ကတ္စ္မဲ႐ိုးက ယူႏိုက္တက္ကြင္းလယ္မွာ ၁၈ႏွစ္ၾကာေပ်ာက္ဆုံးေနတဲ့ ႐ြိဳင္ကိန္းရဲ႕ေနရာကိုဆက္ခံမယ့္သူပါလို႔ ဆိုလိုက္တဲ့ သရဲနီဂႏၲဝင္ႀကီး
|ကတ္စ္မဲ႐ိုးက ယူႏိုက္တက္ကြင္းလယ္မွာ ၁၈ႏွစ္ၾကာေပ်ာက္ဆုံးေနတဲ့ ႐ြိဳင္ကိန္းရဲ႕ေနရာကိုဆက္ခံမယ့္သူပါလို႔ ဆိုလိုက္တဲ့ သရဲနီဂႏၲဝင္ႀကီး
မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဂႏၲ၀င္ကစားသမားေဟာင္းႀကီး ရွရင္ဂမ္ကေတာ့ ကက္စ္မဲ႐ိုးကို သရဲနီကပၸတိန္ေဟာင္း ႐ြိဳင္ကိန္းနဲ႔ ႏႈိင္းယွဥ္ခ်ီးက်ဴးလာခဲ့ပါတယ္ ။ ကက္စ္မဲ႐ိုးဟာ ယူႏိုက္တက္မွာ ဆယ့္ရွစ္ႏွစ္ၾကာ ေပ်ာက္ဆုံးေနတဲ့ ႐ြိဳင္ကိန္းရဲ႕ ေနရာကို ဆက္ဆံဖို႔ ေရာက္ရွိလာတာျဖစ္တယ္လို႔ အဂၤလန္လက္ေ႐ြးစင္ေဟာင္းႀကီး ရွရင္ဂမ္က ဆိုပါတယ္ ။ ယူႏိုက္တက္ဂႏၲ၀င္တစ္ဦးျဖစ္တဲ့ ႐ြိဳင္ကိန္းဟာ သရဲနီေတြအတြက္ ၁၉၉၇ခုနစ္ကေန ၂၀၀၅ ခုနစ္အထိ ရွစ္ႏွစ္ၾကာ ကစားေပးခဲ့သူ ျဖစ္ပါတယ္ ။ ရွရင္ဂမ္ကေတာ့ သရဲနီေတြအတြက္ ၁၉၉၇ခုနစ္ကေန ၂၀၀၁ခုနစ္အထိ ၄ႏွစ္ၾကာ ကစားခဲ့သူ ျဖစ္ပါတယ္ ။
ကက္စ္မဲ႐ိုးဟာ ၿပီးခဲ့တဲ့ေႏြမွာ ရီးရဲလ္မက္ဒရစ္ကေန မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၆၀ + ထပ္ေဆာင္းဆုေၾကးေငြ ေပါင္၁၀သန္း နဲ႔ ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္ ။ အိုးထရက္ဖို႔ဒ္ကို ပထမဆုံးေရာက္ရွိလာခဲ့တဲ့ ေဘာလုံးရာသီမွာပဲ ဘရာဇီးလ္လက္ေ႐ြးစင္ဟာ အသင္းရဲ႕ အဓိကကစားသမားတစ္ဦး အလ်င္အျမန္ ျဖစ္လာခဲ့ပါတယ္ ။ ၿပီးခဲ့တဲ့ သီတင္းပတ္က ယွဥ္ၿပိဳင္ခဲ့တဲ့ မန္ယူ နဲ႔ ခရစၥတယ္ပဲေလ့စ္တို႔ရဲ႕ ပြဲစဥ္မွာေတာ့ ကက္စ္မဲ႐ိုးဟာ ပဲေလ့စ္ကစားသမား ေဝးလ္ဟု႔ဂ္စ္ရဲ႕ လည္မ်ိဳကို ညႇစ္ခဲ့တယ္ဆိုတဲ့ စြဲခ်က္နဲ႔ ကြင္းလယ္ဒိုင္ အန္ဒရီမာရီရဲ႕ အနီကဒ္ျပ ထုတ္ပယ္ျခင္း ခံခဲ့ရပါတယ္ ။ ခရစၥတယ္ပဲေလ့စ္ကစားသမားေတြဟာ ယူႏိုက္တက္ကစားသမားေတြကို မလိုအပ္ပဲ ကစားပုံၾကမ္းတမ္းခဲ့ရာကေန ႏွစ္ဖက္အသင္းၾကား ႐ုန္းရင္းဆန္ခတ္နဲ႔ အခ်င္းပြားမႈေတြ ျဖစ္ခဲ့ၿပီး ပဲေလ့စ္ကစားသမားေတြက ျပစ္ဒဏ္ခ်မွတ္ခံရတာမ်ိဳးမရွိခဲ့ဘဲ ကက္စ္မဲ႐ိုးသာ တိုက္႐ိုက္အနီကတ္ျပခံခဲ့ရပါတယ္ ။
ဒါ့ေၾကာင့္ သရဲနီကြင္းလယ္ဗိုလ္ခ်ဳပ္ဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ေနာက္လာမယ့္ပြဲစဥ္၃ပြဲကို လြဲေခ်ာ္ရေတာ့မွာ ျဖစ္ပါတယ္ ။ လိဒ္စ္နဲ႔ ရင္ဆိုင္ရမယ့္ ပြဲစဥ္၂ပြဲ ၊ လက္စတာနဲ႔ ရင္ဆိုင္ရမယ့္ ပြဲစဥ္ေတြကို ကက္ရွ္မဲ႐ိုးဟာ လြဲေခ်ာ္ရေတာ့မွာပါ ။ ဒီလကုန္မွာ နယူးကာဆယ္နဲ႔ ယွဥ္ၿပိဳင္မယ့္ ကာရာေဘာင္ဖလားဗိုလ္လုပြဲမွာေတာ့ ကက္စ္မဲ႐ိုးဟာ ျပန္လည္ပါ၀င္ႏိုင္မွာ ျဖစ္ပါတယ္ ။
ကက္စ္မဲ႐ိုး အခုလို အနီကဒ္ျပစ္ဒဏ္ခ်မွတ္ခံရတာနဲ႔ ပတ္သက္ၿပီး ေဝဖန္မႈေတြ အမ်ားႀကီး ရွိေနေပမယ့္ ရွရင္ဂမ္ကေတာ့ ကက္စ္မဲ႐ိုးဟာ ႐ြိဳင္ကိန္းလို ကစားသမားျဖစ္တယ္လို႔ ခ်ီးက်ဴးလာခဲ့ပါတယ္။
” ကက္စ္မဲ႐ိုးနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ေျပာခ်င္တာကေတာ့ သူဟာ ႐ြိဳင္ကိန္းလို ကစားသမား ျဖစ္တယ္ဆိုတာပါပဲ ။ ၿပီးခဲ့တဲ့ ၁၈ႏွစ္အတြင္း ယူႏိုက္တက္မွာ လစ္လပ္ေနခဲ့တဲ့ ကြင္းလယ္ကြက္လပ္ကို ကက္စ္မဲ႐ိုးက ျဖည့္ေပးခဲ့ပါတယ္ ” “ကက္စ္မဲ႐ိုးက သူရဲ႕အသင္းဟာ အေကာင္းဆုံးစြမ္းေဆာင္ရည္ေတြကို ျပသႏိုင္ေအာင္ ကူညီေပးဖို႔အတြက္ ကစားပြဲကို နားလည္တဲ့ ၊ အသင္းေဖာ္ေတြကို အေကာင္းဆုံးကာကြယ္ေပးဖို႔ စိတ္ဆႏၵရွိတဲ့ ကြင္းလယ္ဗိုလ္ခ်ဳပ္ပါ ” လို႔ ရွရင္ဂမ္က ခ်ီးက်ဴးခဲ့ပါတယ္ ။ ဘရာဇီးလ္သားဟာ လက္ရွိပရီးမီူယားလိဂ္ရဲ႕ အေကာင္းဆုံး ကြင္းလယ္ခံစစ္ ကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ခံထားရသူျဖစ္ၿပီး ဒီရာသီအသင္းအတြက္ ၿပိဳင္ပြဲစုံ ပြဲ၃၀ကစားထားခဲ့ကာ ၄ဂိုးသြင္း ၊ ၅ႀကိမ္ဂိုးဖန္တီးမႈ ျပဳလုပ္ထားခဲ့ပါတယ္ ။
crd
unicode
ကတ်စ်မဲရိုးက ယူနိုက်တက်ကွင်းလယ်မှာ ၁၈နှစ်ကြာပျောက်ဆုံးနေတဲ့ ရွိုင်ကိန်းရဲ့နေရာကိုဆက်ခံမယ့်သူပါလို့ ဆိုလိုက်တဲ့ သရဲနီဂန္တဝင်ကြီး
မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္တ၀င်ကစားသမားဟောင်းကြီး ရှရင်ဂမ်ကတော့ ကက်စ်မဲရိုးကို သရဲနီကပ္ပတိန်ဟောင်း ရွိုင်ကိန်းနဲ့ နှိုင်းယှဉ်ချီးကျူးလာခဲ့ပါတယ် ။ ကက်စ်မဲရိုးဟာ ယူနိုက်တက်မှာ ဆယ့်ရှစ်နှစ်ကြာ ပျောက်ဆုံးနေတဲ့ ရွိုင်ကိန်းရဲ့ နေရာကို ဆက်ဆံဖို့ ရောက်ရှိလာတာဖြစ်တယ်လို့ အင်္ဂလန်လက်ရွေးစင်ဟောင်းကြီး ရှရင်ဂမ်က ဆိုပါတယ် ။ ယူနိုက်တက်ဂန္တ၀င်တစ်ဦးဖြစ်တဲ့ ရွိုင်ကိန်းဟာ သရဲနီတွေအတွက် ၁၉၉၇ခုနစ်ကနေ ၂၀၀၅ ခုနစ်အထိ ရှစ်နှစ်ကြာ ကစားပေးခဲ့သူ ဖြစ်ပါတယ် ။ ရှရင်ဂမ်ကတော့ သရဲနီတွေအတွက် ၁၉၉၇ခုနစ်ကနေ ၂၀၀၁ခုနစ်အထိ ၄နှစ်ကြာ ကစားခဲ့သူ ဖြစ်ပါတယ် ။
ကက်စ်မဲရိုးဟာ ပြီးခဲ့တဲ့နွေမှာ ရီးရဲလ်မက်ဒရစ်ကနေ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ကြေးပေါင်သန်း၆၀ + ထပ်ဆောင်းဆုကြေးငွေ ပေါင်၁၀သန်း နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ် ။ အိုးထရက်ဖို့ဒ်ကို ပထမဆုံးရောက်ရှိလာခဲ့တဲ့ ဘောလုံးရာသီမှာပဲ ဘရာဇီးလ်လက်ရွေးစင်ဟာ အသင်းရဲ့ အဓိကကစားသမားတစ်ဦး အလျင်အမြန် ဖြစ်လာခဲ့ပါတယ် ။ ပြီးခဲ့တဲ့ သီတင်းပတ်က ယှဉ်ပြိုင်ခဲ့တဲ့ မန်ယူ နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ရဲ့ ပွဲစဉ်မှာတော့ ကက်စ်မဲရိုးဟာ ပဲလေ့စ်ကစားသမား ဝေးလ်ဟု့ဂ်စ်ရဲ့ လည်မျိုကို ညှစ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ကွင်းလယ်ဒိုင် အန်ဒရီမာရီရဲ့ အနီကဒ်ပြ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ် ။ ခရစ္စတယ်ပဲလေ့စ်ကစားသမားတွေဟာ ယူနိုက်တက်ကစားသမားတွေကို မလိုအပ်ပဲ ကစားပုံကြမ်းတမ်းခဲ့ရာကနေ နှစ်ဖက်အသင်းကြား ရုန်းရင်းဆန်ခတ်နဲ့ အချင်းပွားမှုတွေ ဖြစ်ခဲ့ပြီး ပဲလေ့စ်ကစားသမားတွေက ပြစ်ဒဏ်ချမှတ်ခံရတာမျိုးမရှိခဲ့ဘဲ ကက်စ်မဲရိုးသာ တိုက်ရိုက်အနီကတ်ပြခံခဲ့ရပါတယ် ။
ဒါ့ကြောင့် သရဲနီကွင်းလယ်ဗိုလ်ချုပ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ နောက်လာမယ့်ပွဲစဉ်၃ပွဲကို လွဲချော်ရတော့မှာ ဖြစ်ပါတယ် ။ လိဒ်စ်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်၂ပွဲ ၊ လက်စတာနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်တွေကို ကက်ရှ်မဲရိုးဟာ လွဲချော်ရတော့မှာပါ ။ ဒီလကုန်မှာ နယူးကာဆယ်နဲ့ ယှဉ်ပြိုင်မယ့် ကာရာဘောင်ဖလားဗိုလ်လုပွဲမှာတော့ ကက်စ်မဲရိုးဟာ ပြန်လည်ပါ၀င်နိုင်မှာ ဖြစ်ပါတယ် ။ကက်စ်မဲရိုး အခုလို အနီကဒ်ပြစ်ဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ အများကြီး ရှိနေပေမယ့် ရှရင်ဂမ်ကတော့ ကက်စ်မဲရိုးဟာ ရွိုင်ကိန်းလို ကစားသမားဖြစ်တယ်လို့ ချီးကျူးလာခဲ့ပါတယ်။
” ကက်စ်မဲရိုးနဲ့ပတ်သက်ပြီး ကျွန်တော်ပြောချင်တာကတော့ သူဟာ ရွိုင်ကိန်းလို ကစားသမား ဖြစ်တယ်ဆိုတာပါပဲ ။ ပြီးခဲ့တဲ့ ၁၈နှစ်အတွင်း ယူနိုက်တက်မှာ လစ်လပ်နေခဲ့တဲ့ ကွင်းလယ်ကွက်လပ်ကို ကက်စ်မဲရိုးက ဖြည့်ပေးခဲ့ပါတယ် ” “ကက်စ်မဲရိုးက သူရဲ့အသင်းဟာ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပြသနိုင်အောင် ကူညီပေးဖို့အတွက် ကစားပွဲကို နားလည်တဲ့ ၊ အသင်းဖော်တွေကို အကောင်းဆုံးကာကွယ်ပေးဖို့ စိတ်ဆန္ဒရှိတဲ့ ကွင်းလယ်ဗိုလ်ချုပ်ပါ ” လို့ ရှရင်ဂမ်က ချီးကျူးခဲ့ပါတယ် ။ ဘရာဇီးလ်သားဟာ လက်ရှိပရီးမီူယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ဒီရာသီအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ၃၀ကစားထားခဲ့ကာ ၄ဂိုးသွင်း ၊ ၅ကြိမ်ဂိုးဖန်တီးမှု ပြုလုပ်ထားခဲ့ပါတယ် ။
crd
ကတ်စ်မဲရိုးက ယူနိုက်တက်ကွင်းလယ်မှာ ၁၈နှစ်ကြာပျောက်ဆုံးနေတဲ့ ရွိုင်ကိန်းရဲ့နေရာကိုဆက်ခံမယ့်သူပါလို့ ဆိုလိုက်တဲ့ သရဲနီဂန္တဝင်ကြီး
မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္တ၀င်ကစားသမားဟောင်းကြီး ရှရင်ဂမ်ကတော့ ကက်စ်မဲရိုးကို သရဲနီကပ္ပတိန်ဟောင်း ရွိုင်ကိန်းနဲ့ နှိုင်းယှဉ်ချီးကျူးလာခဲ့ပါတယ် ။ ကက်စ်မဲရိုးဟာ ယူနိုက်တက်မှာ ဆယ့်ရှစ်နှစ်ကြာ ပျောက်ဆုံးနေတဲ့ ရွိုင်ကိန်းရဲ့ နေရာကို ဆက်ဆံဖို့ ရောက်ရှိလာတာဖြစ်တယ်လို့ အင်္ဂလန်လက်ရွေးစင်ဟောင်းကြီး ရှရင်ဂမ်က ဆိုပါတယ် ။ ယူနိုက်တက်ဂန္တ၀င်တစ်ဦးဖြစ်တဲ့ ရွိုင်ကိန်းဟာ သရဲနီတွေအတွက် ၁၉၉၇ခုနစ်ကနေ ၂၀၀၅ ခုနစ်အထိ ရှစ်နှစ်ကြာ ကစားပေးခဲ့သူ ဖြစ်ပါတယ် ။ ရှရင်ဂမ်ကတော့ သရဲနီတွေအတွက် ၁၉၉၇ခုနစ်ကနေ ၂၀၀၁ခုနစ်အထိ ၄နှစ်ကြာ ကစားခဲ့သူ ဖြစ်ပါတယ် ။
ကက်စ်မဲရိုးဟာ ပြီးခဲ့တဲ့နွေမှာ ရီးရဲလ်မက်ဒရစ်ကနေ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ကြေးပေါင်သန်း၆၀ + ထပ်ဆောင်းဆုကြေးငွေ ပေါင်၁၀သန်း နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ် ။ အိုးထရက်ဖို့ဒ်ကို ပထမဆုံးရောက်ရှိလာခဲ့တဲ့ ဘောလုံးရာသီမှာပဲ ဘရာဇီးလ်လက်ရွေးစင်ဟာ အသင်းရဲ့ အဓိကကစားသမားတစ်ဦး အလျင်အမြန် ဖြစ်လာခဲ့ပါတယ် ။ ပြီးခဲ့တဲ့ သီတင်းပတ်က ယှဉ်ပြိုင်ခဲ့တဲ့ မန်ယူ နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ရဲ့ ပွဲစဉ်မှာတော့ ကက်စ်မဲရိုးဟာ ပဲလေ့စ်ကစားသမား ဝေးလ်ဟု့ဂ်စ်ရဲ့ လည်မျိုကို ညှစ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ကွင်းလယ်ဒိုင် အန်ဒရီမာရီရဲ့ အနီကဒ်ပြ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ် ။ ခရစ္စတယ်ပဲလေ့စ်ကစားသမားတွေဟာ ယူနိုက်တက်ကစားသမားတွေကို မလိုအပ်ပဲ ကစားပုံကြမ်းတမ်းခဲ့ရာကနေ နှစ်ဖက်အသင်းကြား ရုန်းရင်းဆန်ခတ်နဲ့ အချင်းပွားမှုတွေ ဖြစ်ခဲ့ပြီး ပဲလေ့စ်ကစားသမားတွေက ပြစ်ဒဏ်ချမှတ်ခံရတာမျိုးမရှိခဲ့ဘဲ ကက်စ်မဲရိုးသာ တိုက်ရိုက်အနီကတ်ပြခံခဲ့ရပါတယ် ။
ဒါ့ကြောင့် သရဲနီကွင်းလယ်ဗိုလ်ချုပ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ နောက်လာမယ့်ပွဲစဉ်၃ပွဲကို လွဲချော်ရတော့မှာ ဖြစ်ပါတယ် ။ လိဒ်စ်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်၂ပွဲ ၊ လက်စတာနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်တွေကို ကက်ရှ်မဲရိုးဟာ လွဲချော်ရတော့မှာပါ ။ ဒီလကုန်မှာ နယူးကာဆယ်နဲ့ ယှဉ်ပြိုင်မယ့် ကာရာဘောင်ဖလားဗိုလ်လုပွဲမှာတော့ ကက်စ်မဲရိုးဟာ ပြန်လည်ပါ၀င်နိုင်မှာ ဖြစ်ပါတယ် ။
ကက်စ်မဲရိုး အခုလို အနီကဒ်ပြစ်ဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ အများကြီး ရှိနေပေမယ့် ရှရင်ဂမ်ကတော့ ကက်စ်မဲရိုးဟာ ရွိုင်ကိန်းလို ကစားသမားဖြစ်တယ်လို့ ချီးကျူးလာခဲ့ပါတယ်။