ကစားသမားေခၚယူတဲ့ေနရာမွာ စေကးေကာင္းဖို႔ထက္ စိတ္ဓာတ္ပိုင္းေကာင္းဖို႔က ပိုအေရးႀကီးပါတယ္ဆိုတဲ့ အဲရစ္တန္ဟက္ဂ်္
|ကစားသမားေခၚယူတဲ့ေနရာမွာ စေကးေကာင္းဖို႔ထက္ စိတ္ဓာတ္ပိုင္းေကာင္းဖို႔က ပိုအေရးႀကီးပါတယ္ဆိုတဲ့ အဲရစ္တန္ဟက္ဂ်္
ပရီးမီးယားလိဂ္ နာမည္ႀကီးကလပ္ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ နည္းျပခ်ဳပ္ ျဖစ္သူ အဲရစ္ တန္ဟက္ဂ္က သူတို႔အသင္းဟာ ကစားသမားသစ္ေတြကို ေခၚရင္ ေျခစြမ္းထက္ စိတ္ဓာတ္ပိုင္းကိုသာ ပိုၾကည့္ၿပီး တာဝန္ယူလိုစိတ္ ရွိတဲ့ ကစားသမားေတြကိုသာ ေခၚေၾကာင္း ေနာက္ဆုံး ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ဖြင့္ဟ ေျပာၾကားသြားခဲ့ပါတယ္။ နယ္သာလန္လူမ်ိဳး ထိပ္သီးနည္းျပ တဦး ျဖစ္သူ အဲရစ္ တန္ဟက္ဂ္က ယခုႏွစ္ ရာသီအစကမွ ေအဂ်က္ ကေန မန္ခ်က္စတာ ယူႏိုက္တက္ထံ ေျပာင္းေ႐ႊ႕လာသူ ျဖစ္ၿပီး သူက ၿပီးခဲ့တဲ့ ေႏြေဈးကြက္ထဲမွာ အန္တိုနီ (ေတာင္ပံ) ၊ မာတီနက္ဇ္ (ဗဟိုခံစစ္) ၊ ကတ္စ္မဲ႐ိုး (ကြင္းလယ္ခံစစ္) ၊ မာလာစီယာ (ဘယ္ေနာက္ခံ)နဲ႔ အဲရစ္ဆင္ (ကြင္းလယ္) စတဲ့ ကစားသမားေတြကို ေခၚယူခဲ့ပါတယ္။
တန္ဟက္ဂ္ ေခၚယူခဲ့တဲ့ ကစားသမားေတြ အားလုံးက အခ်ိန္တို အတြင္းမွာ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ အဓိက ကစားသမားေတြ ျဖစ္လာခဲ့ၾကၿပီး မာတီနက္ဇ္ ၊ ကတ္စ္မဲ႐ိုးနဲ႔ အဲရစ္ဆင္တို႔ ဆိုရင္ ပြဲထြက္ခြင့္ တေနရာစာကိုပါ အပိုင္ သိမ္းႏိုင္ခဲ့ၾကပါတယ္။ ဒါ့အျပင္ တန္ဟက္ဂ္က ၿပီးခဲ့တဲ့ ေဆာင္းေဈးကြက္ အတြင္းမွာလည္း ဘတ္ဂ်က္ မရွိတဲ့ ၾကားထဲကေန ဗက္ဟို႔စ္ (တိုက္စစ္မႉး) ၊ ဆာဘစ္ဇာ (ကြင္းလယ္) စတဲ့ ကစားသမားေတြကို ရာသီဝက္အငွားေတြနဲ႔ ေခၚယူခဲ့ၿပီး အဆိုပါ ကစားသမား ႏွစ္ဦးစလုံးကလည္း အခ်ိန္တို အတြင္းမွာပဲ အသင္းနဲ႔ အံဝင္ေအာင္ ကစားႏိုင္ခဲ့သလို ေျခစြမ္းေကာင္းေတြပါ အသီးသီး ျပသထားႏိုင္ၾကပါတယ္။
ဒါေၾကာင့္ပဲ သတင္းေထာက္ေတြက တန္ဟက္ဂ္ရဲ႕လက္နဲ႔ ထိလိုက္တဲ့ ကစားသမားတိုင္း ေ႐ႊျဖစ္သြားတယ္လို႔ ခ်ီးက်ဴးေနၾကၿပီး တန္ဟက္ဂ္ကေတာ့ သူတို႔ဟာ ကစားသမားသစ္ တေယာက္ကို ေခၚတဲ့ အခါတိုင္း ေျခစြမ္းထက္ စိတ္ဓာတ္ပိုင္းကို ၾကည့္ကာ ေ႐ြးေလ့ ရွိတာေၾကာင့္ အခုလိုမ်ိဳး မွန္ကန္တဲ့ ကစားသမား ေခၚယူမႈေတြ လုပ္ေဆာင္ႏိုင္တာ ျဖစ္ေၾကာင္း ရွင္းျပသြားခဲ့ပါတယ္။
တန္ဟက္ဂ္က – “ကြၽန္ေတာ္တို႔ေတြ ၿပီးခဲ့တဲ့ ေႏြေဈးကြက္ထဲမွာ ကစားသမားသစ္ ရွာေဖြတဲ့အခါ စိတ္ဓာတ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္မႈ ရွိတဲ့ ကစားသမား ၊ တာဝန္ယူတတ္တဲ့ ကစားသမားေတြကိုပဲ ေ႐ြးခ်ယ္ ေခၚယူခဲ့ပါတယ္။ နည္းစနစ္ပိုင္းမွာ အရမ္း ကြၽမ္းက်င္တဲ့ ကစားသမားေတြ ၊ ေျပးအားေကာင္းေကာင္းနဲ႔ ေျပးႏိုင္တဲ့ ကစားသမားေတြ အမ်ားႀကီး ရွိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔က ဘာပဲျဖစ္ျဖစ္ ႀကံ့ႀကံ့ခံႏိုင္သလို အသင္းရဲ႕ တာဝန္ေတြကို ပခုံးထမ္းေပးႏိုင္မယ့္ ကစားသမားေတြကိုပဲ သေဘာက်ပါတယ္” လို႔ ထုတ္ေဖာ္ ေျပာၾကားသြားခဲ့တာပါ။
crd
unicode
ကစားသမားခေါ်ယူတဲ့နေရာမှာ စကေးကောင်းဖို့ထက် စိတ်ဓာတ်ပိုင်းကောင်းဖို့က ပိုအရေးကြီးပါတယ်ဆိုတဲ့ အဲရစ်တန်ဟက်ဂျ်
ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းဟာ ကစားသမားသစ်တွေကို ခေါ်ရင် ခြေစွမ်းထက် စိတ်ဓာတ်ပိုင်းကိုသာ ပိုကြည့်ပြီး တာဝန်ယူလိုစိတ် ရှိတဲ့ ကစားသမားတွေကိုသာ ခေါ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။
နယ်သာလန်လူမျိုး ထိပ်သီးနည်းပြ တဦး ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယခုနှစ် ရာသီအစကမှ အေဂျက် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ နွေဈေးကွက်ထဲမှာ အန်တိုနီ (တောင်ပံ) ၊ မာတီနက်ဇ် (ဗဟိုခံစစ်) ၊ ကတ်စ်မဲရိုး (ကွင်းလယ်ခံစစ်) ၊ မာလာစီယာ (ဘယ်နောက်ခံ)နဲ့ အဲရစ်ဆင် (ကွင်းလယ်) စတဲ့ ကစားသမားတွေကို ခေါ်ယူခဲ့ပါတယ်။
တန်ဟက်ဂ် ခေါ်ယူခဲ့တဲ့ ကစားသမားတွေ အားလုံးက အချိန်တို အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကစားသမားတွေ ဖြစ်လာခဲ့ကြပြီး မာတီနက်ဇ် ၊ ကတ်စ်မဲရိုးနဲ့ အဲရစ်ဆင်တို့ ဆိုရင် ပွဲထွက်ခွင့် တနေရာစာကိုပါ အပိုင် သိမ်းနိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် တန်ဟက်ဂ်က ပြီးခဲ့တဲ့ ဆောင်းဈေးကွက် အတွင်းမှာလည်း ဘတ်ဂျက် မရှိတဲ့ ကြားထဲကနေ ဗက်ဟို့စ် (တိုက်စစ်မှူး) ၊ ဆာဘစ်ဇာ (ကွင်းလယ်) စတဲ့ ကစားသမားတွေကို ရာသီဝက်အငှားတွေနဲ့ ခေါ်ယူခဲ့ပြီး အဆိုပါ ကစားသမား နှစ်ဦးစလုံးကလည်း အချိန်တို အတွင်းမှာပဲ အသင်းနဲ့ အံဝင်အောင် ကစားနိုင်ခဲ့သလို ခြေစွမ်းကောင်းတွေပါ အသီးသီး ပြသထားနိုင်ကြပါတယ်။
ဒါကြောင့်ပဲ သတင်းထောက်တွေက တန်ဟက်ဂ်ရဲ့လက်နဲ့ ထိလိုက်တဲ့ ကစားသမားတိုင်း ရွှေဖြစ်သွားတယ်လို့ ချီးကျူးနေကြပြီး တန်ဟက်ဂ်ကတော့ သူတို့ဟာ ကစားသမားသစ် တယောက်ကို ခေါ်တဲ့ အခါတိုင်း ခြေစွမ်းထက် စိတ်ဓာတ်ပိုင်းကို ကြည့်ကာ ရွေးလေ့ ရှိတာကြောင့် အခုလိုမျိုး မှန်ကန်တဲ့ ကစားသမား ခေါ်ယူမှုတွေ လုပ်ဆောင်နိုင်တာ ဖြစ်ကြောင်း ရှင်းပြသွားခဲ့ပါတယ်။
တန်ဟက်ဂ်က – “ကျွန်တော်တို့တွေ ပြီးခဲ့တဲ့ နွေဈေးကွက်ထဲမှာ ကစားသမားသစ် ရှာဖွေတဲ့အခါ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ရှိတဲ့ ကစားသမား ၊ တာဝန်ယူတတ်တဲ့ ကစားသမားတွေကိုပဲ ရွေးချယ် ခေါ်ယူခဲ့ပါတယ်။ နည်းစနစ်ပိုင်းမှာ အရမ်း ကျွမ်းကျင်တဲ့ ကစားသမားတွေ ၊ ပြေးအားကောင်းကောင်းနဲ့ ပြေးနိုင်တဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဘာပဲဖြစ်ဖြစ် ကြံ့ကြံ့ခံနိုင်သလို အသင်းရဲ့ တာဝန်တွေကို ပခုံးထမ်းပေးနိုင်မယ့် ကစားသမားတွေကိုပဲ သဘောကျပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။