ကပ္ပတိန္ ေခါင္းႀကီးေနရာမွာ အစားထိုးဖို႔ ကိုရီးယားၾကယ္ပြင့္ေနာက္ခံလူကို ယူ႐ို 55 သန္းနဲ႔ ကမ္းလွမ္းေတာ့မယ့္ မန္ယူႏိုက္တက္အသင္း

ကပ္ပတိန္ ေခါင္းႀကီးေနရာမွာ အစားထိုးဖို႔ ကိုရီးယားၾကယ္ပြင့္ေနာက္ခံလူကို ယူ႐ို 55 သန္းနဲ႔ ကမ္းလွမ္းေတာ့မယ့္ မန္ယူႏိုက္တက္အသင္း
ဗဟိုေနာက္ခံလူ ဟယ္ရီမက္ဂြိဳင္းယားေနရာမွာ အစားထိုးဖို႔ ကိုရီးယားရာ‌မို႔စ္ကို ယူ႐ို 55 သန္းနဲ႔ ကမ္းလွမ္းေတာ့မယ့္ မန္ယူအသင္း

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အဂၤလန္လက္ေ႐ြးစင္ ဗဟိုေနာက္ခံလူ ဟယ္ရီမက္ဂြိဳင္းယားသည္ ယခုရာသီကုန္တြင္ အသင္းႏွင့္လမ္းခြဲေတာ့မည္ဟု သတင္းမ်ားက်ယ္က်ယ္ေလာင္ေလာင္ထြကိေပၚလာခဲ့ၿပီး ယူႏိုက္တက္နည္းျပ အဲရစ္တန္ဟဂ္ကိုယ္တိုင္က မက္ဂြီဳင္းယားသည္ Old Trafford မွထြက္ခြာႏိုင္ေခ်ရွိသည္ဟု ဝန္ခံခဲ့ပါသည္။

တကယ္လို႔ မက္ဂြိဳင္းယားအေနျဖင့္ ယူႏိုက္တက္အသင္းကို စြန႔္ခြာသြားခဲ့ပါက ၎၏ေနရာကို အစားထိုးဖို႔အတြက္ Napoli မွ Kim Miп-Jae အား ေခၚယူရန္ သရဲနီမ်ားက ႀကိဳးပမ္းေနပါတယ္။ အိုးထရက္ဖို႔ဒ္အသင္းသည္ ယင္းကိုရီးယားလက္ေ႐ြးစင္ကစားသမား၏ စြမ္းေဆာင္ရည္ကို အနီးကပ္ေစာင့္ၾကည့္ေနေၾကာင္း သိရသည္။

Kim Miп-jae သည္ ယခုေႏြရာသီတြင္ Feпerbahce မွ နာပိုလီသို႔ ေပါင္ 15.5 သန္းျဖင့္ ေရာက္ရွိလာခဲ့သူျဖစ္ၿပီး ခ်ယ္လ္ဆီးအသင္းသို႔ေျပာင္းေ႐ႊ႕သြားခဲ့သည့္ Kalidou Koulibaly ေနရာကို တိုက္႐ိုက္အစားထိုးခံခဲ့ရတာ ျဖစ္သည္။ အသက္ 25 ႏွစ္အ႐ြယ္ ယင္းဗဟိုခံစစ္ကစားသမားသည္ သာလြန္ေကာင္းမြန္စြာပုံစံျဖင့္ တည္ၿငိမ္စြာကစားႏိုင္ခဲ့ၿပီး နာပိုလီအသင္းကို စီးရီးေအအမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္ေအာင္ ကူညီေပးထားပါတယ္။

Kim Min-jae ရဲ႕ပုံစံေကာင္းေတြေၾကာင့္ ခံစစ္မႉးလိုအပ္ေနတဲ့ မန္ယူႏိုက္တက္သည္ ယင္းကစားသမားကို ေခၚယူဖို႔ အေလာတႀကီး ျပင္ဆင္လာတာျဖစ္သည္။ အထူးသျဖင့္ Fichajes ၏အဆိုအရ – ‘ မန္ခ်က္စတာယူႏိုက္တက္အသင္းသည္ Kim Min-jae ရဲ႕အေျပာင္းအေ႐ႊ႕ၿပိဳင္ပြဲတြင္ အႏိုင္ရရန္ဆုံးျဖတ္ထားၿပီး သရဲနီေတြဟာ ကိုရီးယားကစားသမားအတြက္ ယူ႐ို 55 သန္းနဲ႔ ကမ္းလွမ္းဖို႔ အဆင္သင့္ျဖစ္ေနျဖစ္ေၾကာင္း ‘ သိရွိရပါတယ္။

ၿပီးခဲ့တဲ့ရာသီက ၿပိဳင္ပြဲအရပ္ရပ္မွာ စုစုေပါင္း 39 ပြဲထိ ကစားထားၿပီး Fenerbahce အတြက္ သြင္းဂိုး 1 ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။ ယခုရာသီမွာေတာ့ Kim Min-jae ဟာ နာပိုလီအသင္းႏွင့္အတူ သူ႔ရဲ႕ပထမဆုံးေဘာလုံးရာသီကို ျဖတ္သန္ေနၿပီး 14 ပြဲ ကစားၿပီးခ်ိန္တြင္ 2 ဂိုး သြင္းယူထားႏိုင္ခဲ့ကာ သူ႔ရဲ႕အရပ္အေမာင္း နဲ႔ စြမ္းေဆာင္ရည္ေတြက နာပိုလီပရိသတ္မ်ားကို Koulibaly အေၾကာင္းကို တျဖည္းျဖည္းေမ့သြားေစသည္။
crd

Unicode
ကပ်ပတိန် ခေါင်းကြီးနေရာမှာ အစားထိုးဖို့ ကိုရီးယားကြယ်ပွင့်နောက်ခံလူကို ယူရို 55 သန်းနဲ့ ကမ်းလှမ်းတော့မယ့် မန်ယူနိုက်တက်အသင်း
ဗဟိုနောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားနေရာမှာ အစားထိုးဖို့ ကိုရီးယားရာ‌မို့စ်ကို ယူရို 55 သန်းနဲ့ ကမ်းလှမ်းတော့မယ့် မန်ယူအသင်း

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင် ဗဟိုနောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားသည် ယခုရာသီကုန်တွင် အသင်းနှင့်လမ်းခွဲတော့မည်ဟု သတင်းများကျယ်ကျယ်လောင်လောင်ထွကိပေါ်လာခဲ့ပြီး ယူနိုက်တက်နည်းပြ အဲရစ်တန်ဟဂ်ကိုယ်တိုင်က မက်ဂွီုင်းယားသည် Old Trafford မှထွက်ခွာနိုင်ချေရှိသည်ဟု ဝန်ခံခဲ့ပါသည်။

တကယ်လို့ မက်ဂွိုင်းယားအနေဖြင့် ယူနိုက်တက်အသင်းကို စွန့်ခွာသွားခဲ့ပါက ၎င်း၏နေရာကို အစားထိုးဖို့အတွက် Napoli မှ Kim Miп-Jae အား ခေါ်ယူရန် သရဲနီများက ကြိုးပမ်းနေပါတယ်။ အိုးထရက်ဖို့ဒ်အသင်းသည် ယင်းကိုရီးယားလက်ရွေးစင်ကစားသမား၏ စွမ်းဆောင်ရည်ကို အနီးကပ်စောင့်ကြည့်နေကြောင်း သိရသည်။

Kim Miп-jae သည် ယခုနွေရာသီတွင် Feпerbahce မှ နာပိုလီသို့ ပေါင် 15.5 သန်းဖြင့် ရောက်ရှိလာခဲ့သူဖြစ်ပြီး ချယ်လ်ဆီးအသင်းသို့ပြောင်းရွှေ့သွားခဲ့သည့် Kalidou Koulibaly နေရာကို တိုက်ရိုက်အစားထိုးခံခဲ့ရတာ ဖြစ်သည်။ အသက် 25 နှစ်အရွယ် ယင်းဗဟိုခံစစ်ကစားသမားသည် သာလွန်ကောင်းမွန်စွာပုံစံဖြင့် တည်ငြိမ်စွာကစားနိုင်ခဲ့ပြီး နာပိုလီအသင်းကို စီးရီးအေအမှတ်ပေးဇယားကို ဦးဆောင်နိုင်အောင် ကူညီပေးထားပါတယ်။

Kim Min-jae ရဲ့ပုံစံကောင်းတွေကြောင့် ခံစစ်မှူးလိုအပ်နေတဲ့ မန်ယူနိုက်တက်သည် ယင်းကစားသမားကို ခေါ်ယူဖို့ အလောတကြီး ပြင်ဆင်လာတာဖြစ်သည်။ အထူးသဖြင့် Fichajes ၏အဆိုအရ – ‘ မန်ချက်စတာယူနိုက်တက်အသင်းသည် Kim Min-jae ရဲ့အပြောင်းအရွှေ့ပြိုင်ပွဲတွင် အနိုင်ရရန်ဆုံးဖြတ်ထားပြီး သရဲနီတွေဟာ ကိုရီးယားကစားသမားအတွက် ယူရို 55 သန်းနဲ့ ကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေဖြစ်ကြောင်း ‘ သိရှိရပါတယ်။

ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲအရပ်ရပ်မှာ စုစုပေါင်း 39 ပွဲထိ ကစားထားပြီး Fenerbahce အတွက် သွင်းဂိုး 1 ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ယခုရာသီမှာတော့ Kim Min-jae ဟာ နာပိုလီအသင်းနှင့်အတူ သူ့ရဲ့ပထမဆုံးဘောလုံးရာသီကို ဖြတ်သန်နေပြီး 14 ပွဲ ကစားပြီးချိန်တွင် 2 ဂိုး သွင်းယူထားနိုင်ခဲ့ကာ သူ့ရဲ့အရပ်အမောင်း နဲ့ စွမ်းဆောင်ရည်တွေက နာပိုလီပရိသတ်များကို Koulibaly အကြောင်းကို တဖြည်းဖြည်းမေ့သွားစေသည်။
crd

Add a Comment

Your email address will not be published. Required fields are marked *