ကမာၻ႔ဖလားေ႐ႊဖိနပ္ဆု ဆြတ္ခူးသြားမယ့္ သရဲနီတိုက္စစ္မႉးကိုေျပာျပလိုက္တဲ့ ဂိုးသမားႀကီး ကာဆီးလက္စ္

ရီးရဲလ္မက္ဒရစ္ဂိုးသမားေဟာင္း အီကာ ကာဆီးလက္စ္က မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္ဒိုအေနနဲ႔ ၂၀၂၂ ခုႏွစ္ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ ေ႐ႊဖိနပ္ဆုကို ရရွိလိမ့္မယ္လို႔ ေျပာဆိုလိုက္ပါတယ္။ ေရာ္နယ္ဒိုဟာ ဒီရာသီ အိုးထရက္ဖို႔ဒ္မွာ ခက္ခဲတဲ့ရာသီတစ္ခုကို ႀကဳံေနရၿပီး၊ မၾကာေသးမီက လုပ္ခဲ့တဲ့ အင္တာဗ်ဳးအၿပီးမွာ အသင္းကေန ထြက္သြားဖို႔လည္း ရွိေနခဲ့ၿပီျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေ႐ႊေဘာလုံးငါးခုဆုရွင္ဟာ ေပၚတူဂီအသင္းအေပၚ အာ႐ုံစိုက္လ်က္ရွိၿပီး၊ သူ႔ရဲ႕ ကစားသမားဘဝမွာ ပထမဆုံးအႀကိမ္ ကမာၻ႔ဖလားရရွိေအာင္ ရည္မွန္းလ်က္ရွိပါတယ္။ ေရာ္နယ္ဒိုဟာ ဒီရာသီမွာ ႐ုန္းကန္ေနရၿပီး၊ ၿပိဳင္ပြဲစုံမွာ သုံးဂိုးသာ သြင္းယူထားႏိုင္ခဲ့ေပမယ့္လည္းေရာ္နယ္ဒိုဟာ ေ႐ႊဖိနပ္ဆုအတြက္ လ်ာထားျခင္းခံေနရဆဲျဖစ္ပါတယ္။

အသင္းေဖာ္ေဟာင္းျဖစ္သူ ကာဆီးလက္စ္ဟာလည္း ေရာ္နယ္ဒိုကို အၿမဲတမ္းထည့္တြက္ရမာ ျဖစ္ေၾကာင္းနဲ႔၊ ဒါေပမယ့္လည္း ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ဖို႔ ၿပိဳင္ပြဲဟာ ခက္ခဲလိမ့္မယ္လို႔ ဝန္ခံလိုက္ပါတယ္။ ဘယ္သူက ေ႐ႊဖိနပ္ဆုရႏိုင္မလဲလို႔ ေမးတဲ့အခါ ကာဆီးလက္စ္က “ အဲ့ဒါက ေျပာဖို႔ ခက္ပါတယ္။ ဘာေတြျဖစ္မလဲၾကည့္ၾကတာေပါ့။ ေနမာရွိတယ္၊ မက္ဆီရွိတယ္ ၿပီးေတာ့ ခရစၥတီယာႏိုေကာပါပဲ။ မန္ခ်က္စတာယူႏိုက္တက္မွာ ျဖစ္ခဲ့တဲ့ အရာအားလုံးေၾကာင့္ လူေတြက သူ႔ကို ထည့္မတြက္ၾကဘူး။ ကြၽန္ေတာ္ကေတာ့ သူ႔ကို ထည့္တြက္မာပါ၊

ခရစၥရဲ႕ အေၾကာင္းကို သူတို႔ ေျပာတဲ့အခါ၊ သူတို႔ ေမ့ၾကမာေတာ့မဟုတ္ပါဘူး၊ ဘာလို႔လဲဆိုေတာ့ သူ ဘာလုပ္ခဲ့သလဲဆိုတာ သူတို႔ မေမ့တာေၾကာင့္ပါ။ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ သူ႔ကို အၿမဲ ကြၽန္ေတာ့္အသင္းမွာ ရွိေစခ်င္ခဲ့တာပါ။ ခရစၥတီယာႏိုက အျမင့္မားဆုံးအဆင့္တစ္ခုမွာ ကစားႏိုင္တဲ့ စြမ္းရည္မ်ိဳး ရွိေနပါေသးတယ္ ” လို႔ ဆိုခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံးကစားသမားျဖစ္ၿပီး၊ ၁၉၁ ပြဲမွာ ၁၁၇ ဂိုး သြင္းယူထားခဲ့ပါတယ္။
crd

unicode

ကမ္ဘာ့ဖလားရွှေဖိနပ်ဆု ဆွတ်ခူးသွားမယ့် သရဲနီတိုက်စစ်မှူးကိုပြောပြလိုက်တဲ့ ဂိုးသမားကြီး ကာဆီးလက်စ်

ရီးရဲလ်မက်ဒရစ်ဂိုးသမားဟောင်း အီကာ ကာဆီးလက်စ်က မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုအနေနဲ့ ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုကို ရရှိလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ဒီရာသီ အိုးထရက်ဖို့ဒ်မှာ ခက်ခဲတဲ့ရာသီတစ်ခုကို ကြုံနေရပြီး၊ မကြာသေးမီက လုပ်ခဲ့တဲ့ အင်တာဗျုးအပြီးမှာ အသင်းကနေ ထွက်သွားဖို့လည်း ရှိနေခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရွှေဘောလုံးငါးခုဆုရှင်ဟာ ပေါ်တူဂီအသင်းအပေါ် အာရုံစိုက်လျက်ရှိပြီး၊ သူ့ရဲ့ ကစားသမားဘဝမှာ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားရရှိအောင် ရည်မှန်းလျက်ရှိပါတယ်။ ရော်နယ်ဒိုဟာ ဒီရာသီမှာ ရုန်းကန်နေရပြီး၊ ပြိုင်ပွဲစုံမှာ သုံးဂိုးသာ သွင်းယူထားနိုင်ခဲ့ပေမယ့်လည်းရော်နယ်ဒိုဟာ ရွှေဖိနပ်ဆုအတွက် လျာထားခြင်းခံနေရဆဲဖြစ်ပါတယ်။

အသင်းဖော်ဟောင်းဖြစ်သူ ကာဆီးလက်စ်ဟာလည်း ရော်နယ်ဒိုကို အမြဲတမ်းထည့်တွက်ရမာ ဖြစ်ကြောင်းနဲ့၊ ဒါပေမယ့်လည်း ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ဖို့ ပြိုင်ပွဲဟာ ခက်ခဲလိမ့်မယ်လို့ ဝန်ခံလိုက်ပါတယ်။ ဘယ်သူက ရွှေဖိနပ်ဆုရနိုင်မလဲလို့ မေးတဲ့အခါ ကာဆီးလက်စ်က “ အဲ့ဒါက ပြောဖို့ ခက်ပါတယ်။ ဘာတွေဖြစ်မလဲကြည့်ကြတာပေါ့။ နေမာရှိတယ်၊ မက်ဆီရှိတယ် ပြီးတော့ ခရစ္စတီယာနိုကောပါပဲ။ မန်ချက်စတာယူနိုက်တက်မှာ ဖြစ်ခဲ့တဲ့ အရာအားလုံးကြောင့် လူတွေက သူ့ကို ထည့်မတွက်ကြဘူး။ ကျွန်တော်ကတော့ သူ့ကို ထည့်တွက်မာပါ၊

ခရစ္စရဲ့ အကြောင်းကို သူတို့ ပြောတဲ့အခါ၊ သူတို့ မေ့ကြမာတော့မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ သူ ဘာလုပ်ခဲ့သလဲဆိုတာ သူတို့ မမေ့တာကြောင့်ပါ။ ဒါပေမယ့် ကျွန်တော်ကတော့ သူ့ကို အမြဲ ကျွန်တော့်အသင်းမှာ ရှိစေချင်ခဲ့တာပါ။ ခရစ္စတီယာနိုက အမြင့်မားဆုံးအဆင့်တစ်ခုမှာ ကစားနိုင်တဲ့ စွမ်းရည်မျိုး ရှိနေပါသေးတယ် ” လို့ ဆိုခဲ့ပါတယ်။ ရော်နယ်ဒိုဟာ နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားဖြစ်ပြီး၊ ၁၉၁ ပွဲမှာ ၁၁၇ ဂိုး သွင်းယူထားခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *