ကင္ဆာကစားသမား ေပါ့ဘာရဲ႕ေနရာကို အစားထိုးဖို႔ နီဂက္စ္ ေအာ္ပေရးရွင္း ကို စတင္လႈပ္ရွားေနၿပီျဖစ္တဲ့ ယူႏိုက္တက္

ကင္ဆာကစားသမား ေပါ့ဘာရဲ႕ေနရာကို အစားထိုးဖို႔ နီဂက္စ္ ေအာ္ပေရးရွင္း ကို စတင္လႈပ္ရွားေနၿပီျဖစ္တဲ့ ယူႏိုက္တက္

မန္ယူအသင္းသည္ အက္သလက္တီကိုမက္ဒရစ္ ကြင္းလယ္ကစားသမား နီဂက္စ္ကို ေခၚယူေရးႏွင့္ပတ္သက္ၿပီး စုံစမ္းမႈမ်ား ျပဳလုပ္ေနသည္။ အသက္ ၂၆ ႏွစ္အ႐ြယ္ နီဂက္စ္ကို မန္ယူက ေခၚယူလိုသည္မွာ ကာလအတန္ၾကာေနၿပီျဖစ္ေသာ္လည္း ၎၏ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၁၂၈ သန္းက အဓိကအတားအဆီး ျဖစ္ေနသည္။

သို႔ရာတြင္ အက္သလက္တီကိုမက္ဒရစ္အသင္းသည္ ေငြေၾကးအက်ပ္အတည္းဒဏ္ကို ပို၍ခံစားလာရၿပီး ကြင္းလယ္လူ နီဂက္စ္ကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၄၅ သန္းျဖင့္ ေရာင္းထုတ္ရန္ စီစဥ္လာရသည္။ မန္ယူက ကြင္းလယ္လူ ေပါ့ဂ္ဘာအား ပီအက္စ္ဂ်ီသို႔ လက္လႊတ္ရဖြယ္ရွိသျဖင့္ နီဂက္စ္ကို ေခၚယူလိုျခင္းျဖစ္သည္။ ထို႔အျပင္ ဝါရင့္ကြင္းလယ္ကစားသမားျဖစ္ေသာ မာတစ္ကိုလည္း အသင္းမွေရာင္းထုတ္ရန္ မန္ယူက စီစဥ္ေနသည္။

နီဂက္စ္သည္ အက္သလက္တီကိုမက္ဒရစ္တြင္ လစာအမ်ားဆုံးရရွိေသာ ကစားသမားတစ္ဦးျဖစ္ၿပီး ၂၀၂၆ အထိ စာခ်ဳပ္သက္တမ္းရွိသည္။ နီဂက္စ္ကို ဘာစီလိုနာႏွင့္ ဂ်ဴဗင္တပ္တို႔ကလည္း စိတ္ဝင္စားေနသည္။ ၎ကို ဘာဆာမွ ဂရိဇ္မန္းႏွင့္ အလဲအထပ္ျပဳလုပ္ရန္ ေဆြးေႏြးေသာ္လည္း လစာျပႆနာေၾကာင့္ ေအာင္ျမင္မႈမရရွိခဲ့ေခ်။ လီဗာပူးက နီဂက္စ္ကို ေခၚယူလိုေသာ္လည္း ရွိရင္းစြဲ ကစားသမားထဲမွ တစ္ဦးကို ေရာင္းထုတ္မွသာလွ်င္ ၎ကိုေခၚယူႏိုင္မည္ျဖစ္သည္။

ထို႔ေၾကာင့္ နီဂက္စ္ကိုေခၚယူလိုသည့္အသင္းမ်ားတြင္ မန္ယူက ေရွ႕ဆုံးမွ ဦးေဆာင္လ်က္ရွိသည္။ မန္ယူသည္ ညာအစြန္ခံစစ္မႉး ထရစ္ပီယာကို ေခၚယူေရးလည္း ေဆြးေႏြးေနၿပီး အက္သလက္တီကိုမက္ဒရစ္က အဆိုပါအေျပာင္းအေ႐ႊ႕ႏွစ္ခုကို သီးျခားစီ ညႇိႏႈိင္းလိုသည္။ မန္ယူသည္ ရိန္းနက္စ္အသင္းမွ ကာမာဗင္ဂါ၊ ဘိုင္ယန္မွ ေဂၚရက္စ္ကာတို႔ကိုလည္း ေခၚယူရန္ ပစ္မွတ္ထားေနသည္။
crd

Unicode
ကင်ဆာကစားသမား ပေါ့ဘာရဲ့နေရာကို အစားထိုးဖို့ နီဂက်စ် အော်ပရေးရှင်း ကို စတင်လှုပ်ရှားနေပြီဖြစ်တဲ့ ယူနိုက်တက်

မန်ယူအသင်းသည် အက်သလက်တီကိုမက်ဒရစ် ကွင်းလယ်ကစားသမား နီဂက်စ်ကို ခေါ်ယူရေးနှင့်ပတ်သက်ပြီး စုံစမ်းမှုများ ပြုလုပ်နေသည်။ အသက် ၂၆ နှစ်အရွယ် နီဂက်စ်ကို မန်ယူက ခေါ်ယူလိုသည်မှာ ကာလအတန်ကြာနေပြီဖြစ်သော်လည်း ၎င်း၏ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၂၈ သန်းက အဓိကအတားအဆီး ဖြစ်နေသည်။

သို့ရာတွင် အက်သလက်တီကိုမက်ဒရစ်အသင်းသည် ငွေကြေးအကျပ်အတည်းဒဏ်ကို ပို၍ခံစားလာရပြီး ကွင်းလယ်လူ နီဂက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းဖြင့် ရောင်းထုတ်ရန် စီစဉ်လာရသည်။ မန်ယူက ကွင်းလယ်လူ ပေါ့ဂ်ဘာအား ပီအက်စ်ဂျီသို့ လက်လွှတ်ရဖွယ်ရှိသဖြင့် နီဂက်စ်ကို ခေါ်ယူလိုခြင်းဖြစ်သည်။ ထို့အပြင် ဝါရင့်ကွင်းလယ်ကစားသမားဖြစ်သော မာတစ်ကိုလည်း အသင်းမှရောင်းထုတ်ရန် မန်ယူက စီစဉ်နေသည်။

နီဂက်စ်သည် အက်သလက်တီကိုမက်ဒရစ်တွင် လစာအများဆုံးရရှိသော ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၆ အထိ စာချုပ်သက်တမ်းရှိသည်။ နီဂက်စ်ကို ဘာစီလိုနာနှင့် ဂျူဗင်တပ်တို့ကလည်း စိတ်ဝင်စားနေသည်။ ၎င်းကို ဘာဆာမှ ဂရိဇ်မန်းနှင့် အလဲအထပ်ပြုလုပ်ရန် ဆွေးနွေးသော်လည်း လစာပြဿနာကြောင့် အောင်မြင်မှုမရရှိခဲ့ချေ။ လီဗာပူးက နီဂက်စ်ကို ခေါ်ယူလိုသော်လည်း ရှိရင်းစွဲ ကစားသမားထဲမှ တစ်ဦးကို ရောင်းထုတ်မှသာလျှင် ၎င်းကိုခေါ်ယူနိုင်မည်ဖြစ်သည်။

ထို့ကြောင့် နီဂက်စ်ကိုခေါ်ယူလိုသည့်အသင်းများတွင် မန်ယူက ရှေ့ဆုံးမှ ဦးဆောင်လျက်ရှိသည်။ မန်ယူသည် ညာအစွန်ခံစစ်မှူး ထရစ်ပီယာကို ခေါ်ယူရေးလည်း ဆွေးနွေးနေပြီး အက်သလက်တီကိုမက်ဒရစ်က အဆိုပါအပြောင်းအရွှေ့နှစ်ခုကို သီးခြားစီ ညှိနှိုင်းလိုသည်။ မန်ယူသည် ရိန်းနက်စ်အသင်းမှ ကာမာဗင်ဂါ၊ ဘိုင်ယန်မှ ဂေါ်ရက်စ်ကာတို့ကိုလည်း ခေါ်ယူရန် ပစ်မှတ်ထားနေသည်။
crd

Add a Comment

Your email address will not be published. Required fields are marked *