ကတ္စ္မဲ႐ိုးရဲ႕အရံေနရာအတြက္ ၁၉ ႏွစ္အ႐ြယ္ လူငယ္ကစားသမားေလးကိုေခၚယူဖို႔ ေဆြးေႏြးမႈေတြလုပ္ေဆာင္လာတဲ့ မန္ယူႏိုက္တက္

ကတ္စ္မဲ႐ိုးရဲ႕အရံေနရာအတြက္ ၁၉ ႏွစ္အ႐ြယ္ လူငယ္ကစားသမားေလးကိုေခၚယူဖို႔ ေဆြးေႏြးမႈေတြလုပ္ေဆာင္လာတဲ့ မန္ယူႏိုက္တက္

ပရီးမီးယားလိဂ္ကလပ္ ေဆာက္သမ္တန္ရဲ႕ အဓိက ကြင္းလယ္လူ တဦး ျဖစ္သူ လာဗီယာဟာ ရာသီကုန္ခ်ိန္မွာ ပရီးမီးယားလိဂ္ နာမည္ႀကီးကလပ္ မန္ခ်က္စတာ ယူႏိုက္တက္ဆီ ေျပာင္းေ႐ႊ႕ႏိုင္ေရး အတြက္ ယူႏိုက္တက္ရဲ႕ တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံကာ ေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနေၾကာင္း ေဆာက္သမ္တန္နဲ႔ နီးစပ္တဲ့ သတင္းရင္းျမစ္ေတြက ေဖာ္ျပသြားၾကပါတယ္။

 

အသက္ ၁၉ႏွစ္ အ႐ြယ္သာ ရွိေသးတဲ့ ဘယ္လ္ဂ်ီယံ လူငယ္ၾကယ္ပြင့္ လာဗီယာက ၿပီးခဲ့တဲ့ ေဘာလုံးရာသီကမွ မန္ခ်က္စတာ စီးတီး ကေန ေဆာက္သမ္တန္ထံ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၁၂ သန္းေက်ာ္နဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူ ျဖစ္ၿပီး သူက ယခုႏွစ္ ေဘာလုံးရာသီမွာ အသင္းရဲ႕ အဓိက ကစားသမား တဦး အျဖစ္ ေျခစြမ္းျပ ကစားထားႏိုင္သူပါ။ လာဗီယာက ကြင္းလယ္ခံစစ္ ေနရာမွာ အဓိက ကစားေလ့ ရွိသူ ျဖစ္ၿပီး သူ႔ရဲ႕ ရွည္လ်ားတဲ့ အရပ္အေမာင္း ၊ နည္းစနစ္ပိုင္း ႂကြယ္ဝမႈနဲ႔ ပင္ကိုယ္ ႀကံ့ခိုင္မႈတို႔ေၾကာင့္ ဝက္ပေရာ့စ္နဲ႔ တြဲဖက္ကာ ေဆာက္သမ္တန္ရဲ႕ ကြင္းလယ္ကို ထိန္းေက်ာင္းခြင့္ ရထားပါတယ္။

 

 

လာဗီယာက ေဆာက္သမ္တန္ အတြက္ စုစုေပါင္း ၂၅ပြဲ ပါဝင္ ကစားေပးထားရာ သြင္းဂိုး ၁ဂိုး သြင္းယူႏိုင္ခဲ့သလို ဂိုးဖန္တီးမႈ ၁ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ၿပီး သူ႔ရဲ႕ ေျခစြမ္းေကာင္းေတြေၾကာင့္ပဲ မန္ခ်က္စတာ ယူႏိုက္တက္ အပါအဝင္ ဥေရာပရဲ႕ နာမည္ႀကီးကလပ္ တခ်ိဳ႕က လာဗီယာကို ေခၚယူဖို႔ စိတ္ဝင္စားလာၾကပါတယ္။ လာဗီယာကလည္း ေဆာက္သမ္တန္မွာ ပုံမွန္ ပြဲထြက္ခြင့္ ရေနေပမယ့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ ကေန တန္းဆင္းရဖို႔ နီးစပ္ေနတဲ့ ေဆာက္သမ္တန္ကို စြန႔္ခြာကာ နာမည္ႀကီးအသင္း တသင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ စိတ္ကူးေနၿပီး ေဆာက္သမ္တန္ကသာ တန္းဆင္းခဲ့ရရင္ လာဗီယာဟာ အသင္းကို အရင္ဆုံး စြန႔္ခြာမယ့္ ကစားသမားေတြထဲ ပါဝင္ေနပါတယ္။

 

ေဆာက္သမ္တန္နဲ႔ နီးစပ္တဲ့ သတင္းရင္းျမစ္ တခု ျဖစ္တဲ့ Saints Xtraရဲ႕ ေဖာ္ျပခ်က္အရ လာဗီယာရဲ႕ ဖခင္ျဖစ္သူက ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းမွာပဲ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံကာ သူ႔သားရဲ႕ အေျပာင္းအေ႐ႊ႕ အတြက္ ေဆြးေႏြးမႈေတြ လုပ္ေဆာင္ခဲ့ၿပီး မန္ခ်က္စတာ ယူႏိုက္တက္က ေတာ္မီေနးကို ေရာင္းခ်ၿပီးရင္ သူ႔ရဲ႕ေနရာ အတြက္ လာဗီယာကို ျပန္လည္ ေခၚယူခ်င္ေနတာ ျဖစ္ေၾကာင္း သိရပါတယ္။
crd

unicode

ကတ်စ်မဲရိုးရဲ့အရံနေရာအတွက် ၁၉ နှစ်အရွယ် လူငယ်ကစားသမားလေးကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေလုပ်ဆောင်လာတဲ့ မန်ယူနိုက်တက်

ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ လာဗီယာဟာ ရာသီကုန်ချိန်မှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့နိုင်ရေး အတွက် ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း ဆောက်သမ်တန်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ဘယ်လ်ဂျီယံ လူငယ်ကြယ်ပွင့် လာဗီယာက ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ မန်ချက်စတာ စီးတီး ကနေ ဆောက်သမ်တန်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၂ သန်းကျော်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ အသင်းရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းပြ ကစားထားနိုင်သူပါ။ လာဗီယာက ကွင်းလယ်ခံစစ် နေရာမှာ အဓိက ကစားလေ့ ရှိသူ ဖြစ်ပြီး သူ့ရဲ့ ရှည်လျားတဲ့ အရပ်အမောင်း ၊ နည်းစနစ်ပိုင်း ကြွယ်ဝမှုနဲ့ ပင်ကိုယ် ကြံ့ခိုင်မှုတို့ကြောင့် ဝက်ပရော့စ်နဲ့ တွဲဖက်ကာ ဆောက်သမ်တန်ရဲ့ ကွင်းလယ်ကို ထိန်းကျောင်းခွင့် ရထားပါတယ်။

လာဗီယာက ဆောက်သမ်တန် အတွက် စုစုပေါင်း ၂၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပရဲ့ နာမည်ကြီးကလပ် တချို့က လာဗီယာကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြပါတယ်။ လာဗီယာကလည်း ဆောက်သမ်တန်မှာ ပုံမှန် ပွဲထွက်ခွင့် ရနေပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ကနေ တန်းဆင်းရဖို့ နီးစပ်နေတဲ့ ဆောက်သမ်တန်ကို စွန့်ခွာကာ နာမည်ကြီးအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးနေပြီး ဆောက်သမ်တန်ကသာ တန်းဆင်းခဲ့ရရင် လာဗီယာဟာ အသင်းကို အရင်ဆုံး စွန့်ခွာမယ့် ကစားသမားတွေထဲ ပါဝင်နေပါတယ်။

ဆောက်သမ်တန်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တခု ဖြစ်တဲ့ Saints Xtraရဲ့ ဖော်ပြချက်အရ လာဗီယာရဲ့ ဖခင်ဖြစ်သူက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ သူ့သားရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်က တော်မီနေးကို ရောင်းချပြီးရင် သူ့ရဲ့နေရာ အတွက် လာဗီယာကို ပြန်လည် ခေါ်ယူချင်နေတာ ဖြစ်ကြောင်း သိရပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *