ကမာၻ႔ဖလားမွာ ေျခစြမ္းျပခဲ့တဲ့ နယ္သာလန္ၾကယ္ပြင့္ကစားသမားကို အားနည္းေနတဲ့ ညာေနာက္ခံလူေနရာအတြက္ အားျဖည့္တင္းမယ့္ မန္ယူႏိုက္တက္

ကမာၻ႔ဖလားမွာ ေျခစြမ္းျပခဲ့တဲ့ နယ္သာလန္ၾကယ္ပြင့္ကစားသမားကို အားနည္းေနတဲ့ ညာေနာက္ခံလူေနရာအတြက္ အားျဖည့္တင္းမယ့္ မန္ယူႏိုက္တက္
အင္တာမီလန္အသင္းရဲ႕ ညာေနာက္ခံကစားသမားကို တန္ဟက္ဂ္ရဲ႕ ေဟာ္လန္ရီေဗာ္လူးရွင္းအတြက္ ေခၚယူအားျဖည့္မယ့္ မန္ယူႏိုက္တက္

အင္တာမီလန္အသင္းဟာ ေနာက္ထပ္ညာေနာက္ခံလူတစ္ဦးကို ေခၚယူဖို႔ ရွာေဖြေနတာေၾကာင့္ ဒန္ဇယ္ ဒမ္ဖ႐ိုင္းစ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတာ ၾကာၿပီျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ခ်ယ္လ္ဆီးအသင္းတို႔ဟာ ကစားသမားျဖစ္သူကို ေခၚယူႏိုင္ဖို႔ အေျခအေနပိုေကာင္းလာေၾကာင္း သိရပါတယ္။ ဒမ္ဖ႐ိုင္းစ္ဟာ ၿပီးခဲ့တဲ့ႏွစ္ယူ႐ိုၿပိဳင္ပြဲတုန္းက

ေျခစြမ္းျပသႏိုင္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ကလပ္အသင္းေတြရဲ႕ စိတ္ဝင္စားမႈကို ရရွိလာခဲ့ၿပီး၊ ကာတာကမာၻ႔ဖလားအၿပီးမွာေတာ့ ပိုမိုျမင့္တက္လာခဲ့ပါတယ္။ ဒမ္ဖ႐ိုင္းစ္ဟာ နယ္သာလန္အသင္းအတြက္ ၁၆ သင္းအဆင့္မွာတုန္းက ယူအက္စ္ေအအသင္းနဲ႔ အေတြ႕မွာ ၁ ဂိုးသြင္းယူၿပီး၊ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ခဲ့ကာ၊ ကြာတားဖိုင္နယ္အဆင့္ေရာက္ေအာင္

စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။ ဒမ္ဖ႐ိုင္းစ္ဟာ အင္တာမီလန္အသင္းကို လြန္ခဲ့တဲ့ ၁၈ လကမွ ေရာက္ရွိလာတာျဖစ္တာေၾကာင့္၊ အင္တာအေနနဲ႔ ကစားသမားကို ေရာင္းခ်ဖို႔ တြန႔္ဆုတ္ေနၿပီး၊ စိတ္ဝင္စားမႈေလ်ာ့က်ေစရန္ ေပါင္ သန္း ၅၀ အထိ သတ္မွတ္ထားခဲ့ပါတယ္။ ဒါေပမယ့္လည္း အခုခ်ိန္မွာေတာ့ အီတလီသတင္းဌာနေတြရဲ႕ ေနာက္ဆုံးေဖာ္ျပခ်က္အရ

အင္တာမီလန္ဟာ ဒမ္ဖ႐ိုင္းစ္ရဲ႕ ေနရာကို အစားထိုးႏိုင္မယ့္ ကစားသမားရွာေနၿပီး၊ ဘိုင္ယန္ျမဴးနစ္အသင္းက မက္ဇ္ေ႐ြာင္ရီကို ပစ္မွတ္ထားလ်က္ရွိေနေၾကာင္း သိရပါတယ္။ မက္ဇ္ေ႐ြာင္ရီဟာ ေမာ္႐ိုကိုအသင္းကို ကမာၻ႔ဖလားရဲ႕ တတိယေနရာအထိ ေရာက္ေအာင္ ပို႔ေဆာင္ေပးခဲ့သူျဖစ္ပါတယ္။ ခ်ယ္လ္ဆီးအသင္းဟာ သူတို႔ရဲ႕အဓိကညာေနာက္ခံလူ

ရီးစ္ဂ်န္းစ္ဟာ ဒဏ္ရာျပႆနာေတြနဲ႔ ႐ုန္းကန္ေနရတာေၾကာင့္၊ ဒမ္ဖ႐ိုင္းစ္ကို စိတ္ဝင္စားေနတာျဖစ္ကာ၊ မန္ယူအသင္းအေနနဲ႔ကလည္း ေအ႐ြန္ ဝမ္ဘစ္ဆာကာဟာ တန္ဟန႔္ရဲ႕ စိတ္ႀကိဳက္ကစားသမားမဟုတ္တာေၾကာင့္၊ ဒီေယဂို ဒါးေလာ့နဲ႔ ပြဲထြက္ခြင့္ေနရာကို ယွဥ္ၿပိဳင္ႏိုင္မယ့္ ကစားသမားမ်ိဳးကို အလိုရွိေနတာ ျဖစ္ပါတယ္။
crd

Unicode
ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့တဲ့ နယ်သာလန်ကြယ်ပွင့်ကစားသမားကို အားနည်းနေတဲ့ ညာနောက်ခံလူနေရာအတွက် အားဖြည့်တင်းမယ့် မန်ယူနိုက်တက်
အင်တာမီလန်အသင်းရဲ့ ညာနောက်ခံကစားသမားကို တန်ဟက်ဂ်ရဲ့ ဟော်လန်ရီဗော်လူးရှင်းအတွက် ခေါ်ယူအားဖြည့်မယ့် မန်ယူနိုက်တက်

အင်တာမီလန်အသင်းဟာ နောက်ထပ်ညာနောက်ခံလူတစ်ဦးကို ခေါ်ယူဖို့ ရှာဖွေနေတာကြောင့် ဒန်ဇယ် ဒမ်ဖရိုင်းစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ကြာပြီဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ကစားသမားဖြစ်သူကို ခေါ်ယူနိုင်ဖို့ အခြေအနေပိုကောင်းလာကြောင်း သိရပါတယ်။ ဒမ်ဖရိုင်းစ်ဟာ ပြီးခဲ့တဲ့နှစ်ယူရိုပြိုင်ပွဲတုန်းက

ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိလာခဲ့ပြီး၊ ကာတာကမ္ဘာ့ဖလားအပြီးမှာတော့ ပိုမိုမြင့်တက်လာခဲ့ပါတယ်။ ဒမ်ဖရိုင်းစ်ဟာ နယ်သာလန်အသင်းအတွက် ၁၆ သင်းအဆင့်မှာတုန်းက ယူအက်စ်အေအသင်းနဲ့ အတွေ့မှာ ၁ ဂိုးသွင်းယူပြီး၊ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ခဲ့ကာ၊ ကွာတားဖိုင်နယ်အဆင့်ရောက်အောင်

စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒမ်ဖရိုင်းစ်ဟာ အင်တာမီလန်အသင်းကို လွန်ခဲ့တဲ့ ၁၈ လကမှ ရောက်ရှိလာတာဖြစ်တာကြောင့်၊ အင်တာအနေနဲ့ ကစားသမားကို ရောင်းချဖို့ တွန့်ဆုတ်နေပြီး၊ စိတ်ဝင်စားမှုလျော့ကျစေရန် ပေါင် သန်း ၅၀ အထိ သတ်မှတ်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ အီတလီသတင်းဌာနတွေရဲ့ နောက်ဆုံးဖော်ပြချက်အရ

အင်တာမီလန်ဟာ ဒမ်ဖရိုင်းစ်ရဲ့ နေရာကို အစားထိုးနိုင်မယ့် ကစားသမားရှာနေပြီး၊ ဘိုင်ယန်မြူးနစ်အသင်းက မက်ဇ်ရွောင်ရီကို ပစ်မှတ်ထားလျက်ရှိနေကြောင်း သိရပါတယ်။ မက်ဇ်ရွောင်ရီဟာ မော်ရိုကိုအသင်းကို ကမ္ဘာ့ဖလားရဲ့ တတိယနေရာအထိ ရောက်အောင် ပို့ဆောင်ပေးခဲ့သူဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့အဓိကညာနောက်ခံလူ

ရီးစ်ဂျန်းစ်ဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာကြောင့်၊ ဒမ်ဖရိုင်းစ်ကို စိတ်ဝင်စားနေတာဖြစ်ကာ၊ မန်ယူအသင်းအနေနဲ့ကလည်း အေရွန် ဝမ်ဘစ်ဆာကာဟာ တန်ဟန့်ရဲ့ စိတ်ကြိုက်ကစားသမားမဟုတ်တာကြောင့်၊ ဒီယေဂို ဒါးလော့နဲ့ ပွဲထွက်ခွင့်နေရာကို ယှဉ်ပြိုင်နိုင်မယ့် ကစားသမားမျိုးကို အလိုရှိနေတာ ဖြစ်ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *