ကမာၻ႔အဆင့္ စြယ္စုံရတိုက္စစ္မႉး ဒိုင္ဘာလာကို ေလွ်ာ့ေစ်းနဲ႔ေခၚယူဖို႔ စိတ္ဝင္စားလာတဲ့ မန္ယူႏိုက္တက္

ပရီးမီးယားလိဂ္ နာမည္ႀကီးကလပ္ မန္ခ်က္စတာ ယူႏိုက္တက္က လာမယ့္ ေႏြေဈးကြက္မွာ သူတို႔အသင္းရဲ႕ တိုက္စစ္ပိုင္းကို အားျဖည့္ဖို႔ စဥ္းစားထားရာ ႐ိုးမားနဲ႔အတူ ေတာက္ပေနတဲ့ အာဂ်င္တီးနား ၾကယ္ပြင့္ တိုက္စစ္မႉး ဒိုင္ဘာလာကို ေခၚယူရန္ စိတ္ဝင္စားေနေၾကာင္း နာမည္ႀကီး သတင္းဌာန တခု ျဖစ္တဲ့ Goal သတင္းဌာနက အခိုင္အမာ ေဖာ္ျပသြားခဲ့ပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္က တိုက္စစ္ပိုင္းမွာ မာရွယ္ ၊ ရက္ဖို႔ဒ္နဲ႔ ဗက္ဟို႔စ္ (အငွား) စတဲ့ တိုက္စစ္မႉးေတြကို ပိုင္ဆိုင္ထားေပမယ့္ မာရွယ္က ဒဏ္ရာလူသား ျဖစ္ေနသလို ဗက္ဟို႔စ္ရဲ႕ ေျခစြမ္းပိုင္းကလည္း ယုံၾကည္လို႔ မရပဲ ရက္ဖို႔ဒ္ဟာ အေထာင္တိုက္စစ္ထက္ ေတာင္ပံတိုက္စစ္ ေနရာမွာသာ ကစားဖို႔ စိတ္အားထက္သန္ေနတာေၾကာင့္ လာမယ့္ ေႏြေဈးကြက္မွာ တိုက္စစ္ပိုင္းကို အဓိကထား အင္အားျဖည့္တင္းဖို႔ စဥ္းစားထားပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္က ဗက္ဟို႔စ္ကို အၿပီးသတ္ မေခၚယူဖို႔ စဥ္းစားထားသလို ဒဏ္ရာလူသား ျဖစ္ေနတဲ့ မာရွယ္အတြက္ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈ တရပ္ ရလာရင္ မာရွယ္ကို ေရာင္းခ်ဖို႔ ဆုံးျဖတ္ထားတာေၾကာင့္ ကမာၻ႔အဆင့္ တိုက္စစ္မႉး တဦးနဲ႔ အရန္ တိုက္စစ္မႉး တဦးကို ေခၚယူဖြယ္ ရွိေနပါတယ္။ လက္ရွိမွာေတာ့ မန္ခ်က္စတာ ယူႏိုက္တက္က သူတို႔ရဲ႕ တိုက္စစ္ပိုင္း အတြက္ ဟယ္ရီကိန္း ၊ အိုဆီမန္ ၊ ဗလာဟိုဗစ္ စတဲ့ ထိပ္တန္း တိုက္စစ္မႉးေတြကို ေခၚယူဖို႔ စီစဥ္ထားသလို အရန္ တိုက္စစ္မႉးေနရာ အတြက္ တန္ဖိုးနည္း တိုက္စစ္မႉးေတြကိုပါ ရွာေဖြေနၿပီး မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ပစ္မွတ္ စာရင္းထဲမွာ ႐ိုးမားနဲ႔ ေတာက္ပေနတဲ့ ဒိုင္ဘာလာလည္း ပါဝင္ေနပါတယ္။

အသက္ ၂၉ႏွစ္ အ႐ြယ္ အာဂ်င္တီးနား တိုက္စစ္မႉး ဒိုင္ဘာလာက ယခုႏွစ္ ေဘာလုံးရာသီ အစကမွ ဂ်ဴဗင္တပ္ ကေန ႐ိုးမားထံ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းေ႐ႊ႕ခဲ့သူ ျဖစ္ၿပီး သူက ႐ိုးမားရဲ႕ အဓိက တိုက္စစ္မႉး အျဖစ္ ေျခစြမ္းျပ ကစားထားႏိုင္ကာ ႐ိုးမားအတြက္ ၿပိဳင္ပြဲစုံမွာ ၂၆ပြဲ ပါဝင္ ကစားေပးထားရာ သြင္းဂိုး ၁၂ဂိုး သြင္း ၊ ၈ဂိုး ဖန္တီး ဆိုတဲ့ မွတ္တမ္းေကာင္း တခုကို ပိုင္ဆိုင္ထားပါတယ္။

နာမည္ႀကီး သတင္းဌာန တခု ျဖစ္တဲ့ Goal သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ တာဝန္ရွိသူေတြက ႐ိုးမားနဲ႔ ေျခစြမ္းျပေနတဲ့ ဒိုင္ဘာလာကို ေခၚယူဖို႔ စိတ္ဝင္စားေနၾကၿပီး ဒိုင္ဘာလာရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးဟာ ယူ႐ို ၁၁သန္းသာ ရွိတဲ့ အခ်က္ဟာ မန္ခ်က္စတာ ယူႏိုက္တက္က ဒိုင္ဘာလာကို ေခၚယူဖို႔ စိတ္ဝင္စားရတဲ့ အဓိက အခ်က္ ျဖစ္ေၾကာင္း သိရပါတယ္။
crd

unicode

ကမ္ဘာ့အဆင့် စွယ်စုံရတိုက်စစ်မှူး ဒိုင်ဘာလာကို လျှော့စျေးနဲ့ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ မန်ယူနိုက်တက်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က လာမယ့် နွေဈေးကွက်မှာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ စဉ်းစားထားရာ ရိုးမားနဲ့အတူ တောက်ပနေတဲ့ အာဂျင်တီးနား ကြယ်ပွင့် တိုက်စစ်မှူး ဒိုင်ဘာလာကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က တိုက်စစ်ပိုင်းမှာ မာရှယ် ၊ ရက်ဖို့ဒ်နဲ့ ဗက်ဟို့စ် (အငှား) စတဲ့ တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် မာရှယ်က ဒဏ်ရာလူသား ဖြစ်နေသလို ဗက်ဟို့စ်ရဲ့ ခြေစွမ်းပိုင်းကလည်း ယုံကြည်လို့ မရပဲ ရက်ဖို့ဒ်ဟာ အထောင်တိုက်စစ်ထက် တောင်ပံတိုက်စစ် နေရာမှာသာ ကစားဖို့ စိတ်အားထက်သန်နေတာကြောင့် လာမယ့် နွေဈေးကွက်မှာ တိုက်စစ်ပိုင်းကို အဓိကထား အင်အားဖြည့်တင်းဖို့ စဉ်းစားထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဗက်ဟို့စ်ကို အပြီးသတ် မခေါ်ယူဖို့ စဉ်းစားထားသလို ဒဏ်ရာလူသား ဖြစ်နေတဲ့ မာရှယ်အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရလာရင် မာရှယ်ကို ရောင်းချဖို့ ဆုံးဖြတ်ထားတာကြောင့် ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦးနဲ့ အရန် တိုက်စစ်မှူး တဦးကို ခေါ်ယူဖွယ် ရှိနေပါတယ်။ လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ တိုက်စစ်ပိုင်း အတွက် ဟယ်ရီကိန်း ၊ အိုဆီမန် ၊ ဗလာဟိုဗစ် စတဲ့ ထိပ်တန်း တိုက်စစ်မှူးတွေကို ခေါ်ယူဖို့ စီစဉ်ထားသလို အရန် တိုက်စစ်မှူးနေရာ အတွက် တန်ဖိုးနည်း တိုက်စစ်မှူးတွေကိုပါ ရှာဖွေနေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ပစ်မှတ် စာရင်းထဲမှာ ရိုးမားနဲ့ တောက်ပနေတဲ့ ဒိုင်ဘာလာလည်း ပါဝင်နေပါတယ်။

အသက် ၂၉နှစ် အရွယ် အာဂျင်တီးနား တိုက်စစ်မှူး ဒိုင်ဘာလာက ယခုနှစ် ဘောလုံးရာသီ အစကမှ ဂျူဗင်တပ် ကနေ ရိုးမားထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူက ရိုးမားရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြ ကစားထားနိုင်ကာ ရိုးမားအတွက် ပြိုင်ပွဲစုံမှာ ၂၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၂ဂိုး သွင်း ၊ ၈ဂိုး ဖန်တီး ဆိုတဲ့ မှတ်တမ်းကောင်း တခုကို ပိုင်ဆိုင်ထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ရိုးမားနဲ့ ခြေစွမ်းပြနေတဲ့ ဒိုင်ဘာလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဒိုင်ဘာလာရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို ၁၁သန်းသာ ရှိတဲ့ အချက်ဟာ မန်ချက်စတာ ယူနိုက်တက်က ဒိုင်ဘာလာကို ခေါ်ယူဖို့ စိတ်ဝင်စားရတဲ့ အဓိက အချက် ဖြစ်ကြောင်း သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *