ကြင္းလယ္ကို အားျဖည့္ဖို႔အတြက္ ေနရာစုံကစားႏိုင္တဲ့ ကမာၻ႔ဖလားဆုရွင္ကို ေခၚယူဖို႔ျပင္ဆင္ေနတဲ့ တန္ဟက္ဂ္နဲ႔မန္ခ်က္
|ကြင္းလယ္ကို အားျဖည့္ဖို႔အတြက္ ေနရာစုံကစားႏိုင္တဲ့ ကမာၻ႔ဖလားဆုရွင္ကို ေခၚယူဖို႔ျပင္ဆင္ေနတဲ့ တန္ဟက္ဂ္နဲ႔မန္ခ်က္
ထိပ္တန္းအရည္အေသြးရွိတဲ့ ပရီးမီးယားလိဂ္အေတြ႕အႀကဳံရွိ ကမာၻ႔ဖလားဆုရွင္ကို ထပ္မံေခၚယူဖို႔ ျပင္ဆင္ေနတဲ့ မန္ယူအသင္း
ကြင္းလယ္ေနရာအတြက္ ကမာၻ႔ဖလားဆုရွင္ကို ေခၚယူဖို႔ ယူႏိုက္တက္အသင္း ျပင္ဆင္ေန
မန္ခ်က္စတာယူႏိုက္တက္အသင္းသည္ ယခုေဘာလုံးရာသီတြင္ ကာစီမဲ႐ိုးႏွင့္ အဲရစ္ဆင္တို႔လို ကမာၻ႔အဆင့္ေျခစြမ္းမ်ိဳးရွိတဲ့ ကစားသမား 2 ဦးကို ေခၚယူထားၿပီးသည့္တိုင္ေအာင္ ေနာက္ႏွစ္ေႏြရာသီတြင္ ထိပ္တန္းအရည္အေသြးရွိတဲ့ ကြင္းလယ္လူတစ္ဦးကို ထပ္မံေခၚယူဖို႔ ျပင္ဆင္ေနေၾကာင္း ယူႏိုက္တက္ႏွင့္နီးစပ္တဲ့ သတင္းေတြက အခိုင္အမာ ေဖာ္ျပထားပါသည္။
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ပစ္မွတ္စာရင္းေတြထဲမွာ ဘာစီလိုနာအသင္းမွ ဖရန္ကီဒီေဂ်ာင္ ႏွင့္ ေဒါ့မြန္အသင္းမွ ဂ်ဴစ္ဘယ္လင္ဟမ္တို႔အျပင္ 2022 ခုႏွစ္ ကာတာကမာၻ႔ဖလားႀကီးကို ဆြတ္ခူးထားႏိုင္ခဲ့သည့္ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ ဘ႐ိုက္တန္အသင္းရဲ႕ ကြင္းလယ္လူ မက္အလစၥတာ တို႔ ပါဝင္ေနေၾကာင္း Manchester United Evening News က ေဖာ္ျပလာခဲ့သည္။
မေန႔ညက ထြက္ေပၚလာတဲ့ သတင္းေတြအရ ယူႏိုက္တက္ဟာ ဘ႐ိုက္တန္အသင္းရဲ႕အာဂ်င္တီးနားကြင္းလယ္ ကစားသမားျဖစ္သူ မက္အလစၥတာကို ေခၚယူဖို႔ စိတ္ဝင္စားမႈရွိေနၿပီး ေနာက္ႏွစ္ေႏြရာသီတြင္ အိုးထရက္ဖိုဒ့္ကလပ္ထံ ေခၚယူဖို႔ ျပင္ဆင္မႈေတြ ျပဳလုပ္လာေၾကာင္း သိရွိရပါတယ္။
ေျပာင္းေ႐ြ႕ေၾကးကိုမူ တိက်ေသျခာစြာေဖာ္ျပထားခ်င္းမရွိေပမဲ့ ယူႏိုက္တက္ဟာ ကစားသမားဘက္ကိုကနဦးခ်ဥ္းကပ္မႈေတြျပဳလုပ္ထားၿပီး အေတာ္ေလးခရီးေရာက္ေနတာေၾကာင့္ မၾကာခင္မွာ ထူးျခားမႈတစ္စုံတစ္ရာ ထြက္ေပၚလာႏိုင္တယ္လို႔ ေဘာလုံးေရးရာကြၽမ္းက်င္သူအခ်ိဳ႕က သုံးသပ္ထားသည္။
အလစၥဟာ အာဂ်င္တီးနားအသင္းႏွင့္အတူ ေတာက္ပတဲ့အခ်ိန္ကာလတစ္ခုကို ပိုင္ဆိုင္ခဲ့ၿပီး သူ႔ရဲ႕ကစားသမားဘဝမွာ ပထမဦးဆုံး ကမာၻ႔ဖလားကို ဆြတ္ခူးထားႏိုင္ပါတယ္။ ယခုရာသီ ပရီးမီးယားလိဂ္တြင္ အလစၥဟာ လိဂ္ပြဲ 16 ပြဲထိ ပါဝင္ကစားခြင့္ ရရွိထားသူျဖစ္ၿပီး သြင္းဂိုး 5 ဂိုး သြင္းယူထားႏိုင္ပါတယ္။
အလစၥဟာ သူပါဝင္ခြင့္ရရွိတဲ့ ပြဲတိုင္းမွာ ေကာင္းမြန္တဲ့စြမ္းေဆာင္ရည္ေတြကို ျပသထားႏိုင္ခဲ့သည့္အျပင္ ကြင္းလယ္မွာလဲ ေနရာစုံ ကစားႏိုင္စြမ္းရွိတာေၾကာင့္ ယူႏိုက္တက္ဘက္က ၎တို႔ရဲ႕ကြငိးလယ္အတြက္ ယင္းကစားသမားကို အလိုရွိေနတာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အလစၥတာကို စိတ္ဝင္စားတဲ့ တစ္ခုတည္းေသာ အသင္းမဟုတ္ဘဲ ခ်ဲလ္ဆအသင္းကလည္း ယင္းကစားသမားကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနေၾကာင္း သိရသည္။
crd
Unicode
ကွင်းလယ်ကို အားဖြည့်ဖို့အတွက် နေရာစုံကစားနိုင်တဲ့ ကမ္ဘာ့ဖလားဆုရှင်ကို ခေါ်ယူဖို့ပြင်ဆင်နေတဲ့ တန်ဟက်ဂ်နဲ့မန်ချက်
ထိပ်တန်းအရည်အသွေးရှိတဲ့ ပရီးမီးယားလိဂ်အတွေ့အကြုံရှိ ကမ္ဘာ့ဖလားဆုရှင်ကို ထပ်မံခေါ်ယူဖို့ ပြင်ဆင်နေတဲ့ မန်ယူအသင်း
ကွင်းလယ်နေရာအတွက် ကမ္ဘာ့ဖလားဆုရှင်ကို ခေါ်ယူဖို့ ယူနိုက်တက်အသင်း ပြင်ဆင်နေ
မန်ချက်စတာယူနိုက်တက်အသင်းသည် ယခုဘောလုံးရာသီတွင် ကာစီမဲရိုးနှင့် အဲရစ်ဆင်တို့လို ကမ္ဘာ့အဆင့်ခြေစွမ်းမျိုးရှိတဲ့ ကစားသမား 2 ဦးကို ခေါ်ယူထားပြီးသည့်တိုင်အောင် နောက်နှစ်နွေရာသီတွင် ထိပ်တန်းအရည်အသွေးရှိတဲ့ ကွင်းလယ်လူတစ်ဦးကို ထပ်မံခေါ်ယူဖို့ ပြင်ဆင်နေကြောင်း ယူနိုက်တက်နှင့်နီးစပ်တဲ့ သတင်းတွေက အခိုင်အမာ ဖော်ပြထားပါသည်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပစ်မှတ်စာရင်းတွေထဲမှာ ဘာစီလိုနာအသင်းမှ ဖရန်ကီဒီဂျောင် နှင့် ဒေါ့မွန်အသင်းမှ ဂျူစ်ဘယ်လင်ဟမ်တို့အပြင် 2022 ခုနှစ် ကာတာကမ္ဘာ့ဖလားကြီးကို ဆွတ်ခူးထားနိုင်ခဲ့သည့် ပရီးမီးယားလိဂ်ပြိုင်ဘက် ဘရိုက်တန်အသင်းရဲ့ ကွင်းလယ်လူ မက်အလစ္စတာ တို့ ပါဝင်နေကြောင်း Manchester United Evening News က ဖော်ပြလာခဲ့သည်။
မနေ့ညက ထွက်ပေါ်လာတဲ့ သတင်းတွေအရ ယူနိုက်တက်ဟာ ဘရိုက်တန်အသင်းရဲ့အာဂျင်တီးနားကွင်းလယ် ကစားသမားဖြစ်သူ မက်အလစ္စတာကို ခေါ်ယူဖို့ စိတ်ဝင်စားမှုရှိနေပြီး နောက်နှစ်နွေရာသီတွင် အိုးထရက်ဖိုဒ့်ကလပ်ထံ ခေါ်ယူဖို့ ပြင်ဆင်မှုတွေ ပြုလုပ်လာကြောင်း သိရှိရပါတယ်။
ပြောင်းရွေ့ကြေးကိုမူ တိကျသေခြာစွာဖော်ပြထားချင်းမရှိပေမဲ့ ယူနိုက်တက်ဟာ ကစားသမားဘက်ကိုကနဦးချဥ်းကပ်မှုတွေပြုလုပ်ထားပြီး အတော်လေးခရီးရောက်နေတာကြောင့် မကြာခင်မှာ ထူးခြားမှုတစ်စုံတစ်ရာ ထွက်ပေါ်လာနိုင်တယ်လို့ ဘောလုံးရေးရာကျွမ်းကျင်သူအချို့က သုံးသပ်ထားသည်။
အလစ္စဟာ အာဂျင်တီးနားအသင်းနှင့်အတူ တောက်ပတဲ့အချိန်ကာလတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး သူ့ရဲ့ကစားသမားဘဝမှာ ပထမဦးဆုံး ကမ္ဘာ့ဖလားကို ဆွတ်ခူးထားနိုင်ပါတယ်။ ယခုရာသီ ပရီးမီးယားလိဂ်တွင် အလစ္စဟာ လိဂ်ပွဲ 16 ပွဲထိ ပါဝင်ကစားခွင့် ရရှိထားသူဖြစ်ပြီး သွင်းဂိုး 5 ဂိုး သွင်းယူထားနိုင်ပါတယ်။
အလစ္စဟာ သူပါဝင်ခွင့်ရရှိတဲ့ ပွဲတိုင်းမှာ ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေကို ပြသထားနိုင်ခဲ့သည့်အပြင် ကွင်းလယ်မှာလဲ နေရာစုံ ကစားနိုင်စွမ်းရှိတာကြောင့် ယူနိုက်တက်ဘက်က ၎င်းတို့ရဲ့ကွငိးလယ်အတွက် ယင်းကစားသမားကို အလိုရှိနေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အလစ္စတာကို စိတ်ဝင်စားတဲ့ တစ်ခုတည်းသော အသင်းမဟုတ်ဘဲ ချဲလ်ဆအသင်းကလည်း ယင်းကစားသမားကို ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း သိရသည်။
crd