ခဏတာ အငွားနဲ႔လာကစားေနေပမယ့္ အရာအားလုံးေပးဆပ္သြားဖို႔ စိတ္ပိုင္းျဖတ္ထားတယ္ဆိုတဲ့ သရဲနီတိုက္စစ္မႉး ဝက္ေဟာ့
|ခဏတာ အငွားနဲ႔လာကစားေနေပမယ့္ အရာအားလုံးေပးဆပ္သြားဖို႔ စိတ္ပိုင္းျဖတ္ထားတယ္ဆိုတဲ့ သရဲနီတိုက္စစ္မႉး ဝက္ေဟာ့
မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ တနဂၤေႏြညက ကစားခဲ့တဲ့ ကာရာေဘာင္ဖလား ဗိုလ္လုပြဲမွာ နယူးကာဆယ္ အသင္းကို အႏိုင္ယူကာ ခ်န္ပီယံ ျဖစ္ခဲ့ၿပီးေနာက္ ဒီရာသီမွာ သူတို႔အတြက္ ျဖစ္ႏိုင္ေျခရွိတဲ့ ဆုဖလား၄လုံးထဲက ပထမဆုံး ဆုဖလားကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ အဆိုပါ ဗိုလ္လုပြဲ အၿပီးမွာ မန္ခ်က္စတာ ယူႏိုက္တက္ တိုက္စစ္မႉး ဝဂ္ေဟာ့စ္က သူတို႔ အသင္းဟာ ေနာက္ထပ္ ဆုဖလားေတြ ဆြတ္ခူးႏိုင္ဖို႔ ဆႏၵျပင္းျပေနေၾကာင္း ေျပာလိုက္ၿပီး၊ ကာရာေဘာင္ဖလား ရရွိခဲ့ၿပီးေနာက္ ဆုဖလား၄လုံးထိ ရယူသြားႏိုင္ဖို႔ ပစ္မွတ္ထားေနတယ္လို႔ ႀကဳံးဝါးသြားခဲ့ပါတယ္။
သရဲနီတို႔ဟာ ၿပီးခဲ့တဲ့ တနဂၤေႏြညက နယူးကာဆယ္ အသင္းကို ၂-၀ဂိုးနဲ႔ အႏိုင္ယူကာ ခ်န္ပီယံ ျဖစ္ခဲ့ၿပီး၊ သူတို႔ဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲ၊ အက္ဖ္ေအဖလား ၿပိဳင္ပြဲနဲ႔ ယူ႐ိုပါလိဂ္ ၿပိဳင္ပြဲေတြမွာလည္း ခ်န္ပီယံဆု ရယူႏိုင္ဖို႔ အခြင့္အေရး ရွိေနပါေသးတယ္။ ဒါ့ေၾကာင့္ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းနဲ႔ ပထမဆုံး ဆုဖလားကို ဆြတ္ခူးႏိုင္ခဲ့တဲ့ ဝဂ္ေဟာ့စ္က အိုးလ္ထရက္ဖို႔ဒ္မွာ သူ႔ရဲ႕ အငွါးစာခ်ဳပ္ သက္တမ္း မကုန္ဆုံးမီ ေနာက္ထပ္ ဆုဖလားေတြ ရယူသြားႏိုင္ဖို႔ စိတ္ပိုင္းျဖတ္ထားေၾကာင္း အခုလို ေျပာသြားခဲ့ပါတယ္။
“ကြၽန္ေတာ္တို႔ အသင္းဟာ ဒီရာသီမွာ ပထမဆုံး ဆုဖလားကို ဆြတ္ခူးႏိုင္ခဲ့ၿပီး၊ ေနာက္ထပ္ ၿပိဳင္ပြဲ၃ခုမွာလည္း ခ်န္ပီယံဆု ရယူႏိုင္ဖို႔ အခြင့္အေရး ရွိေနပါေသးတယ္။ ဒါ့ေၾကာင့္ ကြၽန္ေတာ့္ အေနနဲ႔ ဒီအသင္းမွာ ဆုဖလားေတြ ထပ္ယူႏိုင္ဖို႔ ဆႏၵျပင္းျပေနတာပါ။” “ဟုတ္ပါတယ္ ကြၽန္ေတာ္တို႔ အတြက္ ေနာက္ထပ္ ရႏိုင္ေျခရွိတဲ့ ဆုဖလား၃လုံး က်န္ေနတာပါ။ ဒီရာသီမွာ ပထမဆုံး ဆုဖလားကို ဆြတ္ခူးႏိုင္ခဲ့တာေၾကာင့္၊ ေအာင္ျမင္မႈ အတြက္ ေပ်ာ္ေနရမွာ ျဖစ္ေပမယ့္၊ ဒီေအာင္ျမင္မႈအေပၚ သာယာမေနပဲ ေနာက္ထပ္ ၿပိဳင္ပြဲ၃ခုမွာ ဆက္ႀကိဳးစားဖို႔ လိုအပ္ပါတယ္။”
နယ္သာလန္သား တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ အိုးလ္ထရက္ဖို႔ဒ္ကို အငွါးစာခ်ဳပ္နဲ႔ ေရာက္ရွိလာခဲ့သူ ျဖစ္ၿပီး၊ သူဟာ အသင္းကို ေရာက္ရွိလာခ်ိန္ ကတည္းက ၁၀ပြဲကစားခဲ့ရာ ၁ဂိုးသာ သြင္းယူ ေပးထားႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ဝဂ္ေဟာ့စ္ဟာ နယူးကာဆယ္ အသင္းကို ၂-၀ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ အသင္းအတြက္ အေရးပါတဲ့ အခန္းက႑ကေန ကူညီေပးခဲ့ကာ မားကပ္စ္ ရပ္ခ္်ဖို႔ဒ္ သြင္းယူခဲ့တဲ့ ဒုတိယ အႏိုင္ဂိုးကို ဖန္တီးေပးခဲ့ၿပီး၊ ပြဲအၿပီးမွာ အခုလို ထပ္ေျပာသြားခဲ့ပါတယ္။
“အသင္းနဲ႔အတူ ခ်န္ပီယံ ျဖစ္ခဲ့တဲ့ ခံစားခ်က္က သိပ္ေကာင္းပါတယ္။ ကြၽန္ေတာ္က မန္ခ်က္စတာ ယူႏိုက္တက္မွာ အခ်ိန္အၾကာႀကီး ရွိမေနခဲ့ေပမယ့္၊ အသင္းကေတာ့ အရင္ကတည္းက ဆုဖလားေတြ အမ်ားႀကီး ရယူထားႏိုင္ခဲ့ၿပီးသားပါ။ အခု ယူႏိုက္တက္ရဲ႕ ေနရာမွန္ကို ျပန္ေရာက္ေနၿပီလို႔ ခံစားမိပါတယ္။” “မန္ခ်က္စတာ ယူႏိုက္တက္လို အံ့အားသင့္စရာ ထိပ္သီး အသင္းတသင္း အတြက္ ကစားခြင့္ရတာ ဂုဏ္ယူမိၿပီး၊ အခြင့္အေရး ေပးခဲ့တဲ့ အဲရစ္တန္ဟဂ္ကို ေက်းဇူးတင္ပါတယ္။ ဒီလို သမိုင္းေၾကာင္းေကာင္းတဲ့ အသင္းတသင္း အတြက္ ကစားခြင့္ရဖို႔က ကြၽန္ေတာ့္ရဲ႕ ငယ္ဘဝအိပ္မက္ ဆိုရင္လည္း မမွားပါဘူး။” “ဟုတ္ပါတယ္ အံ့ဩစရာ ကလပ္အသင္းနဲ႔ ဗိုလ္လုပြဲ ကစားၿပီး အေရးပါတဲ့ အသင္းရဲ႕ ေအာင္ပြဲမွာ အေရးပါတဲ့ အခန္းက႑ကေန ပါဝင္ ကူညီေပးႏိုင္ဖို႔က ကြၽန္ေတာ့္ရဲ႕ ငယ္ဘဝအိပ္မက္ပါ။ ဒီအသင္းအတြက္ ကြၽန္ေတာ္ အရာအားလုံး ေပးဆပ္ ကစားခဲ့တာပါ။”
crd
unicode
ခဏတာ အငှားနဲ့လာကစားနေပေမယ့် အရာအားလုံးပေးဆပ်သွားဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုတဲ့ သရဲနီတိုက်စစ်မှူး ဝက်ဟော့
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေညက ကစားခဲ့တဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ နယူးကာဆယ် အသင်းကို အနိုင်ယူကာ ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် ဒီရာသီမှာ သူတို့အတွက် ဖြစ်နိုင်ခြေရှိတဲ့ ဆုဖလား၄လုံးထဲက ပထမဆုံး ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဆိုပါ ဗိုလ်လုပွဲ အပြီးမှာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဝဂ်ဟော့စ်က သူတို့ အသင်းဟာ နောက်ထပ် ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ ဆန္ဒပြင်းပြနေကြောင်း ပြောလိုက်ပြီး၊ ကာရာဘောင်ဖလား ရရှိခဲ့ပြီးနောက် ဆုဖလား၄လုံးထိ ရယူသွားနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။
သရဲနီတို့ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေညက နယူးကာဆယ် အသင်းကို ၂-၀ဂိုးနဲ့ အနိုင်ယူကာ ချန်ပီယံ ဖြစ်ခဲ့ပြီး၊ သူတို့ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲ၊ အက်ဖ်အေဖလား ပြိုင်ပွဲနဲ့ ယူရိုပါလိဂ် ပြိုင်ပွဲတွေမှာလည်း ချန်ပီယံဆု ရယူနိုင်ဖို့ အခွင့်အရေး ရှိနေပါသေးတယ်။ ဒါ့ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပထမဆုံး ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဝဂ်ဟော့စ်က အိုးလ်ထရက်ဖို့ဒ်မှာ သူ့ရဲ့ အငှါးစာချုပ် သက်တမ်း မကုန်ဆုံးမီ နောက်ထပ် ဆုဖလားတွေ ရယူသွားနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း အခုလို ပြောသွားခဲ့ပါတယ်။
“ကျွန်တော်တို့ အသင်းဟာ ဒီရာသီမှာ ပထမဆုံး ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး၊ နောက်ထပ် ပြိုင်ပွဲ၃ခုမှာလည်း ချန်ပီယံဆု ရယူနိုင်ဖို့ အခွင့်အရေး ရှိနေပါသေးတယ်။ ဒါ့ကြောင့် ကျွန်တော့် အနေနဲ့ ဒီအသင်းမှာ ဆုဖလားတွေ ထပ်ယူနိုင်ဖို့ ဆန္ဒပြင်းပြနေတာပါ။” “ဟုတ်ပါတယ် ကျွန်တော်တို့ အတွက် နောက်ထပ် ရနိုင်ခြေရှိတဲ့ ဆုဖလား၃လုံး ကျန်နေတာပါ။ ဒီရာသီမှာ ပထမဆုံး ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တာကြောင့်၊ အောင်မြင်မှု အတွက် ပျော်နေရမှာ ဖြစ်ပေမယ့်၊ ဒီအောင်မြင်မှုအပေါ် သာယာမနေပဲ နောက်ထပ် ပြိုင်ပွဲ၃ခုမှာ ဆက်ကြိုးစားဖို့ လိုအပ်ပါတယ်။”
နယ်သာလန်သား တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အိုးလ်ထရက်ဖို့ဒ်ကို အငှါးစာချုပ်နဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး၊ သူဟာ အသင်းကို ရောက်ရှိလာချိန် ကတည်းက ၁၀ပွဲကစားခဲ့ရာ ၁ဂိုးသာ သွင်းယူ ပေးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဝဂ်ဟော့စ်ဟာ နယူးကာဆယ် အသင်းကို ၂-၀ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ကူညီပေးခဲ့ကာ မားကပ်စ် ရပ်ခ်ျဖို့ဒ် သွင်းယူခဲ့တဲ့ ဒုတိယ အနိုင်ဂိုးကို ဖန်တီးပေးခဲ့ပြီး၊ ပွဲအပြီးမှာ အခုလို ထပ်ပြောသွားခဲ့ပါတယ်။
“အသင်းနဲ့အတူ ချန်ပီယံ ဖြစ်ခဲ့တဲ့ ခံစားချက်က သိပ်ကောင်းပါတယ်။ ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်မှာ အချိန်အကြာကြီး ရှိမနေခဲ့ပေမယ့်၊ အသင်းကတော့ အရင်ကတည်းက ဆုဖလားတွေ အများကြီး ရယူထားနိုင်ခဲ့ပြီးသားပါ။ အခု ယူနိုက်တက်ရဲ့ နေရာမှန်ကို ပြန်ရောက်နေပြီလို့ ခံစားမိပါတယ်။” “မန်ချက်စတာ ယူနိုက်တက်လို အံ့အားသင့်စရာ ထိပ်သီး အသင်းတသင်း အတွက် ကစားခွင့်ရတာ ဂုဏ်ယူမိပြီး၊ အခွင့်အရေး ပေးခဲ့တဲ့ အဲရစ်တန်ဟဂ်ကို ကျေးဇူးတင်ပါတယ်။ ဒီလို သမိုင်းကြောင်းကောင်းတဲ့ အသင်းတသင်း အတွက် ကစားခွင့်ရဖို့က ကျွန်တော့်ရဲ့ ငယ်ဘဝအိပ်မက် ဆိုရင်လည်း မမှားပါဘူး။” “ဟုတ်ပါတယ် အံ့ဩစရာ ကလပ်အသင်းနဲ့ ဗိုလ်လုပွဲ ကစားပြီး အရေးပါတဲ့ အသင်းရဲ့ အောင်ပွဲမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင် ကူညီပေးနိုင်ဖို့က ကျွန်တော့်ရဲ့ ငယ်ဘဝအိပ်မက်ပါ။ ဒီအသင်းအတွက် ကျွန်တော် အရာအားလုံး ပေးဆပ် ကစားခဲ့တာပါ။”