ကပ္ပတိန္ေခါင္းႀကီးနဲ႔ ကြင္းလယ္လူတုတ္ႀကီးကို ေရာင္းထုတ္ဖို႔ ျပင္ဆင္ေနတဲ့ မန္ယူႏိုက္တက္နည္းျပႀကီး တန္ဟက္ဂ္
|ကပ္ပတိန္ေခါင္းႀကီးနဲ႔ ကြင္းလယ္လူတုတ္ႀကီးကို ေရာင္းထုတ္ဖို႔ ျပင္ဆင္ေနတဲ့ မန္ယူႏိုက္တက္နည္းျပႀကီး တန္ဟက္ဂ္
အသင္းအတြက္ ဘက္ဂ်က္အင္အား ျဖည့္တင္းသြားဖို႔ ကပ္ပတိန္မက္ဂြိဳင္းယားအျပင္ ေနာက္ထပ္ကစားသမားတစ္ေယာ္ကိုပါ ေရာင္းခ်ေတာ့မယ့္ တန္ဟကဂ္
ယူႏိုက္တက္ဒ္အသင္းကို နည္းျပအဲရစ္တန္ဟက္ဂ္ ကိုင္တြယ္တုန္းက အသင္းအတြက္ ေနာက္ခံလူ လီဆန္ဒ႐ိုမာတီနက္ဇ္နဲ႔ ကြင္းလယ္လူ ကက္စမဲ႐ိုးတို႔ကို ေခၚယူခဲ့ၿပီး ဒီကစားသမားေတြက လက္ရွိ အသင္းမွာလည္း ပုံမွန္ေနရာရေနသလို ဒီကစားသမားေတြေၾကာင့္လည္း မက္ဂြိဳင္းရားနဲ႔ တြမ္မီေနးတို႔ရဲ႕ ပြဲကစားခြင့္ေတြက အကန္႔အသတ္နဲ႔ ျဖစ္လာခဲ့ရပါတယ္။
အသင္းရဲ႕ အသင္းေခါင္းေဆာင္တစ္ဦး ျဖစ္ေနေပမယ့္လည္း မာတီနက္ဇ္ ဗာရန္းတို႔အျပင္ တစ္ခါတစ္ရံ လင္ဒီေလာ့ထက္ေတာင္ ေနရာေပးမခံရတဲ့ မက္ဂြိဳင္းရားနဲ႔ ကက္စမဲ႐ိုးေၾကာင့္ ပြဲထြက္ခြင့္ေတြ ဆုံးရႈံးေနရတဲ့ တြမ္မီေနးတို႔ဟာ သူတို႔ရဲ႕ ကစားသမားဘဝ အနာဂတ္အတြက္ အေျပာင္းအလဲေတြ လုပ္ေဆာင္လာဖို႔ စဥ္းစားလာခဲ့သလို အသင္းကလည္း ဒီကစားသမားေတြကို ေရာင္းထုတ္ဖို႔ ျပင္ဆင္လာခဲ့ပါတယ္။
လက္စတာကေန ယူႏိုက္တက္ဒ္အသင္းဆီကို ေျပာင္းေ႐ြ႕ေၾကး ေပါင္သန္း(၈၀)နဲ႔ ေရာက္ရွိလာၿပီး ႏွစ္အနည္းငယ္ေလးအတြင္းမွာပဲ ယူႏိုက္တက္ဒ္ အသင္းေခါင္းေဆာင္ ျဖစ္လာခဲ့ရတဲ့ မက္ဂြိဳင္းရားက လက္ရွိမွာေတာ့ ဗာရန္း မာတီနက္ဇ္တို႔ေက်ာ္ၿပီး ပုံမွန္ေနရာရဖို႔က ျဖစ္ႏိုင္ေခ် နည္းပါးေနရသလို ဒီရာသီမွာလည္း ပရီးမီးယားလိဂ္ (၄)ပြဲကိုသာ ပြဲထြက္ကစားသမားအျဖစ္ ကစားထားခဲ့ရပါတယ္။
ယူႏိုက္တက္ဒ္ အကယ္ဒမီထြက္ ကစားသမား တြမ္မီေနးမွာလည္း ယူႏိုက္တက္ဒ္အတြက္ အသုံးဝင္တဲ့ ကစားသမား ျဖစ္ေပမယ့္ မန္ခ်က္စတာဒါဘီ ပထမအေက်ာ့ပြဲ ေနာက္ပိုင္းကတည္းက အသင္းရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ေတြအတြင္း လူစားဝင္အျဖစ္နဲ႔သာ ကစားရေတာ့ၿပီး အာဆင္နယ္နဲ႔ပြဲမွာေတာင္ ကက္စမဲ႐ိုးသာ ပြဲပယ္မခံရရင္ အာဆင္နယ္ပြဲကိုပါ လြဲေခ်ာ္ရမွာ ျဖစ္ပါတယ္။
ဒီလို အေျခအေန ရွိေနတဲ့ မက္ဂြိဳင္းရားနဲ႔ တြမ္မီေနးတို႔ကို ပရီးမီးယားလိဂ္ ကလပ္အသင္းေတြကလည္း ေစာင့္ၾကည့္ေနၿပီျဖစ္လို႔ ယူႏိုက္တက္ဒ္က လာမယ့္ေႏြမွာ ဒီကစားသမားႏွစ္ဦးကို ေရာင္းထုတ္ၿပီး အသင္းရဲ႕ ေႏြအသုံးစရိတ္အတြက္ ဘက္ဂ်က္အင္အား ျဖည့္တင္းသြားဖြယ္ ရွိေနပါတယ္။ လက္ရွိမွာ မက္ဂြိဳင္းယားကို ဗီလာ ၊ ဝက္စ္ဟမ္းနဲ႔ တြမ္မီေနးကို နယူးကာဆယ္တို႔က အသီးသီး စိတ္ဝင္စားေနပါတယ္။
crd
Unicode
ကပ်ပတိန်ခေါင်းကြီးနဲ့ ကွင်းလယ်လူတုတ်ကြီးကို ရောင်းထုတ်ဖို့ ပြင်ဆင်နေတဲ့ မန်ယူနိုက်တက်နည်းပြကြီး တန်ဟက်ဂ်
အသင်းအတွက် ဘက်ဂျက်အင်အား ဖြည့်တင်းသွားဖို့ ကပ်ပတိန်မက်ဂွိုင်းယားအပြင် နောက်ထပ်ကစားသမားတစ်ယော်ကိုပါ ရောင်းချတော့မယ့် တန်ဟကဂ်
ယူနိုက်တက်ဒ်အသင်းကို နည်းပြအဲရစ်တန်ဟက်ဂ် ကိုင်တွယ်တုန်းက အသင်းအတွက် နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်နဲ့ ကွင်းလယ်လူ ကက်စမဲရိုးတို့ကို ခေါ်ယူခဲ့ပြီး ဒီကစားသမားတွေက လက်ရှိ အသင်းမှာလည်း ပုံမှန်နေရာရနေသလို ဒီကစားသမားတွေကြောင့်လည်း မက်ဂွိုင်းရားနဲ့ တွမ်မီနေးတို့ရဲ့ ပွဲကစားခွင့်တွေက အကန့်အသတ်နဲ့ ဖြစ်လာခဲ့ရပါတယ်။
အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦး ဖြစ်နေပေမယ့်လည်း မာတီနက်ဇ် ဗာရန်းတို့အပြင် တစ်ခါတစ်ရံ လင်ဒီလော့ထက်တောင် နေရာပေးမခံရတဲ့ မက်ဂွိုင်းရားနဲ့ ကက်စမဲရိုးကြောင့် ပွဲထွက်ခွင့်တွေ ဆုံးရှုံးနေရတဲ့ တွမ်မီနေးတို့ဟာ သူတို့ရဲ့ ကစားသမားဘဝ အနာဂတ်အတွက် အပြောင်းအလဲတွေ လုပ်ဆောင်လာဖို့ စဉ်းစားလာခဲ့သလို အသင်းကလည်း ဒီကစားသမားတွေကို ရောင်းထုတ်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။
လက်စတာကနေ ယူနိုက်တက်ဒ်အသင်းဆီကို ပြောင်းရွေ့ကြေး ပေါင်သန်း(၈၀)နဲ့ ရောက်ရှိလာပြီး နှစ်အနည်းငယ်လေးအတွင်းမှာပဲ ယူနိုက်တက်ဒ် အသင်းခေါင်းဆောင် ဖြစ်လာခဲ့ရတဲ့ မက်ဂွိုင်းရားက လက်ရှိမှာတော့ ဗာရန်း မာတီနက်ဇ်တို့ကျော်ပြီး ပုံမှန်နေရာရဖို့က ဖြစ်နိုင်ချေ နည်းပါးနေရသလို ဒီရာသီမှာလည်း ပရီးမီးယားလိဂ် (၄)ပွဲကိုသာ ပွဲထွက်ကစားသမားအဖြစ် ကစားထားခဲ့ရပါတယ်။
ယူနိုက်တက်ဒ် အကယ်ဒမီထွက် ကစားသမား တွမ်မီနေးမှာလည်း ယူနိုက်တက်ဒ်အတွက် အသုံးဝင်တဲ့ ကစားသမား ဖြစ်ပေမယ့် မန်ချက်စတာဒါဘီ ပထမအကျော့ပွဲ နောက်ပိုင်းကတည်းက အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွင်း လူစားဝင်အဖြစ်နဲ့သာ ကစားရတော့ပြီး အာဆင်နယ်နဲ့ပွဲမှာတောင် ကက်စမဲရိုးသာ ပွဲပယ်မခံရရင် အာဆင်နယ်ပွဲကိုပါ လွဲချော်ရမှာ ဖြစ်ပါတယ်။
ဒီလို အခြေအနေ ရှိနေတဲ့ မက်ဂွိုင်းရားနဲ့ တွမ်မီနေးတို့ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေကလည်း စောင့်ကြည့်နေပြီဖြစ်လို့ ယူနိုက်တက်ဒ်က လာမယ့်နွေမှာ ဒီကစားသမားနှစ်ဦးကို ရောင်းထုတ်ပြီး အသင်းရဲ့ နွေအသုံးစရိတ်အတွက် ဘက်ဂျက်အင်အား ဖြည့်တင်းသွားဖွယ် ရှိနေပါတယ်။ လက်ရှိမှာ မက်ဂွိုင်းယားကို ဗီလာ ၊ ဝက်စ်ဟမ်းနဲ့ တွမ်မီနေးကို နယူးကာဆယ်တို့က အသီးသီး စိတ်ဝင်စားနေပါတယ်။
crd