ကမာၻ႔ဖလားမွာ ပုံစံေကာင္းျပသထားႏိုင္တဲ့ မန္းဖစ္ဒီေပးႏွင့္ ကိုဒီဂတ္ပိုတို႔ တိုက္စစ္အတြဲကို တစ္ၿပိဳင္နက္တည္း ေခၚယူဖို႔ စိတ္အားထက္သန္ေနတဲ့ နည္းျပႀကီး အဲရစ္တန္ဟဂ္

ကမာၻ႔ဖလားမွာ ပုံစံေကာင္းျပသထားႏိုင္တဲ့ မန္းဖစ္ဒီေပးႏွင့္ ကိုဒီဂတ္ပိုတို႔ တိုက္စစ္အတြဲကို တစ္ၿပိဳင္နက္တည္း ေခၚယူဖို႔ စိတ္အားထက္သန္ေနတဲ့ နည္းျပႀကီး အဲရစ္တန္ဟဂ္
ယူႏိုက္တက္မွာ တခ်ိန္က ထြန္းေတာက္ခဲ့တဲ့ ေဟာ္လန္တိုက္စစ္ကို ျပန္လည္အသက္သြင္းဖို႔ ႀကိဳးစားေနတဲ့ နည္းျပႀကီး အဲရစ္တန္ဟဂ္

မန္ခ်က္စတာယူႏိုက္တက္အသင္းသည္ ယခုရာသီအစတြင္ နယ္သာလန္လူမ်ိဳးနည္းျပ အဲရစ္တန္ဟဂ္ကို အသင္းရဲ႕နည္းျပသစ္အျဖစ္ ခန႔္အပ္ခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ရာသီက ဆိုး႐ြားခဲ့သည့္ ယူႏိုက္တက္အသင္းကို လမ္းေၾကာင္းမွန္ေပၚသို႔ ျပန္လည္ေရာက္ရွိရန္ ႀကိဳးစားလုပ္ေဆာင္ခဲ့ပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲစတင္ခါနီးအခ်ိန္တြင္ ခရစၥတီယာႏို ေရာ္နယ္ဒိုသည္ ပီေယာ့စ္ ေမာ္ဂန္ႏွင့္အတူ ဒီရာသီ ယူႏိုက္တက္အသင္းမွာ ၎ႀကဳံေတြ႕ခဲ့ရတဲ့ ျပႆနာေပါင္းမ်ားစြာကို အားလုံးသိေအာင္ ဖြင့္ထုတ္ခဲ့တာေၾကာင့္ မၾကာေသးမွီကဘဲ ယူႏိုက္တက္ႏွင့္၎တို႔ၾကား ႏွစ္ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းေၾကာင္း ေၾကညာထားခဲ့သည္။

ဒါေၾကာင့္ ေရာ္နယ္ဒိုမရွိေတာ့တဲ့ ယူႏိုက္တက္တိုက္စစ္ဟာ သိသိသာသာအားနည္းသြားခဲ့သလို မာရွယ္ရဲ႕ႀကံ့ခိုင္မွာအားနည္းျခင္းဟာလည္း ယူႏိုက္တက္အတြက္ ေမးခြန္းထုတ္ခ်င္စရာေကာင္းတာေၾကာင့္ အဲရစ္တန္ဟဂ္ဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလတြင္ တိုက္စစ္မႉးသစ္တစ္ဦးကို အလွ်င္အျမန္ ေခၚယူသြားဖြယ္ရွိသည္။

Manchester United Evening News က ေဖာ္ျပခ်က္အရ ဒတ္ခ္်လူမ်ိဳးနည္းျပႀကီး အဲရစ္တန္ဟဂ္သည္ နယ္သာလန္အသင္းႏွင့္အတူ ကမာၻ႔ဖလားမွာ ပုံစံေကာင္းျပသထားႏိုင္တဲ့ မန္းဖစ္ဒီေပးႏွင့္ ကိုဒီဂတ္ပိုတို႔ တိုက္စစ္အတြဲကို တစ္ၿပိဳင္နက္တည္း ေခၚယူဖို႔ စိတ္အားထက္သန္ေနေၾကာင္း သိရွိရသည္။

ဂတ္ပိုႏွင့္ ဒီေပးတို႔တိုက္စစ္အတြဲသည္ ႏွစ္ဦးေပါင္း သြင္းဂိုး ၄ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး နယ္သာလန္အသင္းကို ကြာတားဖိုင္နယ္အဆင့္သို႔ ေရာက္ရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ ယခုႏြေရာသီမွာကတည္းက ယူႏိုက္တက္အသင္းဟာ ယင္းကစားသမား ၂ ဦးစလုံးကို ေခၚယူဖို႔ စိတ္ဝင္စားမႈရွိခဲ့ေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မေခၚယူျဖစ္ခဲ့ေပ။

ဒါေၾကာင့္ တိုက္စစ္မႉးလိုအပ္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္အေနျဖင့္ လာမည့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလတြင္ ၎တို႔ရဲ႕ပစ္မွတ္တိုက္စစ္မႉးေတြကို အိုးထရက္ဖိုဒ့္ဆီေရာက္ရွိေအာင္ စြမ္းေဆာင္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ခ်င္စရာပါပဲ။
crd

Unicode
ကမ္ဘာ့ဖလားမှာ ပုံစံကောင်းပြသထားနိုင်တဲ့ မန်းဖစ်ဒီပေးနှင့် ကိုဒီဂတ်ပိုတို့ တိုက်စစ်အတွဲကို တစ်ပြိုင်နက်တည်း ခေါ်ယူဖို့ စိတ်အားထက်သန်နေတဲ့ နည်းပြကြီး အဲရစ်တန်ဟဂ်
ယူနိုက်တက်မှာ တချိန်က ထွန်းတောက်ခဲ့တဲ့ ဟော်လန်တိုက်စစ်ကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေတဲ့ နည်းပြကြီး အဲရစ်တန်ဟဂ်

မန်ချက်စတာယူနိုက်တက်အသင်းသည် ယခုရာသီအစတွင် နယ်သာလန်လူမျိုးနည်းပြ အဲရစ်တန်ဟဂ်ကို အသင်းရဲ့နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီက ဆိုးရွားခဲ့သည့် ယူနိုက်တက်အသင်းကို လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိရန် ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ခါနီးအချိန်တွင် ခရစ္စတီယာနို ရော်နယ်ဒိုသည် ပီယော့စ် မော်ဂန်နှင့်အတူ ဒီရာသီ ယူနိုက်တက်အသင်းမှာ ၎င်းကြုံတွေ့ခဲ့ရတဲ့ ပြဿနာပေါင်းများစွာကို အားလုံးသိအောင် ဖွင့်ထုတ်ခဲ့တာကြောင့် မကြာသေးမှီကဘဲ ယူနိုက်တက်နှင့်၎င်းတို့ကြား နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းကြောင်း ကြေညာထားခဲ့သည်။

ဒါကြောင့် ရော်နယ်ဒိုမရှိတော့တဲ့ ယူနိုက်တက်တိုက်စစ်ဟာ သိသိသာသာအားနည်းသွားခဲ့သလို မာရှယ်ရဲ့ကြံ့ခိုင်မှာအားနည်းခြင်းဟာလည်း ယူနိုက်တက်အတွက် မေးခွန်းထုတ်ချင်စရာကောင်းတာကြောင့် အဲရစ်တန်ဟဂ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူးသစ်တစ်ဦးကို အလျှင်အမြန် ခေါ်ယူသွားဖွယ်ရှိသည်။

Manchester United Evening News က ဖော်ပြချက်အရ ဒတ်ခ်ျလူမျိုးနည်းပြကြီး အဲရစ်တန်ဟဂ်သည် နယ်သာလန်အသင်းနှင့်အတူ ကမ္ဘာ့ဖလားမှာ ပုံစံကောင်းပြသထားနိုင်တဲ့ မန်းဖစ်ဒီပေးနှင့် ကိုဒီဂတ်ပိုတို့ တိုက်စစ်အတွဲကို တစ်ပြိုင်နက်တည်း ခေါ်ယူဖို့ စိတ်အားထက်သန်နေကြောင်း သိရှိရသည်။

ဂတ်ပိုနှင့် ဒီပေးတို့တိုက်စစ်အတွဲသည် နှစ်ဦးပေါင်း သွင်းဂိုး ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး နယ်သာလန်အသင်းကို ကွာတားဖိုင်နယ်အဆင့်သို့ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ယခုနွရောသီမှာကတည်းက ယူနိုက်တက်အသင်းဟာ ယင်းကစားသမား ၂ ဦးစလုံးကို ခေါ်ယူဖို့ စိတ်ဝင်စားမှုရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မခေါ်ယူဖြစ်ခဲ့ပေ။

ဒါကြောင့် တိုက်စစ်မှူးလိုအပ်နေတဲ့ မန်ချက်စတာယူနိုက်တက်အနေဖြင့် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ၎င်းတို့ရဲ့ပစ်မှတ်တိုက်စစ်မှူးတွေကို အိုးထရက်ဖိုဒ့်ဆီရောက်ရှိအောင် စွမ်းဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ချင်စရာပါပဲ။
crd

Add a Comment

Your email address will not be published. Required fields are marked *