crd
unicode
ကစားသမားဘဝအကောင်းဆုံးပုံစံရရှိနေတဲ့ ရက်ရှ်ဖို့ဒ်ရဲ့သွင်းဂိုးတွေမြစ်ဖျားခံရာ သရဲနီတစ်ဦးကို အထူးချီးကျူးလိုက်တဲ့ နည်းပြတန်ဟဂ်
မန်ယူနိုက်တက်နည်းပြ ကြီး တန်ဟတ်ကတော့ တိုက်စစ်မှုး ရက်ရှ်ဖို့ အနေနဲ့ အထူးတောက်ပပြီး ဂိုးတွေဆက်တိုက်သွင်းနေနိုင်တာက အသင်းဖော် ဘရူနိုဖာနန်ဒက်စ် ကြောင့်လို့ အခိုင်အမာဆိုသွားခဲ့ပါတယ်။ ကမ္ဘ္ဘာ့ဖလားအလွန် ယူနိုက်တက်ရဲ့ပြိုင်ပွဲတွေမှာ အတွဲအညီဆုံး တိုက်စစ်အတွဲကတော့ ဘရူနိုဖာနန်ဒက်စ်နဲ့ မားကပ်စ် ရပ်ဖို့ဒ် တို့ အတွဲပဲ ဖြစ်ပါလိမ့်မယ်။ ရပ်ဖိုဒ့်ရဲ့သွင်းဂိုးတွေက ဘရူနိုဖာနန်ဒက်စ်ရဲ့ဖန်တီးမှုတွေကနေ မြစ်ဖျားခံလာခဲ့တာက များပါတယ်။
မနေ့ညက လက်စတာကို အိမ်ကွင်းမှာ (၃-ဝ) နဲ့အနိုင်ကစားခဲ့တဲ့ပွဲမှာလည်း ရက်ဖိုဒ့်က ၂ ဂိုး သွင်းခဲ့သလို အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကလည်း ၂ ဂိုးဖန်းတီးပြီး ကိုယ်စီ ခြေစွမ်းပြခဲ့ကြ တာဖြစ်ပါတယ်။ ဘရူနိုဟာ လက်စတာနဲ့ပွဲမှာ ဂိုးဖန်တီးမှု ၂ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပြီးနောက် လက်ရှိရာသီ ပရီးမီးယားလိဂ်တစ်ပွဲတည်းမှာ သူ့ ထက်ပိုပြီး ဂိုးဖန်တီးမှုပြုလုပ်ထားနိုင်တာဆိုလို့ တပွဲတည်းမှာ ဖန်တီးမှု (၃)ကြိမ် ပြုလုပ်ထားတဲ့ လီဗာပူးလ်တိုက်စစ်မှုး ဖာမင်နို တစ်ဦးတည်းသာရှိပါတယ်။
ဒါ့အပြင် ဘရူနိုဖာနန်ဒက်စ် ဟာ မနေ့ညကပွဲမှာ အရေးပါတဲ့ပေးပို့မှု ၉ ကြိမ်အထိပြုလုပ်ထားနိုင်ခဲ့ပြီး ဒီစွမ်းဆောင်ရည်မှာ လက်ရှိရာသီ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ခုတည်းမှာ အရေးပါတဲ့ပေးပို့မှုအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ အခုတော့ မန်ယူနည်းပြကြီး ကိုယ်တိုင်က အသင်းကပ္ပတိန်ရဲ့ ခြေစွမ်းကို တခုတ်တရ ချီးမွမ်းခဲ့သလို ရက်ရှ်ဖို့ဒ်တယောက် သွင်းဂိုးတွေ ရရှိနေဖို့ဆိုရင် ဘရူနိုလို ကစားသမားမျိုး သေချာပေါက် လိုအပ်တယ်လို့ အခိုင်အမာဆိုခဲ့ပါတယ်။
တန်ဟတ်က “ဘရူနိုက အရမ်းကို တောက်ပခဲ့ပါတယ်။ ကွင်းအတွင်းမှာ အကောင်းဆုံး ကစားသမားပါပဲ။” ” သူက အလန်းစား ပေးပို့မှုတွေပြုလုပ်နိုင်ခဲ့သလို တဖက်အသင်းရဲ့ခံစစ်ကို ကျော်ပြီး ကောင်းမွန်တဲ့ ဖန်တီးမှု တွေ လုပ်နိုင်ခဲ့ပါတယ်။ ဒီအတွက် ကျနော် အရမ်းကို ကျေနပ်ခဲ့ရပါတယ်။ ရက်ရှီ တစ်ယောက် အခုလို ဂိုးတွေ ရဖို့ဆိုရင် ဘရူနိုလို ကစားသမားမျိုးတွေ လိုအပ်မှာ သေချာပါတယ်။” လို့ ဆိုခဲ့ပါတယ်။
crd