ကာရင်တန် နှစ်ရက်တာခရီးအတွင်း တန်ဟက်ဂ်ျထံမှ ဘာတွေသင်ယူနိုင်ခဲ့သလဲဆိုတာ ရှင်းပြလာတဲ့ တိုက်စစ်မှူးဟောင်း ဗန်ပါစီ




crd

unicode

ကာရင်တန် နှစ်ရက်တာခရီးအတွင်း တန်ဟက်ဂျ်ထံမှ ဘာတွေသင်ယူနိုင်ခဲ့သလဲဆိုတာ ရှင်းပြလာတဲ့ တိုက်စစ်မှူးဟောင်း ဗန်ပါစီ

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟန့်ရဲ့ အကြီးမားဆုံးအားသာချက်ဟာ မန်ယူအသင်းရဲ့ ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်နိုင်တဲ့ သူ့အရည်အချင်းဖြစ်တယ်လို့ ‌‌ရော်ဘင် ဗန်ပါစီက ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်တိုက်စစ်မှူးဟောင်းဟာ ပြီးခဲ့တဲ့လတုန်းက တန်ဟန့်နဲ့ နှစ်ရက်ကြာ အတူရှိခဲ့ပြီး၊ ကာရင်တန်လေ့ကျင့်‌ရေးကွင်းမှာ အနီးကပ်လေ့လာခွင့်ရခဲ့ပါတယ်။

ဗန်ပါစီကလည်း နည်းပြလောကထဲ စတင်ဝင်ရောက်နေသူဖြစ်ပြီး၊ တန်ဟန့်က အသင်းကို ဘယ်လိုနည်းပြရမလဲဆိုတာတင်မက၊ ကလပ် တစ်ခုလုံးကို ဘယ်လိုအုပ်ချုပ်ရမလဲဆိုတာပါ ပြသခဲ့တာကြောင့် ဗန်ပါစီက ကျေနပ်လျက်ရှိနေတာ ဖြစ်ပါတယ်။ ထိုအကြောင်းတွေကို ဗန်ပါစီက ” တန်ဟန့်နဲ့ ကျွန်တော် ပထမဆုံးတွေ့ဖြစ်ခဲ့တာက လွန်ခဲ့တဲ့နှစ်ပတ်လောက်ကပါ ” အဲ့ဒီမှာ နှစ်ရက်လောက်ကြာခဲ့တယ်။ သူက သူ့အသိပညာတွေကို မျှဝေချင်တယ်၊ ပြီးတော့ ကျွန်တော့်လို လူငယ်နည်းပြတွေကို သူက ကူညီချင်တယ်။

ကျွန်တော့်ရဲ့ ကစားသမားဘဝနေ့ရက်တွေက ကုန်သွားပါပြီ၊ ဒီတော့ ကစားပုံတွေအကြောင်းကို မတွေးဖြစ်တော့ဘူး။ နည်းစနစ်တွေ၊ နည်းဗျုဟာတွေနဲ့ အသင်းကို ကွင်းထဲမှာ အကောင်းဆုံးဖြစ်အောင် ဘယ်လိုမျိုး လုပ်ရမလဲဆိုတာတွေပဲ တွေးဖြစ်တော့တယ်။ သူက ကျွန်တော့်ကို အိုင်ဒီယာတစ်ချို့ပေးခဲ့တယ်။ နေရာတိုင်းကနေ အကြံဉာဏ်သစ်တွေ ကျွန်တော် ရပါတယ်၊ သူက ကျွန်တော့်ကို လမ်းဖွင့်ပေးခဲ့တဲ့သူတွေထဲက တစ်ဦးဖြစ်ပါတယ်။ လေ့ကျင့်ခန်းတိုင်းမှာ ရှင်းလင်းတဲ့ အိုင်ဒီယာနဲ့ ကစားသမားတိုင်းအတွက် တိကျတဲ့ပစ်မှတ်ရှိပါတယ်။

သူက ဘောလုံးပိုင်ဆိုင်ထားတဲ့အချိန်မှာကော ပြိုင်ဘက်က ဘောလုံးရနေတဲ့အချိန်မှာကော သူက အသုံးဝင်မယ့်အကြံတွေ အများကြီးပေးခဲ့တယ်။ သူ လုပ်ဆောင်နေတဲ့အလုပ်က ဝန်ကြီးချုပ်တစ်ယောက်လိုတောင် ကျွန်တော့်ကို ခံစားမိစေပါတယ်။ မန်ယူအသင်းမှာ နွေးနွေးထွေးထွေးကြိုဆိုခံရတယ်လို့ ကျွန်တော် အမြဲတမ်း ခံစားမိပါတယ်။ ပြီးတော့ လူတိုင်းက ယဥ်ကျေးပြီး၊ ပျော်နေတာကို မြင်ရတာ ကြိုက်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *