crd
unicode
ကွင်းလယ်မှာ တစ်ခါမှ မကစားခဲ့ဖူးပေမယ့် ဘာကာနှင့်သရေပွဲစဥ်က သူ့အတွက်တော့ထူးရှယ်ပဲလို့ ဖွင့်ဟပြောဆိုလာတဲ့ သရဲနီတိုက်စစ်မှူး ဝဂ်ဟော့စ်
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ဝဂ်ဟော့စ် က ဘာစီလိုနာ အသင်းနဲ့ တစ်ဖက် နှစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲစဥ်မှာ ကွင်းလယ် နေရာမှာ ကစားခဲ့ရတာကို ပျော်ရွှင်မိကြောင်း ထုတ်ပြောသွားခဲ့လိုက််ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကြားရက်တုန်းက နူးကမ့်ကွင်းထဲ ဘာစီလိုနာ အသင်းနဲ့ ယူရို ပါလိဂ် 32 သင်း ရှုံးထွက် အဆင့်ရဲ့ ပထမ အကျော့ ပွဲစဥ်ကို ကစားခဲ့ရပြီး မားကပ်စ် ရပ်ရှ်ဖို့ ရဲ့ တောက်ပမှုနဲ့ အတူ အဝေးကွင်းမှာ သရေ ရလဒ် ရယူနိုင်ခဲ့ပါတယ် ။
ဒီပွဲမှာတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ်က အထောင်် တိုက်စစ်မှူး ဖြစ်တဲ့ ဝဂ်ဟော့စ် ကို ကွင်းလယ် တိုက််စစ် နေရာမှာထား ကစားစေခဲ့ပြီး မားကပ်စ် ရပ်ရှ်ဖို့ ကို အထောင် တိုက်စစ်မှူး အဖြစ် နေရာပြောင်းလဲ ကစားစေခဲ့ပါတယ် ။ ဒီနေရာမှာတော့ ဝဂ်ဟော့စ် ဟာ ဘာစီလိုနာ အသင်းရဲ့ အားထားရတဲ့ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကို ဖိအားပေး ကစားနိုင်ခဲ့ပြီး ပုံစံကောင်း အချို့ကို ပြသသွားနိုင်ခဲ့ပါတယ် ။ အခုတော့ ဒီနေရာမှာ ကစားရတာ ပျော်ကြောင််း ဝဂ်ဟော့စ် က ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။
” ဒါက high level ပွဲစဥ် တစ်ပွဲပါ ။ ပြီးခဲ့တဲ့ ပွဲစဥ်တုန်းက ကျွန်တော်ဟာ ဒီလို နေရာမှာ နာရီဝက်လောက် ကစားခဲ့ရပါသေးတယ် ။ အဲ့ဒီတုန်းက တန်ဟတ် ဟာ ကျွန်တော့်ရဲ့ ကစားပုံကို ကျေနပ်ခဲ့တယ်လို့ ထင်မိပါတယ် ။ အချို့က ကျွန်တော် ဒီနေရာမှာ ကစားနိုင်တယ်လို့ ပြောကြသေးတယ်လေ ” ” ပွဲစဥ်မှာ အပြောင်းအလဲ လုပ်ဖို့ အတွက် ကွင်းလယ်က အရမ်းကို အရေးပါလှပါတယ် ။ ဒီပွဲမှာတော့ ကျွန်တော့်ရဲ့ အလုပ်က သူတို့ရဲ့ လမ်းကြောင်းထဲ ဝင်နှောက်ဖို့ ဖြစ်ခဲ့ရပါတယ် ။ သူတို့ ပွဲစဥ်ထဲမှာ ကောင်းကောင်း ကစားလို့ မရအောင် ၊ စိတ်ရှုပ်အောင် လုပ်ခဲ့ရပါတယ် ”
” ပြီးတော့ ကျွန်တော့်အနေနဲ့ တစ်ဖန် ပြန်လည် တိုက်စစ်ဆင် ကစားနိုင်အောင် လုပ်ဆောင်ခဲ့ရပါတယ် ။ ဒီပွဲစဥ်မှာ သူတို့တွေဟာ ကစားရ ခက်ခဲခဲ့ကြတယ်လေ ။ ကျွန်တော်ဟာ ဒီနေရာမှာ တစ်ခါမှ မကစားခဲ့ဖူးပါဘူး ။ ကျွန်တော် ဒီကို ပွဲစဥ်တွေ ကစားချင်လို့ လာခဲ့တာပါ ” ” ဒီအတွက် နည်းပြထားစေတဲ့ နေရာမှာ ကစားရမှာပါပဲ ။ ဒါက စပါယ်ရှယ် ရက်စွဲပါ ။ ကျွန်တော် ပျော်ရွှင်မှုတွေ ခံစားခဲ့ရပါတယ် ။ တကယ့်ကို လှပတဲ့ ပွဲစဥ် တစ်ခုကို ကျွန်တော် ပိုင်ဆိုင်ခဲ့ရပါတယ် ” လို့ ဝဂ်ဟော့စ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။
Add a Comment
Your email address will not be published. Required fields are marked *