနဲ႔ ဝိုက္ကန္သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။ ဒီဂိုးဟာ သူ႔အတြက္ စီနီယာကစားသမားဘဝ ပထမဆုံးသြင္းဂိုးလည္းျဖစ္ပါတယ္။ ဒါ့အျပင္ ပြဲခ်ိန္ ၅၂မိနစ္မွာ သြင္းယူခဲ့တဲ့ Krystian Bielik ရဲ႕သြင္းဂိုးကိုလည္း ဖန္တီးေပးႏိုင္ခဲ့ၿပီး Hannibal ဟာ ထိုပြဲစဥ္ရဲ႕ အေကာင္းဆုံးကစားသမားဆုကိုရရွိခဲ့ပါတယ္။
လူမႈကြန္ရက္ေပၚက မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ မက္ဂ်္ဘရီရဲ႕ သြင္းဂိုးကို ႏွစ္သက္ခဲ့ၾကၿပီး လာမယ့္ရာသီဟာ အသက္ ၂၀ အ႐ြယ္ ကြင္းလယ္ကစားသမားရဲ႕ ႏွစ္ျဖစ္လိမ့္မယ္လို႔ ယုံၾကည္ခဲ့ၾကတာ ျဖစ္ပါတယ္။ “ေကာင္းလိုက္တဲ့ဂိုး ဟန္နီဘယ္ မက္ဂ်္ဘရီ။ လာမယ့္ရာသီက သူ႔ရဲ႕ရာသီပဲ”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ရာသီကုန္ သူ ျပန္လာတဲ့အခ်ိန္က်ရင္ အသင္းက ဘာဆုံးျဖတ္လဲမဆိုတာ စိတ္ဝင္စားစရာ ေကာင္းလာေတာ့မယ္”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။ အစြမ္းကုန္ေတာက္ပဖို႔ အရွိန္ယူေနတဲ့ အသက္ ၂၀ အ႐ြယ္ ကြင္းလယ္ကစားသမားဟာ ယခုရာသီ လိဂ္ပြဲ ၂၄ ပြဲ ပါဝင္ကစားေပးထားၿပီး ၂၀၂၁ ခုႏွစ္ ေမလက ဝုလ္ဗ္ကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ပရီးမီးယားလိဂ္ရာသီပိတ္ပြဲစဥ္မွာ စီနီယာပြဲဦးထြက္ခြင့္ ရရွိခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ လာမယ့္ရာသီဟာ အသက္ ၂၀ အ႐ြယ္ ကြင္းလယ္ကစားသမားရဲ႕ ႏွစ္ျဖစ္လိမ့္မယ္လို႔ ယုံၾကည္ခဲ့ၾကတာ ျဖစ္ပါတယ္။
ပြဲအၿပီးမွာ သတင္းေထာက္တစ္ဦးရဲ႕ “ ဒီေန႔ည စြမ္းေဆာင္ရည္နဲ႔ပတ္သတ္ၿပီး နည္းျပ Erik Ten Hag ဆီက ခ်ီးက်ဴးတဲ့ message ေရာက္လာဖို႔ေမွ်ာ္လင့္ထားလား” ဆိုတဲ့ေမးခြန္းအေပၚ Hannibal က ခုလိုျပန္လည္ေျဖၾကားသြားခဲ့ပါတယ္။ “ Boss က Sky Sports ကိုၾကည့္ေနမယ္ဆိုတာ ေသခ်ာပါတယ္။ ဒါေပမယ့္ ေလာေလာဆယ္မွာေတာ့ ရာသီကုန္တဲ့အထိ က်ေနာ္ ဘာမင္ဂမ္စီးတီးအတြက္ပဲ အာ႐ုံစိုက္ထားခ်င္ပါတယ္။ ေႏြရာသီမွာ ဘာေတြျဖစ္မလဲဆိုတာ က်ေနာ္တို႔ေစာင့္ၾကည့္ရမွာပါ။
crd
unicode
ချန်ပီယံရှစ်ပွဲစဉ်မှာ မှော်ဆန်တဲ့အလွတ်တည်ကန်ဘောနဲ့ဂိုးသွင်းယူပြီး MOTM ဆုကိုသိမ်းပိုက်လိုက်တဲ့ သရဲနီလူငယ် ဟန်နီဘယ်မက်ဂျ်ဘရီ
မန်ချက်စတာယူနိုက်တက်ကနေ အငှားနဲ့ ထွက်ကစားနေတဲ့ ဟန်နီဘယ် မက်ဂျ်ဘရီဟာ ဘာမင်ဟမ်စီးတီးနဲ့ ဝက်စ်ဘရွန်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်အတွင်း အံ့အားသင့်ဖွယ် အလွတ်တည်ကန်ဘောကနေ ဂိုးသွင်းယူပြီး မှော်ဆန်တဲ့အခိုက်အတန့်ကို ပြုလုပ်ပြခဲ့ပါတယ်။ ဟန်နီဘယ် မက်ဂျ်ဘရီဟာ သောကြာနေ့က ချန်ပီယံရှစ်ပွဲစဉ်အဖြစ် ဝက်စ်ဘရွန်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဘာမင်ဟမ်အသင်းအတွက် ဖြတ်ထိုးဉာဏ်သုံးပြီး အလွန်ကောင်းမွန်တဲ့ သွင်းဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ပထမပိုင်း ၁၀ မိနစ်မှာ အလွတ်တည်ကန်ဘောကန်သွင်းဖို့အတွက် ပြင်ဆင်နေချိန်မှာ အသက် ၂၀ အရွယ် မန်ချက်စတာယူနိုက်တက်လူငယ်ကြယ်ပွင့်က ဝက်စ်ဘရွန်းဂိုးသမား ဒေးဗစ် ဘက်တန်နဲ့ ဂိုးတိုင်နဲ့ကြားမှာ ကြီးမားတဲ့ ဟာကွက်ကြီး ရှိနေတာကို မြင်တွေ့ခဲ့တာဖြစ်ပြီး တူနီးရှားကွင်းလယ်ကစားသမားက အဲဒါကို အခွင့်ကောင်းယူပြီး ညာခြေနဲ့ ဝိုက်ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ သူ့အတွက် စီနီယာကစားသမားဘဝ ပထမဆုံးသွင်းဂိုးလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပွဲချိန် ၅၂မိနစ်မှာ သွင်းယူခဲ့တဲ့ Krystian Bielik ရဲ့သွင်းဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပြီး Hannibal ဟာ ထိုပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။
လူမှုကွန်ရက်ပေါ်က မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ မက်ဂျ်ဘရီရဲ့ သွင်းဂိုးကို နှစ်သက်ခဲ့ကြပြီး လာမယ့်ရာသီဟာ အသက် ၂၀ အရွယ် ကွင်းလယ်ကစားသမားရဲ့ နှစ်ဖြစ်လိမ့်မယ်လို့ ယုံကြည်ခဲ့ကြတာ ဖြစ်ပါတယ်။ “ကောင်းလိုက်တဲ့ဂိုး ဟန်နီဘယ် မက်ဂျ်ဘရီ။ လာမယ့်ရာသီက သူ့ရဲ့ရာသီပဲ”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ရာသီကုန် သူ ပြန်လာတဲ့အချိန်ကျရင် အသင်းက ဘာဆုံးဖြတ်လဲမဆိုတာ စိတ်ဝင်စားစရာ ကောင်းလာတော့မယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။ အစွမ်းကုန်တောက်ပဖို့ အရှိန်ယူနေတဲ့ အသက် ၂၀ အရွယ် ကွင်းလယ်ကစားသမားဟာ ယခုရာသီ လိဂ်ပွဲ ၂၄ ပွဲ ပါဝင်ကစားပေးထားပြီး ၂၀၂၁ ခုနှစ် မေလက ဝုလ်ဗ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်မှာ စီနီယာပွဲဦးထွက်ခွင့် ရရှိခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ လာမယ့်ရာသီဟာ အသက် ၂၀ အရွယ် ကွင်းလယ်ကစားသမားရဲ့ နှစ်ဖြစ်လိမ့်မယ်လို့ ယုံကြည်ခဲ့ကြတာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ သတင်းထောက်တစ်ဦးရဲ့ “ ဒီနေ့ည စွမ်းဆောင်ရည်နဲ့ပတ်သတ်ပြီး နည်းပြ Erik Ten Hag ဆီက ချီးကျူးတဲ့ message ရောက်လာဖို့မျှော်လင့်ထားလား” ဆိုတဲ့မေးခွန်းအပေါ် Hannibal က ခုလိုပြန်လည်ဖြေကြားသွားခဲ့ပါတယ်။ “ Boss က Sky Sports ကိုကြည့်နေမယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ ရာသီကုန်တဲ့အထိ ကျနော် ဘာမင်ဂမ်စီးတီးအတွက်ပဲ အာရုံစိုက်ထားချင်ပါတယ်။ နွေရာသီမှာ ဘာတွေဖြစ်မလဲဆိုတာ ကျနော်တို့စောင့်ကြည့်ရမှာပါ။