crd
unicode
ကမ္ဘာ့အဆင့်ထိပ်တန်းကစားသမားဖြစ်လာမယ့် သရဲနီကြယ်ပွင့်တစ်ဦးကိုပြောပြလိုက်တဲ့ ဗန်ဒါဆား
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ဂိုးသမားကြီး ဗန်ဒါဆားက ဘရာဇီးလ် လူငယ်ကြယ်ပွင့် အန်တိုနီဟာ တစ်ချိန်ကျရင် ကမ္ဘာ့အဆင့်ဘောလုံးသမား တစ်ဦးဖြစ်လာနိုင်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ အသက်(၂၂)နှစ်သာ ရှိသေးတဲ့ အန်တိုနီဟာ ပြီးခဲ့တဲ့နွေရာသီက အေဂျက်စ်ကနေ ယူနိုက်တက်ကို ပေါင်(၈၆)သန်းနဲ့ရောက်ရှိခဲ့ပြီး ပေ့ါဘာပြီးရင် ယူနိုက်တက်ရဲ့ ဒုတိယမြောက် ကြေးအကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ နည်းပြ အဲရစ် တန်ဟန့်ဟာ မန်ယူနည်းပြဖြစ်လာပြီးနောက် သူ့ရဲ့ အသင်းဟောင်း အေဂျက်က ကစားသမားအများအပြားကို ပစ်မှတ်ထားခဲ့ပါတယ်။
မန်ယူအသင်းဟာ လီဆန်ဒရို မာတီးနက်ဇ်ကိုလည်း ခေါ်ယူပြီးဖြစ်တာကြောင့်၊ အေဂျက်ဟာ အန်တိုနီကိုပါ လက်လွှတ်ရမာ တွန့်ဆုတ်ခဲ့ပြီး၊ မန်ယူအသင်းဘက်က ပေါင် ၈၅ သန်းအထိပေးတော့မှ အပြောင်းအရွှေ့ကိစ္စကို လက်ခံခဲ့တာ ဖြစ်ပါတယ်။ အန်တိုနီဟာ ယူနိုက်တက်ကစားသမားဘ၀ ပွဲဦးထွက်ရာသီမှာပဲ ခြေစွမ်းပြကစားနေပြီး အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်(၃)ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့သလို ပြိုင်ပွဲစုံ(၁၁)ပွဲကစား၊ (၃)ဂိုးသွင်းခဲ့ပါတယ်။
အေဂျက်စ်အသင်းအနေနဲ့ သူတို့ရဲ့ လူငယ်ကြယ်ပွင့်ကို လက်မလွှတ်လိုပေမယ့် အသင်းအမှုဆောင်ချုပ် ဗန်ဒါဆားရဲ့ ညှိနှိုင်းပေးမှုကြောင့် ယူနိုက်တက်နဲ့အပြောင်းအရွှေ့ဖြစ်ခဲ့တာပါ။ ယူနိုက်တက်အသင်းမှာ ၂၀၀၅ ကနေ ၂၀၁၁ ခုနှစ်အထိကစားခဲ့ပြီး ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်အပါအဝင် ကြီးမားတဲ့ဆုဖလားအောင်မြင်မှုတွေရယူခဲ့သူ ဗန်ဒါဆားဟာ တစ်ချိန်ကျရင် အန်တိုနီက ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးဖြစ်လာမယ်လို့ ချီးကျူးခဲ့တာလည်းဖြစ်ပါတယ်။ အေဂျက်အသင်းမှာ တန်ဟန့်နဲ့အတူ CEO အဖြစ် အလုပ်အတူလုပ်ခဲ့တဲ့ ဗန်ဒါဆားက သူတို့အနေနဲ့ အန်တိုနီကို ရောင်းချသွားဖို့ ဆန္ဒမရှိခဲ့ကြောင်း ဝန်ခံလာပါတယ်။
“ အန်တိုနီက ငယ်သေးတယ်၊ ပြီးတော့ အလားအလာရှိတယ်။ သူ့ကို ကျွန်တော်တို့ နောက်ထပ်တစ်နှစ်လောက် ထပ်ပြီး ဆက်ထိန်းထားချင်ခဲ့တာပါ၊ သူ့ကို ရောင်းချဖို့ ဆန္ဒမရှိခဲ့ပါဘူး။ ကျွန်တော်တို့ဘက်က ဘဏ္ဍာရေးပိုင်းလည်း အဆင်ပြေပါတယ်၊ ဒါပေမယ့် သူတို့ဘက်က ပေးတဲ့ ပြောင်းရွှေ့ကြေးက အရမ်းမြင့်ပါတယ်။ ကျွန်တော်တို့ တတ်နိုင်သလောက်တော့ ယူနိုက်တက်ကို စိန်ခေါ်ခဲ့ပါတယ်။ သူ့မှာ အလားအလာကောင်းတွေ အများကြီး ရှိပါတယ် ။ ယူနိုက်တက်အသင်းဟာ ကမ္ဘာ့ထိပ်တန်းအဆင့်ရောက်လာမယ့် ကစားသမားတစ်ဦးကို ခေါ်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ်”လို့ ဗန်ဒါဆား က ပြောကြားခဲ့ပါတယ်။