ကာရာေဘာင္ဖလားႏိုင္ပြဲမွ ရပ္တန္႔လို႔မရေအာင္ေကာင္းမြန္တဲ့ အသင္းေဖာ္တစ္ဦးရဲ႕ေျခစြမ္းကို အမႊမ္းတင္ခ်ီးက်ဴးသြားခဲ့လိုက္တဲ့ ရပ္ရွ္ဖို႔
|ကာရာေဘာင္ဖလားႏိုင္ပြဲမွ ရပ္တန္႔လို႔မရေအာင္ေကာင္းမြန္တဲ့ အသင္းေဖာ္တစ္ဦးရဲ႕ေျခစြမ္းကို အမႊမ္းတင္ခ်ီးက်ဴးသြားခဲ့လိုက္တဲ့ ရပ္ရွ္ဖို႔
မန္ခ်က္စတာယူႏိုက္တက္ အသင္းရဲ႕ ေတာင္ပံတိုက္စစ္ ကစားသမား ျဖစ္သူ မားကပ္စ္ ရပ္ရွ္ဖို႔ က ကာရာေဘာင္ ဖလား ၿပိဳင္ပြဲရဲ႕ Round 3 မွာ အက္စတြန္ ဗီလာ အသင္းကို 4 – 2 ဆိုတဲ့ ရလဒ္နဲ႔ အႏိုင္ရခဲ့တဲ့ေနာက္ အသင္းေဖာ္ အဲရစ္ဆင္ ကို ခ်ီးမြမ္းသြားခဲ့လိုက္ပါတယ္ ။ မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာာ ကာရာေဘာင္ဖလား ၿပိဳင္ပြဲရဲ႕ Round 3 ပြဲစဥ္အျဖစ္ အိုးလ္ ထရပ္ဖို႔ဒ္ ေျမမွာ အက္စတြန္ ဗီလာ အသင္းကို ဧည့္ခံ ကစားခဲ့ရၿပီး ပထမပိုင္းမွာ ဂိုးမသြင္းႏိုင္ခဲ့ေပမဲ့ ဒုတိယပိုင္္း သြင္းဂိုးေတြနဲ႔ အႏိုင္ယူသြားႏိုင္ခဲ့ပါတယ္ ။ အဲ့ဒီထဲမွာေတာ့ ယူႏိုက္တက္ လူငယ္ၾကယ္ပြင့္ ဂါနာခ်ိဳ က ဒုတိယပိုင္း လူစားဝင္ ကစားေပးခဲ့ၿပီး အႏိုင္ဂိုး ႏွစ္ဂိုးလုံးကို ဖန္တီးေပးခဲ့တာက လူေျပာမ်ားခဲ့ၿပီး ခ်ီးက်ဴးမႈေတြကို ရရွိေစႏိုင္ခဲ့ပါတယ္ ။ ဒါေပမဲ့ ရပ္ရွ္ဖို႔ကေတာ့ ပြဲစဥ္အၿပီး သတင္းစာ ရွင္းလင္းပြဲမွာ သူ႔အတြက္ ဂိုးဖန္တီးေပးခဲ့တဲ့ အဲရစ္ဆင္ကို အမႊမ္းတင္ သြားခဲ့လိုက္ပါတယ္ ။
” ပထမပိုင္းမွာေတာ့ ကြၽန္ေတာ္တို႔ ေဘာလုံးကိုင္ ကစားပုံ မေကာင္းခဲ့ဘူးလို႔ ထင္မိပါတယ္ ။ ကြၽန္ေတာ္တို႔ သူတို႔ေတြကို အခြင့္အေရး အမ်ားႀကီး ေပးခဲ့ၾကရပါတယ္ ။ ဒါဟာ အရင္တုန္းက ပြဲလို ျဖစ္ခဲ့ရျပန္ပါတယ္ ။ ဒုတိယပိုင္းမွာေတာ့ ကစားပုံ ပိုၿပီး ေကာင္းမြန္ခဲ့ပါတယ္ ” ” ကြၽန္ေတာ္တို႔ဟာ ယုံၾကည္မႈအျပည့္နဲ႔ ကစားရင္း အခြင့္အေရးေကာင္းေတြ ဖန္တီးထားႏိုင္ခဲ့ၿပီး ဂိုးေတြလည္း သြင္းယူႏိုင္ခဲ့ၾကပါတယ္ ။ သူတို႔ေတြဖက္ကလည္း ဖိအားေပး ကစားခဲ့ၾကတဲ့ အတြက္ ကြၽန္ေတာ္တို႔ဖက္ကလည္း စုေပါင္း ခုခံခဲ့ၾကရပါတယ္ ”” ကြၽန္ေတာ္တို႔ ေပးဂိုးေပးခဲ့ရတဲ့ ႏွစ္ႀကိမ္လုံးမွာ အျမန္ဆုံး ျပန္လည္ တုန္႔ျပန္ႏိုင္ခဲ့ၾကတယ္လို႔ ထင္မိပါတယ္ ။ ဒီအတြက္ ခြန္အားအျပည့္နဲ႔ ကစားခဲ့ၾကရပါတယ္ ။ ကြၽန္ေတာ္္တို႔ ေနာက္ကေန လိုက္ကစားရတာက ခက္ခဲတယ္ေလ ။ ဒါေပမဲ့ အျမန္ဆုံး တုန္႔ျပန္ႏိုင္တာက ယုံၾကည္မႈေတြေပးပါတယ္ ”
” ကြၽန္ေတာ့္ရဲ႕ သြင္းဂိုးမွာ အဲရစ္ဆင္ရဲ႕ ေပးပို႔မႈက တကယ့္ကို ေကာင္းမြန္ခဲ့ပါတယ္ ။ အဲ့ဒီမွာ တည္ၿငိမ္မႈေတြ ပါဝင္္ေနခဲ့ရပါတယ္ ။ ကြင္းထဲမွာ အျမန္ေျပးတဲ့ ကစားသမား အတြက္ ေဘာလုံးကိုင္ ကစားၿပီး အဲ့ဒီအခ်ိန္ကို ေလ်ာ့ခ်ေပးရင္း ေဘာလုံး အေရာက္ေပးပို႔ႏိုင္သူ ရွိေနဖို႔ လိုအပ္လွပါတယ္ ” ” ကြၽန္ေတာ္တို႔ အသင္း ေဘာလုံးကိုင္ ကစားတိုင္း သူတို႔အတြက္ ေ႐ြးခ်ယ္ခြင့္ေတြ ရွိေနဖို႔ အေရးႀကီးလွပါတယ္ ။ ကြၽန္ေတာ္တို႔ လႈပ္ရွားေလေလ ၊ သူ႔အတြက္ ေပးပို႔မႈ လုပ္ရတာ လြယ္ေလေလပါပဲ ။ သူက ထိပ္တန္း ကစားသမား တစ္ဦးပါပဲ ။ ကြၽန္ေတာ္ဟာ ပြဲမတိုင္မီ အဂၤလန္ အသင္းရဲ႕ ေခၚယူမႈကို ရရွိခဲ့ပါတယ္ ” ” ဒါေပမဲ့ ကြၽန္ေတာ့္ရဲ႕ အာ႐ုံေတြက မန္ခ်က္စတာ ယူႏိုက္တက္ အသင္းအေပၚမွာပဲ ရွိေနခဲ့ပါတယ္ ။ ကြၽန္ေတာ္ ဒီအသင္းအတြက္ ေျခစြမ္းျပႏိုင္မွ အဂၤလန္ အသင္းက ေခၚမွာေလ ။ အခုလို အသင္းအတြက္ ျပန္လည္ ကစားခြင့္ ရတဲ့ အတြက္ ေပ်ာ္႐ႊင္မိပါတယ္ ” လို႔ ရပ္ရွ္ဖို႔ က ေျပာခဲ့လိုက္တာပဲ ျဖစ္ပါတယ္ ။
မန္ခ်က္စတာ ယူႏိုက္တက္က အက္စ္တြန္ဗီလာကို ( ၄-၂ ) အႏိုင္ရခဲ့တဲ့ ကာရာေဘာင္ဖလား တတိယအဆင့္ပြဲစဥ္မွာ ခရစ္ရွန္ အဲရစ္ဆင္ကလည္း အဓိက ေနရာကေန ပါဝင္ခဲ့ပါတယ္။အသက္ ( ၃၀ ) အ႐ြယ္ ကြင္းလယ္လူဟာ ဒီပြဲစဥ္ကို အရံခုံကေနသာ စတင္ခဲ့ၿပီး ပြဲၿပီးဖို႔ မိနစ္ ( ၃၀ ) အလိုတြင္ လူစားဝင္ ကစားခြင့္ရခဲ့ပါတယ္။ ဖရက္ ႏွင့္ စေကာ့ မက္တြမ္မီေနးတို႔ အတြဲက ပြဲကို လႊမ္းမိုးကစားဖို႔ ႐ုန္းကန္ေနခဲ့ရေပမယ့္ ယူႏိုက္တက္ရဲ႕ နံပါတ္ ( ၁၄ )ပိုင္ရွင္ ဝင္လာၿပီးေနာက္မွာေတာ့ ယူႏိုက္တက္ တစ္သင္းလုံး တည္တည္ၿငိမ္ၿငိမ္ ျဖစ္သြားခဲ့ပါတယ္။
ဒိန္းမတ္လက္ေ႐ြးစင္ဟာ ယူႏိုက္တက္ကို ေရာက္ရွိလာၿပီးကတည္းက ဂိုးဖန္တီးမႈ ( ၅ ) ႀကိမ္ ျပဳလုပ္ထားၿပီးျဖစ္ပါတယ္။ ယခုပြဲစဥ္အတြင္းမွာလည္း အဲရစ္ဆင္က ေဘာလုံးေပးပို႔မႈ ( ၁၇ ) ႀကိမ္ ျပဳလုပ္ရာမွာ အားလုံးေအာင္ျမင္ခဲ့ၿပီး ( ၁၀၀ ) ရာခိုင္ႏႈန္း တိက်မႈရွိခဲ့ပါတယ္။ ေဘာလုံးထိခ်က္ ( ၂၂ ) ႀကိမ္ပဲ ျပဳလုပ္ခြင့္ရခဲ့ေပမယ့္ အခြင့္အေရး ( ၅ ) ႀကိမ္ထိ ဖန္တီးႏိုင္ခဲ့ၿပီး သူ႔ထက္ပိုမို ျပဳလုပ္ႏိုင္တဲ့သူ မရွိခဲ့ပါဘူး ။ လာမယ့္ တနဂၤေႏြေန႔ ဖူလ္ဟမ္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္မွာေတာ့ အဲရစ္ဆင္နဲ႔အတူ ဒီပြဲစဥ္ကို အရံခုံကေနပဲ စတင္ခဲ့ရတဲ့ သူ႔ရဲ႕ ပါတနာ ကက္စမဲ႐ိုးလည္း ပြဲထြက္ခြင့္ရဖို႔ ရွိေနပါတယ္။
crd
unicode
ကာရာဘောင်ဖလားနိုင်ပွဲမှ ရပ်တန့်လို့မရအောင်ကောင်းမွန်တဲ့ အသင်းဖော်တစ်ဦးရဲ့ခြေစွမ်းကို အမွှမ်းတင်ချီးကျူးသွားခဲ့လိုက်တဲ့ ရပ်ရှ်ဖို့
မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ က ကာရာဘောင် ဖလား ပြိုင်ပွဲရဲ့ Round 3 မှာ အက်စတွန် ဗီလာ အသင်းကို 4 – 2 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့နောက် အသင်းဖော် အဲရစ်ဆင် ကို ချီးမွမ်းသွားခဲ့လိုက်ပါတယ် ။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာာ ကာရာဘောင်ဖလား ပြိုင်ပွဲရဲ့ Round 3 ပွဲစဥ်အဖြစ် အိုးလ် ထရပ်ဖို့ဒ် မြေမှာ အက်စတွန် ဗီလာ အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ ဒုတိယပိုင််း သွင်းဂိုးတွေနဲ့ အနိုင်ယူသွားနိုင်ခဲ့ပါတယ် ။ အဲ့ဒီထဲမှာတော့ ယူနိုက်တက် လူငယ်ကြယ်ပွင့် ဂါနာချို က ဒုတိယပိုင်း လူစားဝင် ကစားပေးခဲ့ပြီး အနိုင်ဂိုး နှစ်ဂိုးလုံးကို ဖန်တီးပေးခဲ့တာက လူပြောများခဲ့ပြီး ချီးကျူးမှုတွေကို ရရှိစေနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ရပ်ရှ်ဖို့ကတော့ ပွဲစဥ်အပြီး သတင်းစာ ရှင်းလင်းပွဲမှာ သူ့အတွက် ဂိုးဖန်တီးပေးခဲ့တဲ့ အဲရစ်ဆင်ကို အမွှမ်းတင် သွားခဲ့လိုက်ပါတယ် ။
” ပထမပိုင်းမှာတော့ ကျွန်တော်တို့ ဘောလုံးကိုင် ကစားပုံ မကောင်းခဲ့ဘူးလို့ ထင်မိပါတယ် ။ ကျွန်တော်တို့ သူတို့တွေကို အခွင့်အရေး အများကြီး ပေးခဲ့ကြရပါတယ် ။ ဒါဟာ အရင်တုန်းက ပွဲလို ဖြစ်ခဲ့ရပြန်ပါတယ် ။ ဒုတိယပိုင်းမှာတော့ ကစားပုံ ပိုပြီး ကောင်းမွန်ခဲ့ပါတယ် ” ” ကျွန်တော်တို့ဟာ ယုံကြည်မှုအပြည့်နဲ့ ကစားရင်း အခွင့်အရေးကောင်းတွေ ဖန်တီးထားနိုင်ခဲ့ပြီး ဂိုးတွေလည်း သွင်းယူနိုင်ခဲ့ကြပါတယ် ။ သူတို့တွေဖက်ကလည်း ဖိအားပေး ကစားခဲ့ကြတဲ့ အတွက် ကျွန်တော်တို့ဖက်ကလည်း စုပေါင်း ခုခံခဲ့ကြရပါတယ် ”” ကျွန်တော်တို့ ပေးဂိုးပေးခဲ့ရတဲ့ နှစ်ကြိမ်လုံးမှာ အမြန်ဆုံး ပြန်လည် တုန့်ပြန်နိုင်ခဲ့ကြတယ်လို့ ထင်မိပါတယ် ။ ဒီအတွက် ခွန်အားအပြည့်နဲ့ ကစားခဲ့ကြရပါတယ် ။ ကျွန်တော််တို့ နောက်ကနေ လိုက်ကစားရတာက ခက်ခဲတယ်လေ ။ ဒါပေမဲ့ အမြန်ဆုံး တုန့်ပြန်နိုင်တာက ယုံကြည်မှုတွေပေးပါတယ် ”
” ကျွန်တော့်ရဲ့ သွင်းဂိုးမှာ အဲရစ်ဆင်ရဲ့ ပေးပို့မှုက တကယ့်ကို ကောင်းမွန်ခဲ့ပါတယ် ။ အဲ့ဒီမှာ တည်ငြိမ်မှုတွေ ပါဝင််နေခဲ့ရပါတယ် ။ ကွင်းထဲမှာ အမြန်ပြေးတဲ့ ကစားသမား အတွက် ဘောလုံးကိုင် ကစားပြီး အဲ့ဒီအချိန်ကို လျော့ချပေးရင်း ဘောလုံး အရောက်ပေးပို့နိုင်သူ ရှိနေဖို့ လိုအပ်လှပါတယ် ” ” ကျွန်တော်တို့ အသင်း ဘောလုံးကိုင် ကစားတိုင်း သူတို့အတွက် ရွေးချယ်ခွင့်တွေ ရှိနေဖို့ အရေးကြီးလှပါတယ် ။ ကျွန်တော်တို့ လှုပ်ရှားလေလေ ၊ သူ့အတွက် ပေးပို့မှု လုပ်ရတာ လွယ်လေလေပါပဲ ။ သူက ထိပ်တန်း ကစားသမား တစ်ဦးပါပဲ ။ ကျွန်တော်ဟာ ပွဲမတိုင်မီ အင်္ဂလန် အသင်းရဲ့ ခေါ်ယူမှုကို ရရှိခဲ့ပါတယ် ” ” ဒါပေမဲ့ ကျွန်တော့်ရဲ့ အာရုံတွေက မန်ချက်စတာ ယူနိုက်တက် အသင်းအပေါ်မှာပဲ ရှိနေခဲ့ပါတယ် ။ ကျွန်တော် ဒီအသင်းအတွက် ခြေစွမ်းပြနိုင်မှ အင်္ဂလန် အသင်းက ခေါ်မှာလေ ။ အခုလို အသင်းအတွက် ပြန်လည် ကစားခွင့် ရတဲ့ အတွက် ပျော်ရွှင်မိပါတယ် ” လို့ ရပ်ရှ်ဖို့ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။
မန်ချက်စတာ ယူနိုက်တက်က အက်စ်တွန်ဗီလာကို ( ၄-၂ ) အနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဥ်မှာ ခရစ်ရှန် အဲရစ်ဆင်ကလည်း အဓိက နေရာကနေ ပါဝင်ခဲ့ပါတယ်။အသက် ( ၃၀ ) အရွယ် ကွင်းလယ်လူဟာ ဒီပွဲစဥ်ကို အရံခုံကနေသာ စတင်ခဲ့ပြီး ပွဲပြီးဖို့ မိနစ် ( ၃၀ ) အလိုတွင် လူစားဝင် ကစားခွင့်ရခဲ့ပါတယ်။ ဖရက် နှင့် စကော့ မက်တွမ်မီနေးတို့ အတွဲက ပွဲကို လွှမ်းမိုးကစားဖို့ ရုန်းကန်နေခဲ့ရပေမယ့် ယူနိုက်တက်ရဲ့ နံပါတ် ( ၁၄ )ပိုင်ရှင် ဝင်လာပြီးနောက်မှာတော့ ယူနိုက်တက် တစ်သင်းလုံး တည်တည်ငြိမ်ငြိမ် ဖြစ်သွားခဲ့ပါတယ်။
ဒိန်းမတ်လက်ရွေးစင်ဟာ ယူနိုက်တက်ကို ရောက်ရှိလာပြီးကတည်းက ဂိုးဖန်တီးမှု ( ၅ ) ကြိမ် ပြုလုပ်ထားပြီးဖြစ်ပါတယ်။ ယခုပွဲစဥ်အတွင်းမှာလည်း အဲရစ်ဆင်က ဘောလုံးပေးပို့မှု ( ၁၇ ) ကြိမ် ပြုလုပ်ရာမှာ အားလုံးအောင်မြင်ခဲ့ပြီး ( ၁၀၀ ) ရာခိုင်နှုန်း တိကျမှုရှိခဲ့ပါတယ်။ ဘောလုံးထိချက် ( ၂၂ ) ကြိမ်ပဲ ပြုလုပ်ခွင့်ရခဲ့ပေမယ့် အခွင့်အရေး ( ၅ ) ကြိမ်ထိ ဖန်တီးနိုင်ခဲ့ပြီး သူ့ထက်ပိုမို ပြုလုပ်နိုင်တဲ့သူ မရှိခဲ့ပါဘူး ။ လာမယ့် တနင်္ဂနွေနေ့ ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာတော့ အဲရစ်ဆင်နဲ့အတူ ဒီပွဲစဥ်ကို အရံခုံကနေပဲ စတင်ခဲ့ရတဲ့ သူ့ရဲ့ ပါတနာ ကက်စမဲရိုးလည်း ပွဲထွက်ခွင့်ရဖို့ ရှိနေပါတယ်။