



crd

unicode

ကမ္ဘာ့ဖလားပြိုင်ပွဲနီးကပ်လာပေမယ့်ယူနိုက်တက်အတွက်ပဲအပြည့်ဝအာရုံစိုက်ထားတယ်လို့ဆိုလိုက်တဲ့ သရဲနီတိုက်စစ်မှူး မားကပ်ရပ်ရှ်ဖို့ဒ်

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ် ရက်ရှ်ဖို့ဒ်က ကာတာမှာ ကျင်းပသွားမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲနီးကပ်လာပေမယ့်၊ ကလပ်အသင်းပွဲစဉ်တွေအပေါ်ကိုပဲ သူ့အနေနဲ့ အာရုံစိုက်ထားကြောင်း ပြောဆိုလိုက်ပါတယ်။ ၂၀၂၀ ယူရိုဖိုင်နယ် အီတလီအသင်းနဲ့ ပင်နယ်တီအဆုံးအဖြတ်မှာ လွဲချော်ခဲ့ပြီးတည်းက အင်္ဂလန်အသင်းမှာပါဝင်ခွင့်မရတဲ့ ရက်ရှ်ဖို့ဒ်ဟာ တနင်္ဂနွေနေ့က မန်ယူအသင်းအတွက် သွင်းဂိုး ၁၀၀ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ လေးနှစ်မှတစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဖလားနီးကပ်လာတာနဲ့အမျှ ချိန်သားကိုက် အကောင်းဆုံးပုံစံကို ပြန်ရရှိလာခဲ့ပေမယ့်၊ ကမ္ဘာ့ဖလားကို စိတ်ထဲမှာရှိသလားလို့ မေးတဲ့အခါ ရက်ရှ်ဖို့ဒ်က “ စိတ်ထဲ လုံးဝမရှိပါဘူး ”“ နောက်ပွဲစဉ်အပေါ်မှာပဲ ကျွန်တော် အာရုံစိုက်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ ကြိုးစားပြီးတော့၊ ဒီမှာ နိုင်ပွဲတွေဆက်ရရှိအောင် လုပ်နေရပါမယ်။ ကမ္ဘာ့ဖလားမတိုင်ခင် ပရီးမီးယားလိဂ် နှစ်ပွဲ ကျွန်တော်တို့ ကစားစရာကျန်ပါသေးတယ်။

အဲ့ဒီပွဲတွေကိုသာ အနိုင်ရခဲ့မယ်ဆိုရင်၊ ထိပ်ဆုံးလေးသင်းထဲကို ဝင်ဖို့ ကျွန်တော်တို့ ဆက်လက်အာရုံစိုက်သွားမယ်၊ ဒီတော့အဲ့ဒါက ကျွန်တော် အာရုံစိုက်ထားတဲ့အရာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ အားအင်တွေက အများကြီးပြောင်းလဲသွားပြီလို့ ထင်တယ်။ အဲ့ဒါက အကြီးမားဆုံးအရာဖြစ်ပါတယ် ၊အသင်းတစ်သင်းလုံးနဲ့၊ ထရိမ်နင်လေ့ကျင့်ရေးကွင်းမှာ ပိုပြီးတော့ အပေါင်းလက္ခဏာဆန်လာတယ်။

ဒါက ကျွန်တော့်အတွက် အကြီးမားဆုံးအရာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလိုပုံစံအတိုင်း ဆက်သွားချင်ပြီးတော့၊ ဒီလိုမျိုး ပျော်ရွှင်နေချင်ပါတယ်။ ကျွန်တော်တို့သာ ကစားပွဲတွေဆက်လက်အနိုင်ရနေမယ်ဆိုရင်၊ အဲ့ဒီလိုမျိုးဖြစ်လာမယ်ဆိုတာ သေချာပါတယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *