crd
unicode
“ကလော့ပ်ရဲ့အသင်းက တနင်္ဂနွေနေ့မှာ ယူနိုက်တက်ရဲ့လက်ထဲကိုရောက်သွားမှာပါ ” ဆိုတဲ့ ပေါလ်မာဆင်ရဲ့ လီဗာပူးလ် – မန်ယူ ပွဲကြိုသုံးသပ်ချက်
ဘောလုံးရေးရာသုံးသပ်သူ ပေါလ်မာဆင်က ယခုသီတင်းပတ်ကုန် အန်ဖီးလ်မှာကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ လီဗာပူးလ်နဲ့မန်ချက်စတာယူနိုက်တက်အသင်းအတွက် သူ့ရဲ့ခန့်မှန်းချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီရာသီအစမှာ အိုးလ်ထရက်ဖို့ဒ်မှာ တွေ့ဆုံခဲ့တုန်းက လီဗာပူးကို အနိုင်ရခဲ့ပါတယ်။ အဲရစ်တန်ဟက်ရဲ့ အသင်းဟာ ဘရိုက်တန်နဲ့ ဘရန့်ဖို့ဒ်တို့ကို ရှုံးနိမ့်ခဲ့ပေမယ့် လီဗာပူးကို 2-1 နဲ့ အနိုင်ယူပြီး တိုးတက်လာတဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။
သရဲနီတွေဟာ အဲဒီကတည်းက ခွန်အားတွေ ပြန်လည်ရရှိလာခဲ့ပြီး ပြီးခဲ့တဲ့လက ကာရာဘောင်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် တတိယနေရာမှာ ရပ်တည်နေပြီး FA ဖလားနဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေကိုလည်း ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ယာဂင်ကလော့ပ်ရဲ့လီဗာပူးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်အဆင့် (၆) နေရာမှာ ရှိနေပါတယ်။ ဒါပေမယ့် ဒီပွဲစဉ်မှာ မန်ယူက လီဗာပူးရဲ့ ထိပ်တန်းမျှော်လင့်ချက်ဖြစ်တဲ့ အဆင့်(၄)ဝင်မယ့်အခွင့်အရေးကို လျော့ပါးစေပြီး အန်ဖီးလ်မှာ 2-1 နဲ့ အနိုင်ရမယ်လို့ မာဆင်က ခန့်မှန်းလိုက်ပါတယ်။
“တကယ်လို့ အိမ်ရှင်တွေကအသာစီးကစားနေမယ်ဆိုရင် ယူနိုက်တက်လက်ထဲရောက်သွားပါလိမ့်မယ်။ဒါက အရမ်းအပြောင်းအလဲမြန်တဲ့ ဘောလုံးလောကပါပဲ ။ ဒီနေရာမှာ မန်ချက်စတာယူနိုက်တက်ရှုံးခဲ့ရင် အံ့သြမိမှာပါ။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဒီပွဲအကြောင်း ကျ‌နော်တို့ဘယ်နှစ်ခါပြောနိုင်သလဲ။ မန်ချက်စတာယူနိုက်တက် ကစားပုံက လီဗာပူးကို အနိုင်ရသွားမှာပါ” လို့ မာဆင်က ပြောကြားခဲ့ပါတယ်။
“သူတို့က တန်ပြန်တိုက်စစ်မှာ ထူးချွန်ပြီး သူတို့ရဲ့ ကစားသမားတွေက တန်ပြန်တဲ့အခါတိုင်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်တယ်။ ယူနိုက်တက်က လီဗာပူးက သူတို့ကို တိုက်စစ်ဆင်ကစားဖို့ လိုချင်ပါလိမ့်မယ်။ ဒါမှ သူတို့စိတ်ကြိုက် တန်ပြန်ကစားနိုင်မှာ။ ကလော့ပ်ရဲ့အသင်းဟာ တနင်္ဂနွေနေ့မှာ ယူနိုက်တက်ရဲ့လက်ထဲကို ရောက်သွားမှာပါ။” “အဲရစ်တန်ဟက်က သူ့ကစားသမားတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ အတိအကျ သိတယ်။ နည်းဗျူဟာအရပြောရရင် သူက အရမ်းတော်တယ်။ ကာရာဘောင်းဖလား ဖိုင်နယ်မှာ သူ့ရဲ့ လူစားလဲမှုမှန်ခဲ့သလို မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေလည်း ချခဲ့ပါတယ်။ သူဟာ တကယ်ကောင်းတဲ့ ခံစစ်နေရာ လူစားလဲမှု ပြုလုပ်ပြီး အချိန်မှန်မှာ ပွဲကိုအနိုင်ပိုင်းခဲ့ပါတယ်။”
Add a Comment
Your email address will not be published. Required fields are marked *