ခံစစ္ဘုရင္ အီတလီဂႏၲဝင္ ခ်ီလီနီကိုယ္တိုင္ ခ်ီးက်ဴးျခင္းခံခဲ့ရတဲ့ သရဲနီခံစစ္မႉး မာတီနက္ဇ္
|ခံစစ္ဘုရင္ အီတလီဂႏၲဝင္ ခ်ီလီနီကိုယ္တိုင္ ခ်ီးက်ဴးျခင္းခံခဲ့ရတဲ့ သရဲနီခံစစ္မႉး မာတီနက္ဇ္
ဂ်ဳဗင္တပ္စ္အသင္းနဲ႔ အီတလီလက္ေ႐ြးစင္အသင္းတို႔ရဲ႕ ဝါရင့္ ခံစစ္ကစားသမားႀကီး ခ်ီလီနီက မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အာဂ်င္တီးနား ေနာက္ခံကစားသမား လီဆန္ဒ႐ိုမာတီနက္ဇ္ကို နည္းစနစ္ပိုင္း ျပည့္စုံတဲ့ ကစားသမားတစ္ဦးလို႔ ခ်ီးက်ဴး ေျပာဆိုသြားခဲ့ပါတယ္။ ဒီႏွစ္ ေဘာလုံးရာသီရဲ႕ ေႏြေဈးကြက္အတြင္းမွ ေအဂ်က္စ္အသင္းကေန ယူႏိုက္တက္အသင္းဆီကို ေရာက္ရွိလာခဲ့တဲ့ ေနာက္ခံလူ မာတီနက္ဇ္ဟာ သာမန္ ခံစစ္မႉးတစ္ဦး ရွိသင့္ရွိထိုက္တဲ့ အရပ္အေမာင္းမ်ိဳးကို ပိုင္ဆိုင္ထားျခင္း မရွိေပမဲ့လည္း ခံစစ္ နည္းစနစ္ပိုင္း ေကာင္းမြန္သလို အသင္းအတြက္ကိုလည္း ရဲရဲရင့္ရင့္နဲ႔ aggressive ဆန္ဆန္ ကစားေပးႏိုင္သူလည္း ျဖစ္ပါတယ္။
ဒီကစားသမားကို ဝါရင့္ ေနာက္ခံလူႀကီး ခ်ီလီနီက “သူက အရမ္းေတာ္တယ္။ နည္းစနစ္ပိုင္းအရ အရမ္းေကာင္းၿပီး ခံယူခ်က္လည္း ေကာင္းမြန္တယ္။ သူက အရပ္မျမင့္မားဘူး။ ဒါေပမဲ့ aggressive ဆန္တယ္။ ျမန္တယ္။ နည္းစနစ္ပိုင္းအရ ၿပီးျပည့္စုံတယ္” “သူက တျခား ေနာက္ခံလူတစ္ဦးနဲ႔ ေရာေႏွာထားသလိုမ်ိဳးကို သူက ၿပီးျပည့္စုံေနတယ္။ ဒါေပမဲ့ ကြၽန္ေတာ္နဲ႔ ဘႏူခ်ီအတြက္ကေတာ့ အၿမဲတမ္း အတူတူပါပဲ။ ကြၽန္ေတာ္တို႔ တစ္ေယာက္ကိုတစ္ေယာက္ ၿပီးျပည့္စုံေနေအာင္ လုပ္ေဆာင္ခဲ့ပါတယ္။ လီဆန္ဒ႐ိုက ေအာ္တာမန္ဒီတို႔ ႐ိုမဲရ္ိုးတို႔နဲ႔ ႏိုင္ငံအသင္းမွာ ကစားႏိုင္တယ္။ သူနဲ႔သာ တြဲကစားရရင္ သူတို႔လည္း perfect ျဖစ္လာလိမ့္မယ္။
အ႐ိုးသားဆုံး ေျပာရရင္ ကြၽန္ေတာ္ သူ႔ကို ခံစစ္မႉးတစ္ဦးအျဖစ္နဲ႔ စၿပီး ျမင္ေတြ႕ခဲ့ရတုန္းကေတာ့ အခုလို အေနအထားမ်ိဳးအထိ ေရာက္လာႏိုင္လိမ့္မယ္လို႔ မထင္ခဲ့ဘူး။ ဒီလို မထင္ခဲ့မိတာ မွားတာပါပဲ။ သူက လြန္ခဲ့တဲ့ (၂)ႏွစ္အတြင္းမွာ မယုံႏိုင္စရာေတြ လုပ္ေဆာင္ခဲ့ပါတယ္။ အဂၤလန္လိဂ္ေတြက ကစားရခက္တယ္။ ဒါေပမဲ့ သူက ေျခစြမ္းျပသႏိုင္တယ္။ သူက ဘယ္ေတာ့မွ အရႈံးမေပးဘူး။ အရပ္ျမင့္တဲ့ တိုက္စစ္ကစားသမားေတြနဲ႔လည္း ရင္ဆိုင္ရဲတယ္။ သူရဲ႕စိတ္ဓါတ္ကို ေတာ္ေတာ္ သေဘာက်မိတယ္” လို႔ ေျပာဆိုသြားခဲ့ပါတယ္။
အာဂ်င္တီးနားလက္ေ႐ြးစင္ ခံစစ္ကစားသမား မာတီနက္ဇ္ဟာ ယူႏိုက္တက္အသင္းဆီ မေျပာင္းေ႐ႊ႕ခင္ကတည္းက ေအဂ်က္စ္အသင္းရဲ႕ တစ္ႏွစ္တာ အေကာင္းဆုံး ကစားသမားဆုကို ပိုင္ဆိုင္ခဲ့တဲ့ ေနာက္ခံလူျဖစ္ၿပီး သူ႔ကို ကလပ္အသင္းမ်ားစြာ ေစာင့္ၾကည့္ေနတဲ့ၾကားက ဆရာသမားေဟာင္းျဖစ္သူ အဲရစ္တန္ဟက္ဂ္က ယူႏိုက္တက္အသင္းဆီ အရ ေခၚေဆာင္သြားခဲ့တာပဲ ျဖစ္ပါတယ္။
crd
unicode
ခံစစ်ဘုရင် အီတလီဂန္တဝင် ချီလီနီကိုယ်တိုင် ချီးကျူးခြင်းခံခဲ့ရတဲ့ သရဲနီခံစစ်မှူး မာတီနက်ဇ်
ဂျုဗင်တပ်စ်အသင်းနဲ့ အီတလီလက်ရွေးစင်အသင်းတို့ရဲ့ ဝါရင့် ခံစစ်ကစားသမားကြီး ချီလီနီက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အာဂျင်တီးနား နောက်ခံကစားသမား လီဆန်ဒရိုမာတီနက်ဇ်ကို နည်းစနစ်ပိုင်း ပြည့်စုံတဲ့ ကစားသမားတစ်ဦးလို့ ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။ ဒီနှစ် ဘောလုံးရာသီရဲ့ နွေဈေးကွက်အတွင်းမှ အေဂျက်စ်အသင်းကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တဲ့ နောက်ခံလူ မာတီနက်ဇ်ဟာ သာမန် ခံစစ်မှူးတစ်ဦး ရှိသင့်ရှိထိုက်တဲ့ အရပ်အမောင်းမျိုးကို ပိုင်ဆိုင်ထားခြင်း မရှိပေမဲ့လည်း ခံစစ် နည်းစနစ်ပိုင်း ကောင်းမွန်သလို အသင်းအတွက်ကိုလည်း ရဲရဲရင့်ရင့်နဲ့ aggressive ဆန်ဆန် ကစားပေးနိုင်သူလည်း ဖြစ်ပါတယ်။
ဒီကစားသမားကို ဝါရင့် နောက်ခံလူကြီး ချီလီနီက “သူက အရမ်းတော်တယ်။ နည်းစနစ်ပိုင်းအရ အရမ်းကောင်းပြီး ခံယူချက်လည်း ကောင်းမွန်တယ်။ သူက အရပ်မမြင့်မားဘူး။ ဒါပေမဲ့ aggressive ဆန်တယ်။ မြန်တယ်။ နည်းစနစ်ပိုင်းအရ ပြီးပြည့်စုံတယ်” “သူက တခြား နောက်ခံလူတစ်ဦးနဲ့ ရောနှောထားသလိုမျိုးကို သူက ပြီးပြည့်စုံနေတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ ဘနူချီအတွက်ကတော့ အမြဲတမ်း အတူတူပါပဲ။ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ပြီးပြည့်စုံနေအောင် လုပ်ဆောင်ခဲ့ပါတယ်။ လီဆန်ဒရိုက အော်တာမန်ဒီတို့ ရိုမဲရ်ိုးတို့နဲ့ နိုင်ငံအသင်းမှာ ကစားနိုင်တယ်။ သူနဲ့သာ တွဲကစားရရင် သူတို့လည်း perfect ဖြစ်လာလိမ့်မယ်။
အရိုးသားဆုံး ပြောရရင် ကျွန်တော် သူ့ကို ခံစစ်မှူးတစ်ဦးအဖြစ်နဲ့ စပြီး မြင်တွေ့ခဲ့ရတုန်းကတော့ အခုလို အနေအထားမျိုးအထိ ရောက်လာနိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဒီလို မထင်ခဲ့မိတာ မှားတာပါပဲ။ သူက လွန်ခဲ့တဲ့ (၂)နှစ်အတွင်းမှာ မယုံနိုင်စရာတွေ လုပ်ဆောင်ခဲ့ပါတယ်။ အင်္ဂလန်လိဂ်တွေက ကစားရခက်တယ်။ ဒါပေမဲ့ သူက ခြေစွမ်းပြသနိုင်တယ်။ သူက ဘယ်တော့မှ အရှုံးမပေးဘူး။ အရပ်မြင့်တဲ့ တိုက်စစ်ကစားသမားတွေနဲ့လည်း ရင်ဆိုင်ရဲတယ်။ သူရဲ့စိတ်ဓါတ်ကို တော်တော် သဘောကျမိတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။
အာဂျင်တီးနားလက်ရွေးစင် ခံစစ်ကစားသမား မာတီနက်ဇ်ဟာ ယူနိုက်တက်အသင်းဆီ မပြောင်းရွှေ့ခင်ကတည်းက အေဂျက်စ်အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ပိုင်ဆိုင်ခဲ့တဲ့ နောက်ခံလူဖြစ်ပြီး သူ့ကို ကလပ်အသင်းများစွာ စောင့်ကြည့်နေတဲ့ကြားက ဆရာသမားဟောင်းဖြစ်သူ အဲရစ်တန်ဟက်ဂ်က ယူနိုက်တက်အသင်းဆီ အရ ခေါ်ဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။
crd