



crd

unicode

ကမ္ဘာ့အဆင့်လက်စွမ်းပိုင်ရှင် ဒီဂီယာကို ခြေစွမ်းပါမြှင့်တင်ပေးသွားတော့မယ် အဲရစ်တန်ဟဂ်

တန်းဟက်သည် မန်ယူအသင်းကို ရန်းနစ်လက်မှနေ၍ တနင်္လာနေ့တွင် စတင်လွှဲပြောင်း တာဝန်ယူခဲ့သည်။ တာဝန်ယူပြီး မကြာမီတွင်ပင် တန်းဟက်က မန်ယူ၏ နံပတ် ၁ ဂိုးသမား ဒဟေးယားသည် ကစားပုံကို ပြောင်းလဲဖို့ လိုအပ်ကြောင်း ပြောဆိုလိုက်သည်။ Daily Star ရဲ့ ဖော်ပြချက်အရ Ten Hag ဟာ လာမယ့်ရာသီအတွက် ပြင်ဆင်နေပြီး De Gea ဟာ သူ့ရဲ့နောက်တန်းကနေ ရုန်းထွက်ကစားခြင်းဟာ သူ့ရဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ ခံယူချက်ရဲ့ မရှိမဖြစ်အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် ဒီဂီယာကို သူ့ရဲ့ခြေရင်းမှာ ဘောလုံးနဲ့ ပိုကောင်းအောင်ပြုလုပ်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

စပိန်လက်ရွေးစင် ဂိုးသမားသည် ပြိုင်ဘက်များ၏ ဂိုးသွင်းမှုများကို ကာကွယ်ရာတွင် ကမ္ဘာ့အဆင့်ဖြစ်သော်လည်း မော်ဒန်ဘောလုံးလောကတွင် ဂိုးသမားများသည် အကောင်းဆုံးကန်ချက်များဖြင့် မိမိအသင်း၏ တိုက်စစ်ကို အစပြုနိုင်ရန် အရေးကြီးကြောင်း သတင်းများကဖော်ပြသည်။

တန်းဟက်က မန်ယူပထမဂိုးသမားတစ်ဦးအနေဖြင့် မိမိအသင်း၏ တိုက်စစ်ကို အထောက်အကူပြုသော ဘောလုံးပေးပို့မှုများကို ပြုလုပ်နိုင်ရန်အရေးကြီးကြောင်း ဂိုးသမားက တိုက်စစ်ကို အစပြုသည့် ဂိုးကန်ချက်မျိုး ပြုလုပ်နိုင်ရေးမှာ သူ၏ကစားကွက်တွင် အရေးပါသော အစိတ်အပိုင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သတင်းများကဆက်လက်ဖော်ပြသည်။

၎င်း၏ ကစားကွက်တွင် ဒီဂီယာ အလုပ်လုပ်သည်ကို မြင်တွေ့လိုပုံရပြီး Ten Hag လက်ထက်မှာ ဒါက Ajax ကစားပုံရဲ့ အဓိက အစိတ်အပိုင်းဖြစ်ပါတယ်။ လက်ရှိဘောလုံးရာသီတွင် ပရီးမီးယားလိဂ်၏ အကောင်းဆုံးဂိုးသမားရွှေလက်အိတ်ဆုကို လီဗာပူးမှ အယ်လစ်ဆင်နှင့် မန်စီးတီးမှ အီဒါဆင်တို့က ပူးတွဲရရှိခဲ့သည်။

Add a Comment

Your email address will not be published. Required fields are marked *