crd
unicode
ကတ်စ်မဲရိုးဆိုတာ သူရဲ့နာမည်အမှန်မဟုတ်ကြောင်း ရှင်းပြလိုက်တဲ့ သရဲနီ tank ကြီး
မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားဖြစ်သူ ကတ်စ်မဲရိုးက ကစားသမားဘဝတစ်ခုလုံးနီးပါး သူ့ရဲ့ ကျောမှာရေးထိုးထားတဲ့ ကတ်စ်မဲရိုးဆိုတဲ့ နာမည်ဟာ စာလုံး‌ပေါင်းမှားယွင်းနေကြောင်း အံ့အားသင့်ဖွယ်ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။
ဘရာဇီးလက်‌ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက လာလီဂါဖလားသုံးကြိမ်နဲ့ ချန်ပီယံလိဂ်ဖလားငါးကြိမ်အထိ ရယူနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကနေ မန်ယူအသင်းဆီကို ပြောင်း‌ရွှေ့လာခဲ့တာဖြစ်ပြီး၊ သူ့ရဲ့ အနိုင်ရလိုစိတ်နဲ့ စပိန်မှာ ရခဲ့တဲ့အတွေ့အကြုံကောင်းတွေကြောင့် မန်ယူအသင်းရဲ့ အရေးပါဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။
ဒါပေမယ့်လည်း ကတ်စ်မဲရိုးရဲ့ ဘဝမှာ ကြုံတောင့်ကြုံခဲအလွဲတစ်ခုဖြစ်ခဲ့ဖူးပြီး၊ ထိုအမှားကပဲ သူ့ရဲ့ တစ်ဘဝလုံးကို ပြောင်းလဲစေခဲ့ပါတယ်။ တကယ်တော့ ကတ်စ်မဲရိုးရဲ့ အမည်ရင်းဟာ “Carlos Henrique Casimiro “ ပါ ။ သူ့ရဲ့ ငယ်ဘဝအသင်းဟောင်း ဆာအူးလ်ပေါလ်လိုက Casimiro အစား Casemiro အဖြစ် မှားယွင်းပြီး အင်္ကျီမှာ တံဆိပ်ရိုက်ခဲ့မိတာ ဖြစ်ကာ၊ ထိုအမှားကပဲ တစ်သက်လုံး တည်ရှိနေတော့တာ ဖြစ်ပါတယ်။
ထိုအကြောင်းကို ကတ်စ်မဲရိုးက ” ဆာအူးလ် ပေါလ်လိုအတွက် ကျွန််တော် တစ်ပွဲကစားပေးရတုန်းကပေါ့၊ အသင်းဘက်က ကျွန်တော့်နာမည်ကို စာလုံးပေါင်းမှားခဲ့တာကို ကျွန်တော် မှတ်မိပါသေးတယ် ” ” သူတို့က နာမည်ကို E နဲ့ ‌ပေါင်းခဲ့တာပါ။ ဖြစ်ချင်တော့ ကျနော်ကလည်း အဲ့ဒီပွဲမှာ တော်တော်ခြေစွမ်းပြနိုင်ခဲ့တာဗျ .. ဘရာဇီးလ်ရဲ့ လူငယ်စူပါစတားတစ်ယောက်ဆိုပြီး လူတွေမြင်သွားတဲ့အထိပေါ့ဗျာ ၊ အဲ့ဒီပွဲမှာပဲ လူတွေကကျနော့်ကို ‘ Casemiro ‘ ဆိုပြီးမှတ်မိသွားတော့တာပဲ .. ဒါနဲ့ ကျနော်လည်း ’ ဒီတိုင်းပဲထားလိုက်ပါတော့ဗျာ .. Casemiro ဆိုတော့လည်း Casemiro ပေါ့‘ လို့ပြောပြီး နာမည်ကို ပြန်မပြင်ခဲ့တော့ဘူး … “ ကျွန်တော်လည်း ဒီနာမည်နဲ့ ခြေစွမ်းကောင်းနေတာပဲ ‘ ဆိုပြီး ပြောခဲ့တယ် ” လို့ ပြောဆိုလာခဲ့ပါတယ်။ ကတ်စ်မဲရိုးဟာ အခုဆိုရင် သူ့ရဲ့ အိပ်မက်ဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ ထိုနာမည်နဲ့ပဲ ကစားနေပြီဖြစ်ပါတယ်။
Add a Comment
Your email address will not be published. Required fields are marked *