crd
unicode
ကာတာကမ္ဘာ့ဖလားမှာ ယူနိုက်တက်ကစားသမားတွေ ဝတ်ဆင်ကစားမယ့် ကျောနံပတ်တွေ ထွက်ပေါ်လာ
ဘောလုံးပရိတ်သတ်တွေအတွက် စိတ်ဝင်စားစရာအကောင်းဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲကျင်းပဖို့ အနီးကပ်ဆုံး ဖြစ်လာတာနဲ့အမျှ သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေကလည်း အဆင်သင့် ဖြစ်နေကြပါပြီ။ မန်ချက်စတာ ယူနိုက်တက်အသင်းမှ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ရောက် ကစားခွင့်ရတဲ့ ကစားသမားအရေအတွက်ဟာလည်း ၁၆ယောက်အထိ ရှိခဲ့တာပါ။
ယမန်နေ့ကတော့ သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေမှတဆင့် ကမ္ဘာ့ဖလားမှာ ဝတ်ဆင်ကစားကြမယ့် ကျောနံပတ်တွေကို ကြေညာခဲ့ကြပါတယ်။ အဂ်လန်အသင်းမှ ယူနိုက်တက်ကစားသမား (၃)ယောက် ပါဝင်ခဲ့ပြီး၊ မားကပ်ရက်ရှ်ဖိုဒ်၊ လုခ်ရှောနဲ့ မက်ကွိုင်းယားတို့ ဖြစ်ကြပါတယ်။ တိုက်စစ်မှုး မားကပ်ရက်ရှ်ဖို့ဒ်မှ ကျောနံပတ် ၁၁ကို ဝတ်ဆင်မှာဖြစ်သလို၊ လုခ်ရှောက နံပတ် ၃နဲ့ မက်ကွိုင်းယားက ကျောနံပတ် ၆ တို့ဖြစ်ကြပါတယ်။
ပေါ်တူဂီအသင်းမှာတော့ တိုက်စစ်မှုး ရော်နယ်လ်ဒိုက ကျောနံပတ်(၇)၊ ဒီယေဂိုဒါလော့က ကျောနံပတ်(၂)နဲ့ ဘရူနို ဖာနန်ဒက်က နံပတ်(၈)ကို ဝတ်ဆင်သွားမှာပါ။ ဘရာဇီးအသင်းမှာတော့ ကစ္စမဲရိုးက ကျောနံပတ်(၅)၊ ဖရက်ဒ်က ကျောနံပတ်(၈)၊ အဲလက်တဲလက်စ်က (၁၆)နဲ့ အန်တိုနီက ကျောနံပတ်(၁၉)တို့ ဖြစ်ပါတယ်။
ပြင်သစ်အသင်းနဲ့အတူ ဗာရန်းက ကျောနံပတ်(၄)၊ နယ်သာလန်နဲ့အတူ မာလာစီယာက(၁၆)၊ အာဂျင်တီးနားနဲ့အတူ မာတီနက်ဇ်က (၂၅) ဝတ်ဆင်သွားမှာပါ။ ဒိန်းမတ်အသင်းမှာ အဲရစ်ဆင်က နံပတ်(၁၀)၊ ဥရုဂွေးမှာ ပါယ်လစ္စထရီက နံပတ်(၈)၊ တူနီးရှားမှာ ဟန်နေဘယ်လ်က နံပတ်(၈)ကို အသီသးသီး ဝတ်ဆင်သွားကြမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲကိုတော့ ယခုလ ၂၀ရက်နေ့မှ ဒီဇင်ဘာ ၁၈ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ၂၀၂၂ရဲ့ ကမ္ဘာ့ဖလား ဆုဖလားကြီးကိုတော့ ဘယ်ကစားသမားတွေက ယူဆောင်လာနိုင်မလဲ စောင့်ကြည့်သွားရမှာပါ။