ကာလရွည္ပစ္မွတ္ ဂတ္ပိုကို လက္လႊတ္ခဲ့ရၿပီးေနာက္ ပိုႀကီးမားတဲ့ပစ္မွတ္ကို ေခၚယူဖြယ္ရွိေနတဲ့ ယူႏိုက္တက္ရဲ႕ေနာက္ကြယ္ကအေၾကာင္းအရင္း
|ကာလရွည္ပစ္မွတ္ ဂတ္ပိုကို လက္လႊတ္ခဲ့ရၿပီးေနာက္ ပိုႀကီးမားတဲ့ပစ္မွတ္ကို ေခၚယူဖြယ္ရွိေနတဲ့ ယူႏိုက္တက္ရဲ႕ေနာက္ကြယ္ကအေၾကာင္းအရင္း
ဂတ္ပိုကို လက္လႊတ္ခဲ့ရလို႔ ေဒါသထြက္ေနတဲ့ ယူႏိုက္တက္ပရိတ္သတ္ေတြ ေက်နပ္ႏွစ္သိမ့္ေစႏိုင္မယ့္ အေျပာင္းအေ႐ႊ႕ႀကီးကို ေဖာ္ေဆာင္ဖို႔ ႀကိဳးစားေနတဲ့ မန္ယူအသင္း
အေမရိကန္မိသားစု ဂေလဇာတို႔ ႏွစ္အေတာ္ၾကာပိုင္ဆိုင္ထားခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းသည္ ေနာက္ႏွစ္ေဘာလုံးရာသီတြင္ ပိုင္ရွင္သစ္အေျပာင္းအလဲမ်ားျဖစ္ေပၚလာႏိုင္ဖြယ္ရွိၿပီး အသင္းကိုျပဳျပင္ေျပာင္းလဲမႈေတြမ်ားစြာ ျပဳလုပ္လာႏိုင္ဖြယ္ရွိေၾကာင္း သတင္းေတြက အခိုင္အမာေဖာ္ျပလာခဲ့ပါတယ္။
ယခုလက္တေလာထြက္ေပၚလာတဲ့ သတင္းေတြမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းသည္ ပိုင္ရွင္သစ္အေျပာင္းအလဲျဖစ္လာဖို႔ရွိတဲ့ အေနအထားမ်ိဳးေၾကာင့္ အသင္းရဲ႕တိုက္စစ္ပိုင္းအတြက္ PSG အသင္းရဲ႕ျပင္သစ္လက္ေ႐ြးစင္တိုက္စစ္မႉး အမ္ဘာေပကို ေခၚယူဖို႔ စိတ္အားထက္သန္မႈရွိေၾကာင္း PSG အသင္းထံ အသိေပးေျပာၾကားမႈေတြ ျပဳလုပ္ထားေၾကာင္း သိရွိရပါတယ္။
ျပင္သစ္လက္ေ႐ြးစင္တိုက္စစ္မႉးသည္ ယခုေဘာလုံးရာသီတြင္ PSG အသင္းႏွင့္ 2025 ခုႏွစ္အထိ သက္တမ္းရွိေစမည့္ စာခ်ဳပ္သစ္အား ခ်ဳပ္ဆိုထားခဲ့ေသာ္လည္း PSG အသင္းဟာ စာခ်ဳပ္ပါအခ်က္အလက္မ်ားကို ျဖည့္ဆည္းႏိုင္စြမ္းမရွိတာေၾကာင့္ ဇန္နဝါရီေဈးကြက္တြင္ အသင္းမွထြက္ခြာဖို႔ ဆုံးျဖတ္ထားေၾကာင္း သိရွိရၿပီး ယင္းကစားသမားသည္ ပရီးမီးယားလိဂ္သို႔လာေရာက္ကစားလိုေၾကာင္း Sport ရဲ႕ေဖာ္ျပခ်က္အရ သိရွိရသည္။
အမ္ဘာေပကို ေခၚယူဖို႔ ဥေရာပအသင္းႀကီးအခ်ိဳ႕ျဖစ္တဲ့ ရီရဲလ္မက္ဒရစ္ ၊ မန္ခ်က္စတာယူႏိုက္တက္ ၊ လီဗာပူးလ္ႏွင့္ ခ်ယ္လ္ဆီးအသင္းတို႔က စိတ္ဝင္စားမႈရွိေသာ္လည္း ယူႏိုက္တက္ဟာ ဒီအေျပာင္းအေ႐ႊ႕ကို ဦးေဆာင္ထားေၾကာင္း ယူႏိုက္တက္ႏွင့္နီးစပ္တဲ့သတင္းေတြက ေဖာ္ျပလာခဲ့ပါသည္။ ယူႏိုက္တက္ရဲ႕ဂႏၲဝင္ကစားသမားေဟာင္းျဖစ္သူ ဝိန္း႐ြန္းနီကလည္း ‘ အမ္ဘာေပအေနျဖင့္ PSG အသင္းမ်ိဳးမွာ ဆက္လက္မကစားသင့္ေတာ့ဘဲ ၎အေနျဖင့္ ယူႏိုက္တက္ကိုေျပာင္းေ႐ႊ႕ၿပီး ကစားသမားဘဝ ေနာက္တစ္ဆင့္သို႔ တက္လွမ္းသင့္ေၾကာင္း ‘ ယခုသီတင္းပတ္အတြင္းမွာဘဲ အႀကံျပဳထားပါတယ္။
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ေရာ္နယ္ဒိုထြက္ခြာသြားတဲ့ အသင္းရဲ႕တိုက္စစ္ပိုင္းအတြက္ ေရရွည္အစားထိုးမႈအျဖစ္ အမ္ဘာေပရဲ႕အေျပာင္းအေ႐ႊ႕ကိုး အမိအရ ဆုပ္ကိုင္ထားေၾကာင္း သိရသည္။ အမ္ဘာေပကို ေခၚယူခ်င္သည့္မည္သည့္အသင္းမဆို ေပါင္သန္း ၁၀၀ ဝန္းက်င္ေလာက္ အသုံးျပဳရဖြယ္ရွိၿပီး ပိုင္ရွင္သစ္အေျပာင္းအလဲျဖစ္ႏိုင္တဲ့ ယူႏိုက္တက္အတြက္ ၎ဟာ ထိပ္တန္းပစ္မွတ္ျဖစ္လာဖြယ္ရွိသည္။
crd
Unicode
ကာလရှည်ပစ်မှတ် ဂတ်ပိုကို လက်လွှတ်ခဲ့ရပြီးနောက် ပိုကြီးမားတဲ့ပစ်မှတ်ကို ခေါ်ယူဖွယ်ရှိနေတဲ့ ယူနိုက်တက်ရဲ့နောက်ကွယ်ကအကြောင်းအရင်း
ဂတ်ပိုကို လက်လွှတ်ခဲ့ရလို့ ဒေါသထွက်နေတဲ့ ယူနိုက်တက်ပရိတ်သတ်တွေ ကျေနပ်နှစ်သိမ့်စေနိုင်မယ့် အပြောင်းအရွှေ့ကြီးကို ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့ မန်ယူအသင်း
အမေရိကန်မိသားစု ဂလေဇာတို့ နှစ်အတော်ကြာပိုင်ဆိုင်ထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းသည် နောက်နှစ်ဘောလုံးရာသီတွင် ပိုင်ရှင်သစ်အပြောင်းအလဲများဖြစ်ပေါ်လာနိုင်ဖွယ်ရှိပြီး အသင်းကိုပြုပြင်ပြောင်းလဲမှုတွေများစွာ ပြုလုပ်လာနိုင်ဖွယ်ရှိကြောင်း သတင်းတွေက အခိုင်အမာဖော်ပြလာခဲ့ပါတယ်။
ယခုလက်တလောထွက်ပေါ်လာတဲ့ သတင်းတွေမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းသည် ပိုင်ရှင်သစ်အပြောင်းအလဲဖြစ်လာဖို့ရှိတဲ့ အနေအထားမျိုးကြောင့် အသင်းရဲ့တိုက်စစ်ပိုင်းအတွက် PSG အသင်းရဲ့ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူဖို့ စိတ်အားထက်သန်မှုရှိကြောင်း PSG အသင်းထံ အသိပေးပြောကြားမှုတွေ ပြုလုပ်ထားကြောင်း သိရှိရပါတယ်။
ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးသည် ယခုဘောလုံးရာသီတွင် PSG အသင်းနှင့် 2025 ခုနှစ်အထိ သက်တမ်းရှိစေမည့် စာချုပ်သစ်အား ချုပ်ဆိုထားခဲ့သော်လည်း PSG အသင်းဟာ စာချုပ်ပါအချက်အလက်များကို ဖြည့်ဆည်းနိုင်စွမ်းမရှိတာကြောင့် ဇန်နဝါရီဈေးကွက်တွင် အသင်းမှထွက်ခွာဖို့ ဆုံးဖြတ်ထားကြောင်း သိရှိရပြီး ယင်းကစားသမားသည် ပရီးမီးယားလိဂ်သို့လာရောက်ကစားလိုကြောင်း Sport ရဲ့ဖော်ပြချက်အရ သိရှိရသည်။
အမ်ဘာပေကို ခေါ်ယူဖို့ ဥရောပအသင်းကြီးအချို့ဖြစ်တဲ့ ရီရဲလ်မက်ဒရစ် ၊ မန်ချက်စတာယူနိုက်တက် ၊ လီဗာပူးလ်နှင့် ချယ်လ်ဆီးအသင်းတို့က စိတ်ဝင်စားမှုရှိသော်လည်း ယူနိုက်တက်ဟာ ဒီအပြောင်းအရွှေ့ကို ဦးဆောင်ထားကြောင်း ယူနိုက်တက်နှင့်နီးစပ်တဲ့သတင်းတွေက ဖော်ပြလာခဲ့ပါသည်။ ယူနိုက်တက်ရဲ့ဂန္တဝင်ကစားသမားဟောင်းဖြစ်သူ ဝိန်းရွန်းနီကလည်း ‘ အမ်ဘာပေအနေဖြင့် PSG အသင်းမျိုးမှာ ဆက်လက်မကစားသင့်တော့ဘဲ ၎င်းအနေဖြင့် ယူနိုက်တက်ကိုပြောင်းရွှေ့ပြီး ကစားသမားဘဝ နောက်တစ်ဆင့်သို့ တက်လှမ်းသင့်ကြောင်း ‘ ယခုသီတင်းပတ်အတွင်းမှာဘဲ အကြံပြုထားပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ရော်နယ်ဒိုထွက်ခွာသွားတဲ့ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ရေရှည်အစားထိုးမှုအဖြစ် အမ်ဘာပေရဲ့အပြောင်းအရွှေ့ကိုး အမိအရ ဆုပ်ကိုင်ထားကြောင်း သိရသည်။ အမ်ဘာပေကို ခေါ်ယူချင်သည့်မည်သည့်အသင်းမဆို ပေါင်သန်း ၁၀၀ ဝန်းကျင်လောက် အသုံးပြုရဖွယ်ရှိပြီး ပိုင်ရှင်သစ်အပြောင်းအလဲဖြစ်နိုင်တဲ့ ယူနိုက်တက်အတွက် ၎င်းဟာ ထိပ်တန်းပစ်မှတ်ဖြစ်လာဖွယ်ရှိသည်။
crd