ကစားသမားဘဝရဲ႕ အေကာင္းဆုံးေျခစြမ္းေတြကို ပိုင္ဆိုင္ေနၿပီလို႔ ရက္ဖို႔ဒ္ကို ခ်ီးက်ဴးလိုက္တဲ့ ဗန္ပါစီ
|ကစားသမားဘဝရဲ႕ အေကာင္းဆုံးေျခစြမ္းေတြကို ပိုင္ဆိုင္ေနၿပီလို႔ ရက္ဖို႔ဒ္ကို ခ်ီးက်ဴးလိုက္တဲ့ ဗန္ပါစီ
ပရီးမီးယားလိဂ္ နာမည္ႀကီးကလပ္ေတြ ျဖစ္တဲ့ အာဆင္နယ္နဲ႔ မန္ခ်က္စတာ ယူႏိုက္တက္တို႔ရဲ႕ တိုက္စစ္မႉးေဟာင္း တဦး ျဖစ္သူ ေရာ္ဘင္ ဗန္ပါစီက ဒီရာသီမွာ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ ေျခစြမ္းေကာင္းေတြ ျပသထားႏိုင္တဲ့ တိုက္စစ္မႉး မားကပ္ ရက္ဖို႔ဒ္ဟာ သူ႔ဘဝရဲ႕ အေကာင္းဆုံးေျခစြမ္းကို ပိုင္ဆိုင္ေနၿပီလို႔ ခ်ီးက်ဴးစကား ေျပာၾကားသြားခဲ့ပါတယ္။
အသက္ ၂၅ႏွစ္ အ႐ြယ္ အဂၤလန္ လက္ေ႐ြးစင္ တိုက္စစ္မႉး မားကပ္ ရက္ဖို႔ဒ္က ဒီရာသီမွာ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ တိုက္စစ္ပိုင္းကို အေကာင္းဆုံး ဦးေဆာင္ထားႏိုင္သူ ျဖစ္ၿပီး သူက မန္ခ်က္စတာ ယူႏိုက္တက္ အတြက္ ၿပိဳင္ပြဲစုံမွာ ၃၄ပြဲ ပါဝင္ ကစားေပးထားရာ သြင္းဂိုး ၂၇ဂိုး သြင္းယူထားႏိုင္ကာ ဂိုးဖန္တီးမႈ ၉ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ မားကပ္ ရက္ဖို႔ဒ္က ဒီရာသီမွာ ပ်မ္းမွ် ဂိုးပါဝင္ပတ္သတ္မႈႏႈန္း ၁.၀၅ဂိုး ရွိေနတာေၾကာင့္ ဒီရာသီ စြမ္းေဆာင္ရည္ဟာ သူ႔ရဲ႕ ကစားသမား ဘဝ အေကာင္းဆုံး စြမ္းေဆာင္ရည္လို႔ ေျပာလို႔ ရၿပီး ရက္ဖို႔ဒ္က ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲ အၿပီးမွာ ေျခစြမ္းေတြ တဟုန္ထိုး တိုးတက္လာခဲ့တာ ျဖစ္ပါတယ္။
သူ႔ရဲ႕ ေျခစြမ္းေကာင္းေတြေၾကာင့္ပဲ မန္ခ်က္စတာ ယူႏိုက္တက္က ရက္ဖို႔ဒ္ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္ဖို႔ အစြမ္းကုန္ ႀကိဳးစားေနၿပီး ရက္ဖို႔ဒ္နဲ႔ မန္ခ်က္စတာ ယူႏိုက္တက္တို႔ရဲ႕ ၾကားထဲမွာ ရွိေနတဲ့ စာခ်ဳပ္ဟာ လာမယ့္ ေဘာလုံးရာသီ အကုန္မွာ ကုန္ဆုံးဖို႔ ရွိေနပါတယ္။ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ဂႏၲဝင္ တိုက္စစ္မႉး တဦး အျဖစ္ သတ္မွတ္ခံထားရသလို ရက္ဖို႔ဒ္နဲ႔ ယူႏိုက္တက္မွာ ေတြ႕ဆုံခဲ့ဖူးတဲ့ ဗန္ပါစီက ရက္ဖို႔ဒ္ တေယာက္ ဒီရာသီမွာ ေျခစြမ္းေကာင္းေတြ ျပသထားႏိုင္တာကို ၾကည့္ၿပီး သေဘာက်ေနကာ ရက္ဖို႔ဒ္ဟာ သူ႔ဘဝရဲ႕ အေကာင္းဆုံး စြမ္းေဆာင္ရည္ေတြကို ရေနၿပီလို႔လည္း သုံးသပ္သြားခဲ့ပါတယ္။
ဗန္ပါစီက – “ရက္ဖို႔ဒ္ဟာ အခုခ်ိန္မွာ သူ႔ဘဝရဲ႕ အေကာင္းဆုံးေျခစြမ္းကို ရေနတယ္လို႔ ေျပာရင္ မွားမယ္ မထင္ပါဘူး။ သူ႔ရဲ႕ ကစားပုံ ၊ ႀကံ့ခိုင္မႈ ၊ ပြဲတြင္း အာ႐ုံစူးစိုက္မႈ အရာအားလုံးက ထိပ္တန္းအဆင့္မွာ ရွိပါတယ္။ ၿပီးေတာ့ သူ႔ကို ၾကည့္ရတာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ပါပဲ။ သူက အခုခ်ိန္မွာ တာဝန္တခုကို စိတ္လိုလက္ရ လုပ္ေနတဲ့ ပုံစံမ်ိဳးပါ။ လူတိုင္းက ရက္ဖို႔ဒ္ ဘယ္ေလာက္ေကာင္းလဲ ဆိုတာကို အေစာႀကီးထဲက သိခဲ့ၾကပါတယ္။ ရက္ဖို႔ဒ္က ငယ္ငယ္ေလးနဲ႔ ေအာင္ျမင္လာတဲ့ ကစားသမား တဦးပါ။ အခုခ်ိန္မွာေတာ့ သူက နည္းျပနဲ အသင္းေဖာ္ေတြရဲ႕ အကူအညီေတြေၾကာင့္ ေနရာတိုင္းမွာ အေကာင္းဆုံး ျဖစ္ေနပါၿပီ” လို႔ ခ်ီးက်ဴးစကား ေျပာၾကားသြားခဲ့တာပဲ ျဖစ္ပါတယ္။
crd
unicode
ကစားသမားဘဝရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ပိုင်ဆိုင်နေပြီလို့ ရက်ဖို့ဒ်ကို ချီးကျူးလိုက်တဲ့ ဗန်ပါစီ
ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ ရော်ဘင် ဗန်ပါစီက ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ဟာ သူ့ဘဝရဲ့ အကောင်းဆုံးခြေစွမ်းကို ပိုင်ဆိုင်နေပြီလို့ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။
အသက် ၂၅နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်က ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းကို အကောင်းဆုံး ဦးဆောင်ထားနိုင်သူ ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၃၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၇ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၉ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ မားကပ် ရက်ဖို့ဒ်က ဒီရာသီမှာ ပျမ်းမျှ ဂိုးပါဝင်ပတ်သတ်မှုနှုန်း ၁.၀၅ဂိုး ရှိနေတာကြောင့် ဒီရာသီ စွမ်းဆောင်ရည်ဟာ သူ့ရဲ့ ကစားသမား ဘဝ အကောင်းဆုံး စွမ်းဆောင်ရည်လို့ ပြောလို့ ရပြီး ရက်ဖို့ဒ်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ ခြေစွမ်းတွေ တဟုန်ထိုး တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ရက်ဖို့ဒ်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပြီး ရက်ဖို့ဒ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ဟာ လာမယ့် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး အဖြစ် သတ်မှတ်ခံထားရသလို ရက်ဖို့ဒ်နဲ့ ယူနိုက်တက်မှာ တွေ့ဆုံခဲ့ဖူးတဲ့ ဗန်ပါစီက ရက်ဖို့ဒ် တယောက် ဒီရာသီမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကို ကြည့်ပြီး သဘောကျနေကာ ရက်ဖို့ဒ်ဟာ သူ့ဘဝရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ရနေပြီလို့လည်း သုံးသပ်သွားခဲ့ပါတယ်။
ဗန်ပါစီက – “ရက်ဖို့ဒ်ဟာ အခုချိန်မှာ သူ့ဘဝရဲ့ အကောင်းဆုံးခြေစွမ်းကို ရနေတယ်လို့ ပြောရင် မှားမယ် မထင်ပါဘူး။ သူ့ရဲ့ ကစားပုံ ၊ ကြံ့ခိုင်မှု ၊ ပွဲတွင်း အာရုံစူးစိုက်မှု အရာအားလုံးက ထိပ်တန်းအဆင့်မှာ ရှိပါတယ်။ ပြီးတော့ သူ့ကို ကြည့်ရတာ ပျော်ပျော်ရွှင်ရွှင်ပါပဲ။ သူက အခုချိန်မှာ တာဝန်တခုကို စိတ်လိုလက်ရ လုပ်နေတဲ့ ပုံစံမျိုးပါ။ လူတိုင်းက ရက်ဖို့ဒ် ဘယ်လောက်ကောင်းလဲ ဆိုတာကို အစောကြီးထဲက သိခဲ့ကြပါတယ်။ ရက်ဖို့ဒ်က ငယ်ငယ်လေးနဲ့ အောင်မြင်လာတဲ့ ကစားသမား တဦးပါ။ အခုချိန်မှာတော့ သူက နည်းပြနဲ အသင်းဖော်တွေရဲ့ အကူအညီတွေကြောင့် နေရာတိုင်းမှာ အကောင်းဆုံး ဖြစ်နေပါပြီ” လို့ ချီးကျူးစကား ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။