



crd
unicode
ကျွန်တော်တို့ချစ်တဲ့ ယူနိုက်တက်အသင်းကိုကယ်တင်ဖို့ သူပြန်လာခဲ့တာပါ လို့ဆိုလိုက်တဲ့ သရဲနီဂန္တဝင် ဝိန်းရွန်းနီ

မန်ချက်စတာယူနိက်တက်ကိုတစ်ကျော့ပြန်ရောက်လာတဲ့ရော်နယ်ဒိုဟာ အသင်းအတွက် သွင်းဂိုးအများဆုံးသွင်းယူပေးထားပေမယ့် လက်ရှိမှာ ဝေဖန်မှုတွေခံနေရပါတယ်။ဒီရာသီမှာ ခရစ်တီယာနိုက အသင်းရဲ့ကျန်တိုက်စစ်မှူးတွေ သွင်းဂိုးအရေအတွက်ထက် ပိုပီးသွင်းယူထားလျက်ရှိပါတယ်။ ရန်းနစ်အနေဖြင့် လက်ရှိ မန်ယူအသင်းသားများ၏ စိတ်ဓာတ်နှင့် သဘောထားများကို အပြောင်းအလဲပြုလုပ်ရန် အချိန်ယူရမည်ဖြစ်ကြောင်း၊ ရန်းနစ်သည် မန်ယူတွင် အောင်မြင်မှုရနိုင်ကြောင်း ရော်နယ်ဒိုက ထုတ်ဖော်ပြောဆိုလိုက်သည်။“ကျွန်တော်တို့ အတူတူညီညွတ်ဖို့ လိုပါတယ်။ အားလုံးက တစ်လှေထဲစီးနေသူတွေပါ။ အစကတည်းက အခက်အခဲတွေရှိမယ်ဆိုတာ အားလုံးက နားလည်ထားပြီးသားပါ။ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲစရာတွေ အများကြီးရှိပါတယ်။ မန်ယူမှာ ရာသီကောင်းတစ်ခုရမယ်လို့ ကျွန်တော် ယုံကြည်နေပါတယ်” ဟု ရော်နယ်ဒိုကပြောခဲ့ပါတယ်…

မန်ချက်စတာယူနိက်တက်ရဲ့ ရွှေရောင်လွှမ်းတဲ့နေ့ရက်တွေမှာ ရော်နယ်ဒို နဲ့ ဝိန်းရွန်းနီတို့တိုက်စစ်အတွဲဟာ ဆာအဲလက်စ်လက်အောက်မှာ ပြိုင်ဘက်တိုင်းကြောက်ခဲ့၇တဲ့ ကစားသမားတွေပါ…..ရော်နယ်ဒို အောင်မြင်ဖို့ အမြင့်ပျံတက်ဖို့ ဂိုးတွေသွင်းဖို့ ယူနိက်တက် Legend ကြီး ကျနော်တို့အချစ်တော်ကြီး ဝိန်းရွန်းနီဟာ ဇာတ်ပို့အဖြစ် ကျရာနေစစေရာက ဆိုပြီးကစားခဲ့ရပါတယ်…ယခုအခါမှာလည်း မီဒီယာတွေရော အသင်းရဲ့ကစားသမားတချို့ကပါ အသင်းမှာ ရော်နယ်ဒိုမရှိလည်းဖြစ်တယ်ဆိုတဲ့ စကားသံတွေကို တိတ်သွားစေဖို့ ဝိန်းရွန်းနီက ယခုလိုပြောခဲ့ပါတယ်…

ဝိန်းရွန်းနီ က ” ကျနော် မန်ချက်စတာကို ရော်နယ်ဒို ပြန်လာတော့ ပျော်မိပါတယ်..ကျနော်တို့ ချစ်တဲ့ ယူနိက်တက် ကို ကယ်တင်ဖို့ သူပြန်လာတာဘဲလေ…ဘာများထပ်ရချင်သေးလို့ သူပြန်လာရမှာလဲ….သူကလူငယ်တွေကို ဦးဆောင်လမ်းပြပေးနိုင်သူဆိုတာ မလွဲဘူးလို့ ကျနော်ယုံကြည်တယ်….သူရဲ့လမ်းညွှန်မှုနောက်ကိုလိုက်ပါ….အောင်မြင်မှုတွေ လိုက်လာမှာပါ….သူ့ရဲ့ အောင်မြင်မှုကို ဆာလောင်စိတ်က ယခုလက်ရှိ ယူနိက်တက်အသင်းသားဘယ်သူမှမမီဘူး…

သူ့ရဲ့အကွက်မြင်လုပ်ရှားမှုတွေ လုပ်ပေးနေတာတွေ နေရာယူမှုမှန်ကန်နေတာတွေကို. အင်္ဂလန်သားတွေဖြစ်တဲ့ ရတ်ဖို့စ် တို့ ဂရင်းဝုဒ်တို့မြင်တတ်ရတော့မယ်…သူလုပ်ရှားမှုတွေကြောင့် ယူနိက်တက်ဟာ ရာသီအစပိုင်းမှာအလုပ်ဖြစ်ခဲ့တယ်…သူ့အပေါ် ယုံကြည်မှုပျက်ပြီး ကွင်းထဲမှာ ဆက်ဆံရေးကျဲလာတော့ အသင်းရဲ့ကစားအား နဲ့ ကစားကွက်တည်ငြိမ်မှုက အောက်ကိုရောက်စပြုလာပြီ …အောင်မြင်မှုကို ဆာလောင်နေသူတွေကို နေရာပေးပါ….သူတို့ကြောင့် အသင်းကတောက်ပတာပါ ” ဟု ရော်နယ်ဒို ဆက်ရှိနေပေးဖို့ ထောက်ခံပြောဆိုသွားခဲ့ပါတယ်….

Add a Comment

Your email address will not be published. Required fields are marked *